Sunday, September 21, 2014

လာရောက်ကြည့်သောသူငယ်ချင်းများကိုတောင်းပန်းခြင်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ  ကျွန်တော်ဒီဘလော့လေးကိုဘာမှမလုပ်နိုင်တာတော်တော်ကိုကြာနေပါပြီး
မအားတာလဲပါတာပေါ့ အရင်ကကျွန်တော်ကမလေးရှားမှာဆိုတော့အချိန်ကရတယ်လေအခုကမြန်မာနိုင်
ကိုပြန်ရောက်နေတော့သိပ်ပြီးဘာမှမတင်ဖြစ်ဘူး ဒါကြောင့်ဝါသနာပါလိုရှိရင်ကျွန်တော်ဘလော့လေးကို
သူငယ်ချင်းတို့ ရဲရင်တွင်းခံစားချက်များကိုပေးပို့ နိုင်ပါတယ်    


ပေးပို့ ရန်လိပ်စာ  khinmgtun84@gmail.com သို့ ပေးပို့ နိုင်ပါသည်  ရေးသူကလောင်ရှင်နာမည်နှင့်
တကွတင်ပြပေးပါမည် ကျေးဇူးတင်ပါသည်


                                               အပြာရောင်ချစ်သူ

Friday, July 5, 2013

HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်


 HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက်အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ်စောင့်ရဦးမည်







မြန်မာနိုင်ငံတွင် ဆေးဝါးလိုအပ်လျက်ရှိသည့် HIV ပိုးရှိသူ ၁၂၀၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ယခုနှစ်တွင် အသစ်ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အတိုင်း လိုက်နာလုပ်ဆောင် နိုင်ရန် ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ HIV ပိုးရှိသူများနှင့် နေထိုင်သူများ အသင်း (Myanmar Positive Group – MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
HIV ကူးစက်ခံထားရပြီး CD4 ကောင်ရေ ၅၀၀ အောက်သို့ ကျဆင်းနေသူတိုင်းကို ART (Antiretroviral Therapy) ကုထုံးဖြင့် ဆေးဝါးကုသမှုပေးရန် WHO က ဇွန်လ ၃၀ ရက်နေ့တွင် ၂၀၁၃ ခုနှစ် လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်လိုက်သည်။
မူလ ၂၀၁၀ ထုတ်ပြန်ချက် အရဆိုလျှင် CD4 ကောင်ရေ ၃၅၀ အောက်ရှိမှ ART ကုထုံးအတိုင်း  ARV (Antiretroviral drugs) ဆေးများ ပေးရမည် ဖြစ်သည်။
“အခု မြန်မာနိုင်ငံမှာက WHO ရဲ့ ၂၀၁၀ လမ်းညွှန်ချက်ကိုပဲ အမျိုးသားအဆင့် လမ်းညွှန်ချက် ဆွဲပြီးလုပ်နေတုန်း ရှိသေး တယ်။ လက်ရှိ CD4 ၃၅၀ အောက်နဲ့ ART ပေးနေတာတောင် ဆေးဝါးလိုအပ်သူက တသိန်းနှစ်သောင်း သုံးထောင်ကျော် ရှိတယ်။ အခု လမ်းညွှန်ချက် အသစ်အတိုင်းဆိုရင် ဆေးလိုတဲ့သူတွေ ပိုတိုးလာမယ်။ အဲဒါကို ၂၀၁၅ – ၁၆ လောက်မှ အကောင်အထည် ဖော်နိုင်မယ်” ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်း ကျော်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။
HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှု အခြေအနေနှင့် ဖြစ်ပေါ်လာနေသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံအတွက် ရန်ပုံငွေများ တိုးမြှင့် ချထားပေးခဲ့သည့်အတွက် ယခုနှစ်တွင် အထူး ရန်ပုံငွေ အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားကြောင်း ဦးမျိုးသန့်အောင်က ပြောသည်။
WHO က ယခုထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အသစ် အတိုင်း CD4 ၅၀၀ အောက် ရှိသူတိုင်း ART ကုထုံး ခံယူနိုင်မည် ဆိုလျှင် HIV မှ AIDS အဆင့်အထိ ဖြစ်ပွားမှုနှုန်း လျော့ကျနိုင်ခြင်း၊ HIV ပိုးကြောင့် ကိုယ်ခံအား ကျဆင်းလာရာမှ တခြား အခွင့်အရေးယူ ရောဂါများ ကူးစက်ခံရမှု မရှိနိုင်တော့သဖြင့် ဆေးကုသစရိတ်များ လျော့ကျခြင်း၊ စောလျှင်စွာ ဆေးကုသမှု ရရှိသဖြင့် ဗိုင်းရပ်စ်များကို ထိန်းချုပ်နိုင်လာပြီး တခြားသူများအား ကူးစက်မှုနှုန်း လျော့ကျစေခြင်း စသည့် အားသာချက်များ ရရှိနိုင်ကြောင်း သိရသည်။
WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှုလုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း  ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။
UNAIDS မှ ၂၀၁၁ ခုနှစ်တွင် တွက်ချက် ထုတ်ပြန်ခဲ့သော စာရင်းဇယားများ အရဆိုလျှင် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၂၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

သိပ် ရက်စက်တဲ့ .......... မိန်းကလေးကို ပြန်လဲ တမ်းတခြင်း.......

သိပ် ရက်စက်တဲ့ .......... မိန်းကလေးကို ပြန်လဲ တမ်းတခြင်း.......

    မိန်းကလေးရယ် ...နင့်ဟာ ဆိုင်သူရှိနေတဲ့.. ..သူပဲ  ....ငါ့ဟာငါ့နေနေတာကို... ဘာလို့ .....                          ကစားရတာလဲကွာ  .... ငါ့မှာခုတော့ အရူးတပိုင်နဲ့မီးဝိုင် သလို ခံစားနေရပြီး........ ခုခေတ်မှာ.....
   အချစ်ကို ...အပျော်သဘောကစားကြတဲ့သူတွေရှိသလို ...... တကယ်နှစ်နှစ်ကာကာနဲ့ ချစ်ကြတဲ့.....
   သူတွေလဲ ရှိပါတယ်ဟာ......... ခုဆို ငါ့မှာ ... ပတ်ဝန်းကျင်ရဲ့ အပြောတွေလဲ  ခံနေရပြီး........
   “ စေ့စပ် ထားတဲ့  မိန်းကလေး ကိုမှ ပတ်သက်လို့”တဲ့ ........ အော်....... လူတွေရယ်... ခက်ပါရဲ့ .........
    စပြီး ပတ်သက်ခဲ့တာနင်............. စပြီး   ph  တွေဆက်ခဲ့တာနင်  .......... အခွင့်ရေးတွေပေးပြီး .......... 
   ရုန်းမထွက်နိုင်အောင် ချည်နှောင်းခဲ့တာနင် ............ ဒါတွေကို  သူ့တို့မှ မသိကြတာ ............... 
   မာယာတွေအထပ်ထပ် ခင်း ......... အပြုံတုတွေနဲ့ ဖမ်းစား ........... စကားလုံးလှလှတွေနဲ့အချိုသတ်........
   မျက်ဝန်းနက်တွေနဲ့ညို့ယူပြီး .......... ရမ္မက်ပြင်းပြင်း အနမ်းတွေနဲ့ ......အတွေ့အထိတွေနဲ့ ............. 
   ငါ့ရဲ့  ......... အသဲကို ကစားချင်သလို ကစား  ပြီးမှ .................  ဒါတွေကို  “အိပ်မက် တစ်ခုလိုပဲ .........
   သဘောထားပြီး ........ ဖြစ်ခဲ့သမျှတွေကို  မေ့လိုက်ရအောင်”တဲ့..........  ရမလား ......????...... ......
   မိန်းကလေးရယ် ........ လာချင်သလိုလာ.....ပြီး .... ပြန်ချင်သလို ပြန်ရအောင်.....  ငါ့ကိုနင့်ရဲ့  ...........
   ခံစားချက်တွေ  ဖြေဖျောက်ရာ .... တည်ခိုခန်းများမှတ်နေလား  ............. မိန်းကလေးရယ် ............
    ခုတော့ ငါ့မှာ.......... ဆုတ်လဲစူး  စားလဲရူး ရမဲ့ .... အဖြစ်ပါလား ..........  ရှေ့တိုးရင်လဲ  လူကြမ်း .........
   နောက်ဆုတ်ရင်လဲ ...... နှလုံးသား ကွဲကြေ ရမဲ့ အဖြစ်ပါ ............ ....................  .............
   နင့် သိပ်ရက်စက်တာပဲ ............... နင့်ကို ငါ့ သိပ်ချစ်သွားတာပါ မိန်းကလေးရယ် .................
   ငါ့ခုချိန်ထိ ....နင့်ကို .......... တမ်းတနေတုန်းပါ   .........   .............  ............

Thursday, February 21, 2013

တိုင်းတပါးရောက်အတွေးစ

တိုင်းတပါးရောက်အတွေးစ ငါ့ဘဝအတွက်ငါ ဘာလုပ်သင့်သလဲ? ပထမအချက်အနေနဲ့ ဘာကိုအရေးကြီးပြီလဲ ဦးစားပေးသင့်သလဲ? အရှုံးကြီးရှုံးခဲ့ဘူးတဲ့ငါ့အတွက် ဒီအချိန်လက်မထောင်နိုင်အောင် ဘာကိုလုပ်သင့်သလဲ? ဒီကိုလာတာဘာရည်ရွယ်ချက်ရှိလို့  လာရတာလဲ?

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...