Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Friday, July 5, 2013
HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်
HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်
မြန်မာနိုင်ငံတွင် ဆေးဝါးလိုအပ်လျက်ရှိသည့် HIV ပိုးရှိသူ ၁၂၀၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ယခုနှစ်တွင် အသစ်ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အတိုင်း လိုက်နာလုပ်ဆောင် နိုင်ရန် ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ HIV ပိုးရှိသူများနှင့် နေထိုင်သူများ အသင်း (Myanmar Positive Group – MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
HIV ကူးစက်ခံထားရပြီး CD4 ကောင်ရေ ၅၀၀ အောက်သို့ ကျဆင်းနေသူတိုင်းကို ART (Antiretroviral Therapy) ကုထုံးဖြင့် ဆေးဝါးကုသမှုပေးရန် WHO က ဇွန်လ ၃၀ ရက်နေ့တွင် ၂၀၁၃ ခုနှစ် လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်လိုက်သည်။
မူလ ၂၀၁၀ ထုတ်ပြန်ချက် အရဆိုလျှင် CD4 ကောင်ရေ ၃၅၀ အောက်ရှိမှ ART ကုထုံးအတိုင်း ARV (Antiretroviral drugs) ဆေးများ ပေးရမည် ဖြစ်သည်။
“အခု မြန်မာနိုင်ငံမှာက WHO ရဲ့ ၂၀၁၀ လမ်းညွှန်ချက်ကိုပဲ အမျိုးသားအဆင့် လမ်းညွှန်ချက် ဆွဲပြီးလုပ်နေတုန်း ရှိသေး တယ်။ လက်ရှိ CD4 ၃၅၀ အောက်နဲ့ ART ပေးနေတာတောင် ဆေးဝါးလိုအပ်သူက တသိန်းနှစ်သောင်း သုံးထောင်ကျော် ရှိတယ်။ အခု လမ်းညွှန်ချက် အသစ်အတိုင်းဆိုရင် ဆေးလိုတဲ့သူတွေ ပိုတိုးလာမယ်။ အဲဒါကို ၂၀၁၅ – ၁၆ လောက်မှ အကောင်အထည် ဖော်နိုင်မယ်” ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်း ကျော်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။
HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှု အခြေအနေနှင့် ဖြစ်ပေါ်လာနေသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံအတွက် ရန်ပုံငွေများ တိုးမြှင့် ချထားပေးခဲ့သည့်အတွက် ယခုနှစ်တွင် အထူး ရန်ပုံငွေ အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားကြောင်း ဦးမျိုးသန့်အောင်က ပြောသည်။
WHO က ယခုထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အသစ် အတိုင်း CD4 ၅၀၀ အောက် ရှိသူတိုင်း ART ကုထုံး ခံယူနိုင်မည် ဆိုလျှင် HIV မှ AIDS အဆင့်အထိ ဖြစ်ပွားမှုနှုန်း လျော့ကျနိုင်ခြင်း၊ HIV ပိုးကြောင့် ကိုယ်ခံအား ကျဆင်းလာရာမှ တခြား အခွင့်အရေးယူ ရောဂါများ ကူးစက်ခံရမှု မရှိနိုင်တော့သဖြင့် ဆေးကုသစရိတ်များ လျော့ကျခြင်း၊ စောလျှင်စွာ ဆေးကုသမှု ရရှိသဖြင့် ဗိုင်းရပ်စ်များကို ထိန်းချုပ်နိုင်လာပြီး တခြားသူများအား ကူးစက်မှုနှုန်း လျော့ကျစေခြင်း စသည့် အားသာချက်များ ရရှိနိုင်ကြောင်း သိရသည်။
WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှုလုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။
UNAIDS မှ ၂၀၁၁ ခုနှစ်တွင် တွက်ချက် ထုတ်ပြန်ခဲ့သော စာရင်းဇယားများ အရဆိုလျှင် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၂၀၀၀၀ ခန့် ရှိကြောင်း သိရသည်။
Friday, February 15, 2013
ဟာသသရုပ်ဆောင်အနှပညာကြယ်တပွင့်လေလွင်ခြင်း
ဟာသသရုပ်ဆောင်လူရွှင်တော် မော့စ်သည် ယနေ့ (ဖေဖော်ဝါရီ ၁၃) နံနက် ၄ နာရီ မိနစ်၂၀ တွင် ရန်ကုန်မြို့၊ SSC ဆေးရုံ၌ ကွယ်လွန် သွားကြောင်း ၎င်း၏ သားငယ်က ပြောသည်။
ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ဟာသသရုပ်ဆောင် မော့စ်သည် အသည်းရောဂါဝေဒနာကို ခံစားနေရခြင်းကြောင့် လွန်ခဲ့သည့် ၂နှစ်ခန့်ကတည်းက အနုပညာလုပ်ငန်းများမှလုံးဝအနားယူခဲ့ရသည်။
သို့ သော် ယခုကွယ်လွန်ခြင်းမှာ အဆုတ်ထဲရေ၀င်ရာမှအသက်ရှူမ၀ဖြစ်ကာ ရုတ်တရက် ကျန်းမာရေးအခြေအနေဆိုးရွားသွား ခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ သားငယ်ကပြောသည်။
ဆေးကုသမှုခံယူနေစဉ် “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့ပြီး နှစ်လနီးပါးအကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
“မနေ့က ရုတ်တရက်ကြီးအသက်ရှူမ၀သလိုဖြစ်လာလို့ ဆေးရုံတင်လိုက်တာ။ အဆုတ်ထဲရေ၀င်နေတာလို့ သိရတယ်။ ဆုံးတာကတော့ အဆုတ်ကြောင့်ပါ” ဟု ၎င်း၏ သားငယ်က ပြောသည်။
အကယ်ဒမီဆုရရှိပြီး ရက်ပိုင်းကလည်း ကွယ်လွန်သည့်သတင်းများထွက်ပေါ်ခဲ့ပြီး “မော့စ်မသေသေးပါဘူး။ အိမ်မှာ အေးအေးဆေးဆေးပါပဲ” ဟု အဆိုပါ ကောလာဟလသတင်းများကို ယင်းအချိန်က ဖြေကြားခဲ့သည်။
အကယ်ဒမီဆုရရှိခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို ဇန်န၀ါရီလလယ်ပိုင်းက ကျင်းပသည့်သတင်းများဖြင့် ပရိသတ်ရှေ့မှောက်ရောက်ရှိခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
စွယ်စုံရဟာသသရုပ်ဆောင် မော့စ်ကွယ်လွန်ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်းဆောင်ရည်ပြည့်ဝတဲ့ အနုပညာရှင်လောကသားတစ်ဦး ဆုံးရှုံးတာဟာ ရုပ်ရှင်လောကအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါ။ ကျွန်တော့်ရဲ့ပုဂ္ဂလိကခံစားချက်အရဆိုရင်တော့ ကိုယ့်ညီအစ်ကိုရင်းဆွေးမျိုးရင်းတစ်ယောက် ဆုံးသွားသလိုခံစားရတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဂျပန်ကမြန်မာသံရုံးမှာ ပြဇာတ်ကတော့ ပြဇာတ်ပြက်လုံးခွင်တွေကအစ ညီအစ်ကိုစိတ်ဓာတ်နဲ့ သူများနိုင်ငံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်တော့မှမမေ့နိုင်တဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရပါ” ဟု ပြောသည်။
“ကျွန်တော်တို့တိုက်က ဇာတ်ကားနဲ့ အကယ်ဒမီရသွားတဲ့ ကိုမော့စ်အတွက်တော့ အမှတ်တရတစ်ခုပေါ့နော်။ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ၀မ်းနည်းမိတယ်” ဟု မန္တလေးရှိ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးဇော်မြင့်ကပြောသည်။
၁၉၈၀ ကျော်နှစ်များတွင် မိုးဒီ၊ မော့စ် ဟူသည့် ဟာသသရုပ်ဆောင်အတွဲမှာ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌အငြိမ့်တစ်ခေတ်ကောင်းချိန်က အငြိမ့်ခွေလောကတွင်
လည်းသူတို့နှစ်ဦးမှာ အလွန်အောင်မြင်ထင်ရှားခဲ့သည်။ ဖလင်များရှားပါးပြီး ဗီဒီယိုခေတ်ဖြစ်လာချိန်တွင်လည်း ၎င်းတို့အတွဲမှာ အတိုင်အဖောက်ညီသော ဟာသပြက်လုံးများကြောင့် လူကြိုက်များခဲ့သည်။
ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် မော့စ်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ပို့ဆောင်သင်္ဂြီုဟ်မည်ဖြစ်ကြောင်း သိရသည်။
Photo: ဟာသသရုပ်ဆောင်လူရွှင်တော် မော့စ်သည် ယနေ့ (ဖေဖော်ဝါရီ ၁၃) နံနက် ၄ နာရီ မိနစ်၂၀ တွင် ရန်ကုန်မြို့၊ SSC ဆေးရုံ၌ ကွယ်လွန် သွားကြောင်း ၎င်း၏ သားငယ်က ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ဟာသသရုပ်ဆောင် မော့စ်သည် အသည်းရောဂါဝေဒနာကို ခံစားနေရခြင်းကြောင့် လွန်ခဲ့သည့် ၂နှစ်ခန့်ကတည်းက အနုပညာလုပ်ငန်းများမှလုံးဝအနားယူခဲ့ရသည်။ သို့ သော် ယခုကွယ်လွန်ခြင်းမှာ အဆုတ်ထဲရေ၀င်ရာမှအသက်ရှူမ၀ဖြစ်ကာ ရုတ်တရက် ကျန်းမာရေးအခြေအနေဆိုးရွားသွား ခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ သားငယ်ကပြောသည်။ ဆေးကုသမှုခံယူနေစဉ် “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့ပြီး နှစ်လနီးပါးအကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ “မနေ့က ရုတ်တရက်ကြီးအသက်ရှူမ၀သလိုဖြစ်လာလို့ ဆေးရုံတင်လိုက်တာ။ အဆုတ်ထဲရေ၀င်နေတာလို့ သိရတယ်။ ဆုံးတာကတော့ အဆုတ်ကြောင့်ပါ” ဟု ၎င်း၏ သားငယ်က ပြောသည်။ အကယ်ဒမီဆုရရှိပြီး ရက်ပိုင်းကလည်း ကွယ်လွန်သည့်သတင်းများထွက်ပေါ်ခဲ့ပြီး “မော့စ်မသေသေးပါဘူး။ အိမ်မှာ အေးအေးဆေးဆေးပါပဲ” ဟု အဆိုပါ ကောလာဟလသတင်းများကို ယင်းအချိန်က ဖြေကြားခဲ့သည်။ အကယ်ဒမီဆုရရှိခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို ဇန်န၀ါရီလလယ်ပိုင်းက ကျင်းပသည့်သတင်းများဖြင့် ပရိသတ်ရှေ့မှောက်ရောက်ရှိခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။ စွယ်စုံရဟာသသရုပ်ဆောင် မော့စ်ကွယ်လွန်ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်းဆောင်ရည်ပြည့်ဝတဲ့ အနုပညာရှင်လောကသားတစ်ဦး ဆုံးရှုံးတာဟာ ရုပ်ရှင်လောကအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါ။ ကျွန်တော့်ရဲ့ပုဂ္ဂလိကခံစားချက်အရဆိုရင်တော့ ကိုယ့်ညီအစ်ကိုရင်းဆွေးမျိုးရင်းတစ်ယောက် ဆုံးသွားသလိုခံစားရတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဂျပန်ကမြန်မာသံရုံးမှာ ပြဇာတ်ကတော့ ပြဇာတ်ပြက်လုံးခွင်တွေကအစ ညီအစ်ကိုစိတ်ဓာတ်နဲ့ သူများနိုင်ငံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်တော့မှမမေ့နိုင်တဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရပါ” ဟု ပြောသည်။ “ကျွန်တော်တို့တိုက်က ဇာတ်ကားနဲ့ အကယ်ဒမီရသွားတဲ့ ကိုမော့စ်အတွက်တော့ အမှတ်တရတစ်ခုပေါ့နော်။ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ၀မ်းနည်းမိတယ်” ဟု မန္တလေးရှိ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးဇော်မြင့်ကပြောသည်။ ၁၉၈၀ ကျော်နှစ်များတွင် မိုးဒီ၊ မော့စ် ဟူသည့် ဟာသသရုပ်ဆောင်အတွဲမှာ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌အငြိမ့်တစ်ခေတ်ကောင်းချိန်က အငြိမ့်ခွေလောကတွင် လည်းသူတို့နှစ်ဦးမှာ အလွန်အောင်မြင်ထင်ရှားခဲ့သည်။ ဖလင်များရှားပါးပြီး ဗီဒီယိုခေတ်ဖြစ်လာချိန်တွင်လည်း ၎င်းတို့အတွဲမှာ အတိုင်အဖောက်ညီသော ဟာသပြက်လုံးများကြောင့် လူကြိုက်များခဲ့သည်။ ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် မော့စ်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ပို့ဆောင်သင်္ဂြီုဟ်မည်ဖြစ်ကြောင်း သိရသည်။
Thursday, June 7, 2012
iphone ကို ကျော်ဖြတ်သွားနိုင်တဲ့ Samsung

တောင်ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထုတ်လုပ်လိုက်တဲ့ Galaxy S3 စမတ်ဖုန်းဟာ ၂၀၁၂ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး iphone ကိုကျော်လွှားနိုင်ခဲ့ပါတယ်။
အဆိုပါ စမတ်ဖုန်းကို မေလကုန်တဲ့အထိ အလုံးပေါင်း ၉ သန်းကျော် ရောင်းချပေးရန်အတွက် အမှာစာများကိုလဲ Samsung ကုမ္ပဏီက လက်ခံ ရရှိထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်းကမှာ ထုတ်လုပ်ခဲ့တဲ့ Android ပါဝါသုံး Galaxy S3 ဟာ ကမ္ဘာ့ အရောင်းရဆုံးလည်း ဖြစ်ခဲ့ပြီး နောက်ပိုင်း sumsung ဟာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်းအရောင်းရဆုံး ကုမ္မဏီကြီး တစ်ခုလည်းဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ လ အနည်းငယ်က S3 ကို ရောင်းချခဲ့ရာမှာ စုစုပေါင်း အလုံးရေ ၁၀ သန်းထိ ရောင်းချနိုင်ခဲ့ပါတယ်။
Samsung ကုမ္ပဏီ ဟာ ကမ္ဘာအကြီးဆုံး စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့ Apple ကို ကျော်တက်သွားနိုင်ခဲ့ပါ တယ်တဲ့။
S3 စမတ်ဖုန်းဟာ Samsung ကုမ္မဏီကနေ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ အမျိုးအစားတစ်ခုလဲ ဖြစ်ပါတယ်။ sumsung galaxy S3 ကိုအဖြူရောင်နဲ့ အပြာရောင် နှစ်မျိုးကိုသာ ထုတ်လုပ်ထားပါတယ်။
ရုပ်သံကြည်လင် ပြတ်သားမှုမှာ Apple ကနေ ထုတ်လုပ်ထားတဲ့ iphone ထက်ကို ကောင်းပါသတဲ့။ S3 မှာ Android ဆော့ဝဲလ် အမျိုးအစားကို အသုံးပြု ထားပါတယ်။
အွန်လိုင်းနည်းပညာ သတင်စာမျက်နှာတွင် မေလ ၂၂ ရက်နေ့ ကဖော်ပြထားပါတယ်။
ယခုအချိန်မှာတော့ ကမ္ဘာထိပ်သီး Apple ကို ကျော်ဖြတ်နိုင်တဲ့ လူကြိုက် အများဆုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်
တသောင်းတန် ငွေစက္ကူအသစ်။
မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅
၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို ငွေစက္ကူသစ်
ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့
စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ
ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့
ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
"ဇွန်လ ၁၅ ရက်နေ့ပါ။ ဗဟိုဘဏ်တွေကို လောလောဆယ် မရောက်သေးပါဘူး။ ဒီကြားထဲမှာပဲ ရောက်လာပြီးတော့၊ ဒီကြားထဲမှာပဲ ကျနော်တို့က သူ့ ရက်အမှီ ဖြန့်ဖို့ စီစဉ်ပါတယ်။"
အခု ငွေစက္ကူသစ် ထွက်မယ်ဆိုတဲ့ အတွက် နိုင်ငံမှာ ငွေကြေး ဖောင်းပွမှုတွေဖြစ်လာနိုင်စရာ မရှိသလို ငွေကြေး ဖောင်းပွမှု ပြသနာမျိုးတွေလည်း မဖြစ်ရအောင် အစိုးရက စီစဉ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
"ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မက်ကရို (Micro) စီးပွားရေး အခြေအနေတွေအရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီ ဖောင်းပွမှုအပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (ပေါ်လစီမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့က ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။"
ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော် ပြောပြခဲ့တာပါ။
အခု ကျပ်တစ်သောင်းတန် ငွေစက္ကူ မတိုင်ခင် မြန်မာနိုင်ငံမှာ ကျပ် ငါးထောင်တန် (၅၀၀၀) တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရက အကြီးဆုံး ကျပ်ငါးထောင်တန် ငွေစက္ကူတွေကို ထိန်းထိန်းသိမ်းသိမ်း ထုတ်ဝေခဲ့တဲ့ပုံစံကို နမူနာယူပြီး
အခု ကျပ်တစ်သောင်းတန်ကို ဖြန့်ချိ သွားမယ်ဆိုရင် နိုင်ငံထဲမှာ ငွေကြေးဖောင်းပွလာမယ့် ပြသနာကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ပါတယ်။
"ကျနော်တို့ ငါးထောင်တန် ထုတ်လိုက်တုန်းက ထုတ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အလုံးအရင်းနဲ့ ထွက်လာတာ မဟုတ်ပဲနဲ့ တဖြည်း တဖြည်း ထွက်လာလိုက်ပါတယ်။ ထွက်လာတော့ အဲဒီဟာကို သူတို့ နမူနာ ယူပြီးတော့ အခု ဒီဟာကိုလည်း အဲဒီလို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူက ဟို Inflation (ငွေကြေး ဖောင်းပွမှု) ကို ချက်ချင်းကြီး ဖြစ်လာနိုင်စရာ မရှိအောင် သူတို့ ငွေကို ထုတ်ပါလိမ့်မယ်လို့ ဒီလိုထင်ပါတယ် ကျနော်တော့လေ။ ဘာလို့လည်းဆိုတော့ သူတို့လည်း အတွေ့အကြုံ ရှိပြီးသား ဆိုတော့လေ ဆိုလိုတာက အရင့် အရင် လုပ်ခဲ့တော့ ချက်ချင်းပဲ တုန့်ပြန်မှုတွေ ဖြစ်လာတယ်၊ အဲဒါကို သူတို့ အတွေ့အကြုံ ရှိကြပါတယ်။ အဲဒီတော့ ဒီအတွေ့အကြုံကို သူတို့ ယူပြီးတော့ လုပ်ရင်တော့ ဆိုးဆိုး ရွားရွား ဖြစ်လာနိုင်စရာတော့ အကြောင်း မရှိလောက်ဘူးလို့ ကျနော်တော့ ဒီလို ယူဆမိပါတယ်။"
လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြသနာဟာ သိပ်ပြီး ကြီးကြီးမားမား မရှိဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်မို့ အလွန်အကျွံ မဟုတ်ပဲနဲ့ ငွေကြေးဖောင်းပွမှု အနည်းငယ် ဖြစ်လာမယ် ဆိုရင်တောင် စီးပွားရေးလုပ်ငန်း တချို့အတွက် အကျိုးရှိလာနိုင်စရာတောင် ရှိတယ်လို့လည်း ဦးလေးညွန့်က သူအမြင်ကို ပြောပြပါတယ်။
"အခု အခြေအနေကတော့ ကျနော်တို့က ငွေကြေး ဖောင်းပွမှု အတော် နဲနေပါတယ်။ နဲနေပါတယ်ဆိုတာ အဓိက Commodities (စားသုံးကုန်) တွေဖြစ်တဲ့ ဥပမာ ဆန်တို့၊ ဆီတို့ စတဲ့ မီးဖိုချောင်သုံး သီးနှံ အချို့ကလွဲရင်ပေါ့လေ၊ အချို့ကဆိုတာ ဆန်ဆိုရင် အောက်ဈေးပါ။ တကယ် ဖြစ်နေတဲ့ ဆန်ဈေးနဲ့က ဆန်ဈေးက နိမ့်နေပါတယ်။ အဲဒီတော့ လယ်သမားကလဲ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်တဲ့ဟာမျိုးပေါ့။ ကျနော့် အမြင်တော့ Inflation ဖြစ်လာပြီးတော့များ Demand တက်လာမယ် ဆိုရင်တော့ ကောင်းတဲ့ အလားအလာလို့ ကျနော်က ဒီလို ယူဆမိပါတယ်။ ဟို တဖက်ကလည်း ပြောကြပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ Inflation ရှိနေတယ်။ အဲဒီတော့ ရှိတာလည်း မှန်ပါတယ်။ ဒီ တသောင်းတန်စက္ကူ ထွက်လို့များ မထိန်းပဲနဲ့ ထုတ်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် ထိန်းပြီးတော့များ အခု ငါးထောင်တန်
လုပ်သလိုမျိုး ထိန်းပြီးတော့ အလွန်အမင်း ငွေကြေး ဖောင်းပွတာ၊ ရုတ်တရက် Hyperinflation မဖြစ်အောင် ထိန်းထားနိုင်တယ် ဆိုရင်တော့ အကျိုးတခု ရလာလိမ့်မယ်လို့ ဒီလို ယူဆနိုင်ပါတယ်။"
စီးပွားရေးပညာရှင် ဦးလေးညွန့်က သုံးသပ်ခဲ့တာပါ။
အခုထုတ်ဝေမယ့် ငွေစက္ကူ တစ်သောင်းတန် အသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပြီး အပြာရောင်ပေါ်လွင်တဲ့ ငွေစက္ကူ ဖြစ်တယ်လို့ ဖော်ပြထားပြီးတော့ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အကြွေတွေဟာလည်း တရားဝင် နိုင်ငံမှာ ဆက်လက်သုံးစွဲခွင့် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Wednesday, May 23, 2012
ကမ္ဘာဈေးအကြီးဆုံးခွေး
အံ့သြဖွယ်ရာ၊ ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ၁.၅၄၈၅သန်း ) ရှိမယ်ဆိုရင် သင့်ကို တန်ဖိုးအကြီးဆုံး သတ္တ၀ါတစ်ကောင် ပို့ပေးပါလိမ့်မယ်။ အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)နဲ့ဝယ်ယူခြင်းခံရလို့ တန်ဖိုးအကြီးဆုံး ဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်သွားပါပြီ။ တရုတ်နိုင်ငံမြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိပြီး ကြက်သား၊ အမဲသားအပါအ၀င်၊ တန်ဖိုးကြီသည့်တရုတ်ရိုးရာအစားအစာ များဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်ကတော့ယခုလို သန်းကြွယ်သူဌေးပိုင်တာ ကံကောင်းတယ်လို့ ပြောရမလားပဲ။

တိဘက်ခွေးဘီလူးများဟာ ကိုယ်အလေးချိန် ၂၈၆ ပေါင် ( ရပ်ဘီကစားသမားတစ်ယောက်ရဲ့ ကိုယ်အလေး
ချိန်နီးပါး ) အထိရှိလာနိုင်တာမို့ သူ့ ရဲ့ ပိုင်ရှင်ကတော့ အိမ်ကြီးကြီးတစ်လုံးလည်း လိုအပ်မှာအမှန်ပါပဲ...
၁၁ လသားရှိသည့် ထိုခွေးဘီလူးဟာ ချွတ်ယွင်းချက်မရှိသည့် အကောင်းဆုံးမျိုးဖြစ်တာမို့ သူ့ အတွက် ယခု
လောက်ငွေကုန်ကြေးကျခံပြီး ၀ယ်ယူခြင်းဟာ လုံးဝတန်ပါတယ်လို့ ခွေးမျိုးစပ်ရောင်းသူ လူလျန်း ရဲ့ အဆို
အရသိရပါတယ်....

ဒီခွေးကို ပြုစုစောင့်ရှောက်ဖို့ ၀န်ထမ်းတွေအများကြီးခန့် ရ၊ လစာငွေတွေအများကြီးပေးရပါတယ်....
ပိုင်ရှင်အနေနှင့် ထို ပိုက်ဆံကြီးကို ခွေးအမတစ်ကောင်နှင့်မျိုးစပ်ပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၅၀၀၀ ရ
ရှိတောင်းယူနိုင်မှာဖြစ်ပါတယ်... " လို့ မျိုးစပ်ရောင်းသူ ကဆိုပါတယ်...ဒါက ချမ်းသာတဲ့သူတွေမှ ဖြုန်းနိုင်တဲ့သဘောပေါ့။
အနီရောင်ဟာ တရုတ်လူမျိုးများရဲ့ ကံကောင်းခြင်းဖြစ်လို့ ဒီလိုခွေးကိုပိုင်ဆိုင်ရင် ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တယ်လို့ အယုံကြည်ရှိကြပါတယ်။
ခွေးများဟာ လူအဖြစ်ပြန်ဝင်စားနိုင်ဖို့ သို့ တည်းမဟုတ် ရှန်ဘားလားဟုခေါ်သည့် ကောင်းကင်ဘုံ၊နတ်နန်း
သို့ ရောက်ရှိနိုင်ရန် ကုသိုလ်ကံအလုံအလောက်မရှိသေးသသည့် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏၀ိဥာဉ်များ ပြန်ဝင်စားကြသည်ဟု တိဘက်များကယုံကြည်ကြပါတယ်...
အဆိုပါတိဘက်ခွေးဘီလူးများကိုပိုင်ဆိုင်ခဲ့ ကြသူများတွင် ၀ိတိုရိယဘုရင်မကြီး၊ စတုတ္တမြောက်ဂျော့ ဘုရင်
နှင့် အနောက်ဥရောပကိုအောင်နိုင်စေရန်အတွက် (ချီတက်ခဲ့ စဉ်) ၎င်း၏စစ်တပ်နှင့် အတူ ခွေးပေါင်း ၃၀၀၀၀ ကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ သည့် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် လည်း ပါဝင်ပါတယ်...
ယခုအခါတွင်ဗြိတိန်နိုင်ငံ၌ တိဘက်ခွေးဘီလူးပေါင်း အကောင် ၃၀၀ ခန့် သာရှိပြီး ခွေးသားပေါက်လေးများ
အား တစ်ကောင်လျှင် ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ကျော်အထိ သင့် တင့် မျှတသော နှုံးထားဖြင့် ရောင်းချနေ
ကြပါတယ်...

မြန်မာငွေနဲ့ဆိုရင်တော့ ..ဟဲဟဲ မပြောရဲတော့ပါဘူးနော်။ အဲဒီအဖျားတောင် မချမ်းသာလို့။

တိဘက်ခွေးဘီလူး သားဖေါက်ရေဂျိန်းစ်ပယ်လီကတော့ " ထိုခွေးဘီလူးများဟာ အလွန်တတ်သိလိမ္မာကြပြီး ဘေး
အန္တရယ်များကျရောက်မှာကိုလည်း အလွန်တိကျစွာ အာရုံခံသိရှိနိုင်ကြပါတယ်...
တိဘက်ခွေးဘီလူးများကို မူလက ကျွဲ၊နွား၊သိုး၊ဆိတ် မွေးမြူရေးတိ၇ိစ္ဆာန်များအားထိန်းကျောင်းရန်အသုံးပြု
ခဲ့ ကြပြီး သူတို့ ဟာတစ်ခြားသောတိရိစ္ဆာန်များနှင့် လည်း သင့် မြတ်ကာ ကလေးများကိုလည်း ချစ်ခင်တွယ်
တာတတ်ကြပါတယ်...
ကျွန်တော့ မှာ ခြောက်ကောင်ရှိပြီး သူတို့ ကိုချစ်ကြောင်းမပြယင်၊ ဂရုမစိုက်ပဲနေယင် တီဗီရှေ့ မှာသာ သွား
ထိုင်နေကြတော့ တာပါပဲ..." လို့ ပြောပြခဲ့ ပါတယ်...
ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေးဘွဲ့ ကို ယခင်နှစ်က ပေါင်စတာလင် ၉၁၅၀၀၀ ( ဒေါ်
လာ ၁၄၉၉၃၅၉ နီးပါး) တန်ဖိုးရှိသည့် ခြင်္သေ့ နီ ဟုအမည်ရသည့် တိဘက်ခွေးဘီလူးက ပိုင်ဆိုင်ရရှိခဲ့ ပါ
တယ်...ခုတော့ သူက စံချိန်ချိုးသွားပြီတဲ့။ ဘယ်လိုလဲ.... ၀ယ်ချင်ရင်ထီထိုးကြနော့။

Saturday, May 19, 2012
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
Browse › Home › မြန်မာ့သတင်း » ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုချီး မြှင့်မဲ့အခမ်းအနားကိုတက်ရောက်နိုင်ဘို့
မြန်မာ့ဒီမိုကရေစီခေါင်းဆော င်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန် လ၁၅ရက်မှာနော်ဝေးနိုင်ငံရော က်ရှိ
မှာဖြစ်ကြောင်းနော်ဝေးသံတမန်သတင်းရပ်ကွက်ကတဆင့်စုံစမ်း သိရှိရပါတယ်။
အနှစ်(၂၀)ကျော်အတွင်းပထမဆုံးအကြိမ်ပြည်ပခရီးစဉ်အဖြစ်ဇွ န်လ(၁၄)ရက်နေ့မြန်မာနိုင်ငံ မှ
စတင်ထွက်ခွါလာမှာဖြစ်ပြီးနော်ဝေးနိုင်ငံမှာ၎ရက်ကြာနေထိုင်ပြီးနောက်အိုင်ယာလန်၊အင်္ဂ လန်ကို
ခရီးထပ်ဆက်မယ်လို့သိရပါတယ်။
“အော်စလိုကို၊ဇွန်လ၁၅ရက်နေ့ ရောက်မယ်၊သူနဲ့လိုက်ပါလာတဲ့ NLD
အဖွဲ့ဝင်တချို့နဲ့အတူနော်ဝေးပါလီမန်ကိုလည်းလေ့လာမယ်၊မြ န်မာနိုင်ငံသားတွေနဲ့လည်းတွေ့မယ်၊
၁၇ရက်နေ့နိုဘယ်ငြိမ်းချမ်းေ ရးဆုချီးမြှင့်မဲ့အခမ်းအနား ကျင်းပပြီး၊ဆုလက်ခံမဲ့မြို့ တော်ခမ်းမရှေ့မှာ
နော်ဝေးပြည်သူတွေနဲ့တွေ့ဆုံ တဲ့အခမ်းအနားတခုထပ်လုပ်မဲ့အ စီအစဉ်လည်းရှိပါတယ်” လို့အမည်မဖော်လိုတဲ့နော်ဝေး သံတမန်တယောက်ကပြောပါတယ်။
မကြာသေးခင်သီတင်းပတ်ကဘဲ၊နို င်ငံကူးလက်မှတ်လက်ဝယ်ရရှိပြီဖြစ်တဲ့၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၈)ရက်နေ့အိုင်ယာလန်ကိုခရီး
ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက်မွေးနေ့ကိုအင်္ဂလန်နိုင်ငံမှာကျင်းပမှာဖြစ်တယ်လို့သိရပါ တယ်။
လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ့ အထိ နော်ဝေးနိုင်ငံဝန်ကြီးချုပ် ဟောင်း
မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်အပါအ ပါအ၀င်
ဝန်ကြီးတချို့နဲ့တနာရီကြာတွေ့ဆုံဆွေးနွေးခဲ့သလိုဒေါ်အော င်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံ ပြီး
နော်ဝေးနိုင်ငံခရီးစဉ်ကိစ္စု အပြီးသပ်ဆွေးနွေးခဲ့တယ်လို့ လည်းသိရပါတယ်။ မစ္စတာဘိုန်ဒယ်ဗစ်
ရဲ့ရန်ကုန်ခရီးစဉ်အတွင်း၊NL Dအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့၊၈လေးလုံးမျိုးဆက်ကျောင်း သားတွေ၊
အပါအ၀င်နိုင်ငံရေးပါတီ၊တိုင်းရင်းသားခေါင်းဆောင်တချို့ နဲ့၊လူမှုရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတချို့နဲ့လည်းတွေ့ ဆုံခဲ့ကြောင်းသိရပါတယ်။
၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချ မ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အော င်ဆန်းစုကြည်ရဲ့၊နော်ဝေးနို င်ငံခရီးစဉ်၊
အသေးစိတ်ကိုဆွေးနွေးတိုင်ပင်နိုင်ဘို့အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဦးခွန်သာမြင့်ဟာ
အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ့ ကြိုတင်ရောက်ရှိမယ်လို့လည်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက်ကြာနော်ဝေးနိုင်ငံခရီးစဉ်အ တွင်းသူ့ကိ၊ုတိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆုချီးမြှင့်ခဲ့တဲ့နော်ဝေးနိုင်ငံရဲ့ဒုတိ ယမြို့တော် ဘာဂင် မြို့ကိုသွားရောက်ပြီ်းရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိတ့ဲအပြင်၊
စတာဘန်ဂါမြို့ကိုလည်းသွားရောက်ပြီးစတာဘန်ဂါတက္ကသိုလ်ကချီးမြှင့်မဲ့ဂုဏ်ထူးဆောင်
ဆုရယူဘို့လည်းရှိတယ်လို့သိရ ပါတယ်။
နော်ဝေးနိုင်ငံဟာမြန်မာနိုင်ငံနဲ့၊ထဲထဲဝင်ဝင်ဆက်ဆံနေသလိုလွန်ခဲ့တဲ့လကစီးပွားရေး
ပိတ်ဆို့မှုတွေကိုရုတ်သိမ်းေ ပးပြီးနောက်၊မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လွှတ်တော်
ကိုယ်စားလှယ်များတသုတ်ပြီးတ သုတ်လေ့လာရေးခရီးအလည်အပတ်ရောက်လာကြ
တာကိုတွေ့ရပါတယ်။
ယခ္ခုရက်ပိုင်းအတွင်းပြည်သူ့ လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့ အဖွဲ့၊တိုင်းရင်းသားလွှတ
်တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော်ကိုယ်စားလှယ်တ ချို့နော်ဝေး
ပါလီမန်ကိုလာရောက်လေ့လာနေသလို၊လာမဲ့ဇွန်လ(၁၈)ရက်နေ့မှာ ပြည်ပစီးပွားရင်း
နှီးမြှပ်နှံမှုဥက္ကဌ၊စက်မှုဝန်ကြီးဗိုလ်ချုပ်စိုးသိန်းနဲ့ ဝန်ကြီး(၉)ဦးပါအဖွဲ့လည်းေ န်ာဝေးနိုင်င
ံကိုလာရောက်လည်ပတ်မဲ့အစီအစဥ်ရှိတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ေ ၀းနိုင်ငံခရီးစဉ်ကိုဥရောပရောက်မြန်မာများကလည်း
စိတ်ဝင်စားနေပြီး၊နော်ဝေးနိုင်ငံတ၀ှမ်းကမြန်မာနိုင်ငံသားတိုင်းရင်းသားတွေအပါအ၀င်၊
ဂျာမဏီ၊ပြင်သစ်၊ဆွီဒင်၊ဒိန်းမတ်၊နိုင်ငံတွေကမြန်မာ့နို င်ငံရေးလှုပ်ရှားသူများလည်း
၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အလည် အပတ်ခရီးစဉ်အတွင်းနော်ဝေးနိုင်ငံကိုလာရောက်
တွေ့ဆုံကြမှာဖြစ်ပါတယ်။
ကိုညို (နော်ဝေး)
နိုဘယ်လ်စင်တာ
နော်ဝေးဘုရင့်နန်းတော်
ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာမည့်နော်ဝေးပါလီမန်
ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ် မိန့်ခွန်းပြောမဲ့အော်စလြို မို့တော်ခမ်းမ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြော က်ရေးအော်စလိုမှာဆန္ဒပြခဲ့စဥ်။
နောက်ဘက်မှာဒေါ်အောင်ဆန်းစြု ကည်တည်းခိုမည့်Grandဟော်တယ်
Browse › Home › မြန်မာ့သတင်း » ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက
လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆော
မှာဖြစ်ကြောင်းနော်ဝေးသံတမန
အနှစ်(၂၀)ကျော်အတွင်းပထမဆုံ
စတင်ထွက်ခွါလာမှာဖြစ်ပြီးနေ
ခရီးထပ်ဆက်မယ်လို့သိရပါတယ်။
“အော်စလိုကို၊ဇွန်လ၁၅ရက်နေ့
အဖွဲ့ဝင်တချို့နဲ့အတူနော်ဝေ
၁၇ရက်နေ့နိုဘယ်ငြိမ်းချမ်းေ
နော်ဝေးပြည်သူတွေနဲ့တွေ့ဆုံ
မကြာသေးခင်သီတင်းပတ်ကဘဲ၊နို
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက
လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ
မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခ
ဝန်ကြီးတချို့နဲ့တနာရီကြာတေ
နော်ဝေးနိုင်ငံခရီးစဉ်ကိစ္စု
ရဲ့ရန်ကုန်ခရီးစဉ်အတွင်း၊NL
အပါအ၀င်နိုင်ငံရေးပါတီ၊တိုင
အဖွဲ့အစည်းတချို့နဲ့လည်းတွေ
၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချ
အသေးစိတ်ကိုဆွေးနွေးတိုင်ပင
အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက
စတာဘန်ဂါမြို့ကိုလည်းသွားရေ
ဆုရယူဘို့လည်းရှိတယ်လို့သိရ
နော်ဝေးနိုင်ငံဟာမြန်မာနိုင
ပိတ်ဆို့မှုတွေကိုရုတ်သိမ်းေ
ကိုယ်စားလှယ်များတသုတ်ပြီးတ
တာကိုတွေ့ရပါတယ်။
ယခ္ခုရက်ပိုင်းအတွင်းပြည်သူ
်တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော်ကိုယ်စားလှယ်တ
ပါလီမန်ကိုလာရောက်လေ့လာနေသလ
နှီးမြှပ်နှံမှုဥက္ကဌ၊စက်မှုဝန
ံကိုလာရောက်လည်ပတ်မဲ့အစီအစဥ
ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ေ
စိတ်ဝင်စားနေပြီး၊နော်ဝေးနိ
ဂျာမဏီ၊ပြင်သစ်၊ဆွီဒင်၊ဒိန်
၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အလည်
တွေ့ဆုံကြမှာဖြစ်ပါတယ်။
ကိုညို (နော်ဝေး)
နိုဘယ်လ်စင်တာ
နော်ဝေးဘုရင့်နန်းတော်
ဒေါ်အောင်ဆန်းစုကြည်သွားရောက
ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြော
နောက်ဘက်မှာဒေါ်အောင်ဆန်းစြု
Thursday, May 17, 2012
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ
ရန်ကုန်၊ မေ ၁၆
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ်
စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ
၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို
ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။ အဆိုပါ စက်ရုံများသည်
လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား
အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း
အလုပ်သမားများက ဆိုသည်။ “အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ
ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ
အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ “အဆင်ပြေအောင် ညှိနှိုင်း
ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ
တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။ ယနေ့ ဆန္ဒပြသော စက်ရုံများမှာ
လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက
အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
ရန်ကုန်၊ မေ ၁၆
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။ အဆိုပါ စက်ရုံများသည် လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ “အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ “အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။ ယနေ့ ဆန္ဒပြသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
Thursday, May 3, 2012
အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။
ရွှေမြန်မာဥယျာဉ်မှစိုင်းနေဇော်အောင်ရေးသားပါသည်
Subscribe to:
Posts (Atom)