လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ 
  ရန်ကုန်၊ မေ ၁၆  
 
 လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် 
စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ 
၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို 
ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။  အဆိုပါ စက်ရုံများသည် 
လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား
 အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း 
အလုပ်သမားများက ဆိုသည်။  “အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ 
ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ 
အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။  “အဆင်ပြေအောင် ညှိနှိုင်း 
ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ 
တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။  ယနေ့ ဆန္ဒပြသော စက်ရုံများမှာ 
လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက
 အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
ရန်ကုန်၊ မေ ၁၆
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။ အဆိုပါ စက်ရုံများသည် လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ “အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။ “အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။ ယနေ့ ဆန္ဒပြသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
 
 
 

No comments:
Post a Comment