Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, February 21, 2013

တိုင်းတပါးရောက်အတွေးစ

တိုင်းတပါးရောက်အတွေးစ ငါ့ဘဝအတွက်ငါ ဘာလုပ်သင့်သလဲ? ပထမအချက်အနေနဲ့ ဘာကိုအရေးကြီးပြီလဲ ဦးစားပေးသင့်သလဲ? အရှုံးကြီးရှုံးခဲ့ဘူးတဲ့ငါ့အတွက် ဒီအချိန်လက်မထောင်နိုင်အောင် ဘာကိုလုပ်သင့်သလဲ? ဒီကိုလာတာဘာရည်ရွယ်ချက်ရှိလို့  လာရတာလဲ?

Sunday, June 10, 2012

တိုင်းတပါးရောက်အတွေးစ

တိုင်းတပါးရောက်အတွေးစ
ငါ့ဘဝအတွက်ငါ
         ဘာလုပ်သင့်သလဲ?
ပထမအချက်အနေနဲ့ ဘာကိုအရေးကြီးပြီလဲ
          ဦးစားပေးသင့်သလဲ?
အရှုံးကြီးရှုံးခဲ့ဘူးတဲ့ငါ့အတွက်
          ဒီအချိန်လက်မထောင်နိုင်အောင်
                                 ဘာကိုလုပ်သင့်သလဲ?
ဒီကိုလာတာဘာရည်ရွယ်ချက်ရှိလို့ 
             လာရတာလဲ?
ဘယ်သူအတွက်တွေလဲ?
             ဘာဖြစ်ချင်လို့ 
                        ဘယ်လိုစိတ်အားထက်သန်မှု့ တွေရှိလို့ 
                                      ဒီကိုလာရတာလဲ?
အနှောက်ယှက်မှန်သမျှ
                နင်ဘယ်လိုကျော်နင်းမလဲ?
နင်ဘယ်လိုလူစားမျိုး
                ဖြစ်ချင်ဆုံးလဲ?
ဘဝရဲ့ခါးသည်းမှု့ တွေကို
                နင်တယောက်တည်း
                         ဖြတ်ကျော်ဖို့ သတ္တိတွေရှိသလား?
နင်ဘဝအတွက်အရေးအကြီးဆုံးကဘာလဲ?
                 နင်ဘဝတသက်တာလုံးအတွက်အရေးကြီးဆုံးလူတွေက
                               ဘယ်သူတွေဖြစ်နိုင်မှာလဲ?



သူငယ်ချင်း..မင်းမဟော်(ဒသန)ရေးသားပါသည်

Sunday, June 3, 2012

နာလည်ပေးပါ

နားလည်ပေးပါ
အမြဲတမ်း နာလည်မှုတွေ
ပေးတက်တဲ့ ..... ချစ်သူ
အခုလည်း နာလည်ပေးပါ
တို့အလုပ်တွေများလို့
မင်း chatting ခေါ်တဲ့အချိန်
တို့ပြန်မပြောနိုင်ခဲ့ရင်
စိတ်မဆိုးပဲ နာလည်ပေးပါ ... ချစ်သူ
မင်း mail ပို့တဲအခါ
တို့ပြန်စာမရေးနိုင်ခဲရင်
တို့ကို စိတ်မဆိုးပဲ
နားလည်ပေးပါ .... ချစ်သူ
မင်းဖုန်းခေါ်တဲ့အချိန်
တို့မရှိလို ပြန်မပြောနိုင်ခဲ့ရင်
နားလည်ပေးပါ .... ချစ်သူ
ဘယ်လိုပဲဆက်သွယ်မှုတွေ
မရခဲပေမဲ့
တို့ရဲ့ ရင်ထဲမှာတော့
ထာဝရအမြဲ ..... ချစ်သူရှိနေမှာပါ

လွမ်းနေမယ်ချစ်သူ

ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ

နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ
   . . .    

မေ့ပစ်လိုက်ဖို့ ပြောရက်ခဲ့တဲ့မင်း

မင်းကိုငါ ချစ်ခဲ့တာ မေ့ပြစ်ဖို့မှမဟုတ်တာ

ငါ့အချစ်က ခဏတာ မဟုတ်ဘူး

တစ်ဘ၀စာဆိုတာ ငါကိုယ်တိုင်အသိဆုံးပါ

မျှော်လင့်ချက်ကင်းတဲ့ အချစ်နဲ့ မင်းကိုချစ်ခဲ့တာ

မင်းကလွဲရင် ကျန်တာတွေ

ဘာတစ်ခုမှ မတပ်မက်ခဲ့ပါဘူး

မင်းနဲ့ငါ ပတ်သတ်ခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူး

အဖြစ်အပျက်တွေကသက်သေပဲ မင်းလဲသိမှာပါ

ဟိုအရင် မင်းနဲ့ငါ ချစ်ခဲ့ ကြည်နူးခဲ့တာတွေကို

ဘယ်လိုအစွမ်းနဲ့ ငါမေ့လို့ရမှာလဲ ၊

အတိတ်ကိုပြန်တွေးမိရင် ပစ္စုပ္ပန်မှာနေရခက်သလို

အနာဂတ်ကိုလည်း ရင်ဆိုင်ဖို့ အင်အား မဲ့ခဲ့ရပြီ

မင်းရဲ့ ရက်စက်မှု ဓါးသွားအောက်မှာ ငါဟာ

အလဲလဲအပြိုပြိုနဲ့ အခါခါကျရှုံးခဲ့ပြီးပြီ၊

ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ

နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ

မင်းကြောင့်ကွဲခဲ့တဲ့အသည်း ဘာနဲ့မှပြန်မဆက်လိုဘူး

မင်းထားခဲ့တဲ့ဒဏ်ရာတွေကို ရင်ထဲမှာ

အမှတ်တရ သိမ်းဆည်းရင်း မင်းကိုငါ
တစ်ဘ၀စာ လွမ်းနေဦးမှာပါ ချစ်သူ ။

Friday, June 1, 2012

လွမ်းနေမယ်ချစ်သူ

ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ

နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ
   . . .    

မေ့ပစ်လိုက်ဖို့ ပြောရက်ခဲ့တဲ့မင်း

မင်းကိုငါ ချစ်ခဲ့တာ မေ့ပြစ်ဖို့မှမဟုတ်တာ

ငါ့အချစ်က ခဏတာ မဟုတ်ဘူး

တစ်ဘ၀စာဆိုတာ ငါကိုယ်တိုင်အသိဆုံးပါ

မျှော်လင့်ချက်ကင်းတဲ့ အချစ်နဲ့ မင်းကိုချစ်ခဲ့တာ

မင်းကလွဲရင် ကျန်တာတွေ

ဘာတစ်ခုမှ မတပ်မက်ခဲ့ပါဘူး

မင်းနဲ့ငါ ပတ်သတ်ခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူး

အဖြစ်အပျက်တွေကသက်သေပဲ မင်းလဲသိမှာပါ

ဟိုအရင် မင်းနဲ့ငါ ချစ်ခဲ့ ကြည်နူးခဲ့တာတွေကို

ဘယ်လိုအစွမ်းနဲ့ ငါမေ့လို့ရမှာလဲ ၊

အတိတ်ကိုပြန်တွေးမိရင် ပစ္စုပ္ပန်မှာနေရခက်သလို

အနာဂတ်ကိုလည်း ရင်ဆိုင်ဖို့ အင်အား မဲ့ခဲ့ရပြီ

မင်းရဲ့ ရက်စက်မှု ဓါးသွားအောက်မှာ ငါဟာ

အလဲလဲအပြိုပြိုနဲ့ အခါခါကျရှုံးခဲ့ပြီးပြီ၊

ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ

နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ

မင်းကြောင့်ကွဲခဲ့တဲ့အသည်း ဘာနဲ့မှပြန်မဆက်လိုဘူး

မင်းထားခဲ့တဲ့ဒဏ်ရာတွေကို ရင်ထဲမှာ

အမှတ်တရ သိမ်းဆည်းရင်း မင်းကိုငါ
တစ်ဘ၀စာ လွမ်းနေဦးမှာပါ ချစ်သူ ။

Sunday, May 27, 2012

.ချစ်တယ်..မုန်းတယ်...လွမ်းတယ်

တကယ်ဆိုရင်......
မတန်ပါဘူးကွာ.....ချစ်ခဲ့တာတွေ/
ငါ့မာနတွေဟာ မင်းခြေဖျားက သဲမှုန်လောက်တောင် တန်ဖိုးလျော့ကျသွားတဲ့အခါ....
ငါ့ဘ၀လည်း ပက်ပက်စက်စက် ဆွဲစုတ်ပစ်ခံလိုက်ရတာပဲလေ။

xxxxxxxxx

တကယ်ဆိုရင်.....ငါ့ဘက်တော့ နည်းနည်းပြန်ကြည့်သင့်တယ်ကွာ။
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ကို.....
နှစ်သိမ့်ဆုလေးတောင် မပေးခဲ့ဘူး။
တကယ်ဆို ငါက ဒုတိယလူပါကွာ။


xxxxxxxxx

ငါ့ကို နည်းနည်းလေးတောင် သတိရမိဘူးလားဟင်။
ငါသိခွင့်မရှိဘူးလား...... ငါ့ကိုမင်းချစ်ချစ်မချစ်ချစ်ပါ
ငါချစ်တာကို မင်းစိတ်ထဲသိနေရင် ကျေနပ်ပါပြီကွာ။
နည်းနည်းလေးတော့ စာနာကြည့်ပါ။

xxxxxxxxxx

မေ့မရတဲ့အချိန်တွေရဲ့ အဆုံးအစွန်မှာ....
ဇွတ်မှိတ်ပီး ငါမင်းကိုမျှော်လင့်နေတုန်းပဲ။
ငါ့ခေါင်းထဲက ရင်ဘတ်ထဲက ဟာကွာ.... အစစ အရာရာ ငါ့ခံစားချက်တိုင်းမှာ...
မင်းစိုးမိုးထားနိင်တုန်းပဲ.... အမှန်တော့ မင်းငါ့ကို မုန်းအောင်တစ်ခုခု ပေးခဲ့သင့်တယ်...။

xxxxxxxxxx

လွမ်းစရာကို နာစရာနဲ့ဖြေတဲ့ ငါ့မှာအချစ်တွေပဲရှိတော့... ဘာမှနဲ့ မှကိုဖြေလို့မရဘူး...
မင်းကို ငါပက်ပက်စက်စက်ချစ်ခဲ့တယ်......။

မင်းနှုတ်ခမ်းဖျားက ထွက်လာတဲ့စကားတွေ...
မင်းမျက်ဝန်းတွေ မင်းဆံနွယ်တွေကို...
မင်းအထိအတွေ့တွေ...... ခုထိ ငါပက်ပက်စက်စက် လွမ်းတုန်းပဲ.....။

ဒါပေမယ့်ကွာ မင်းငါ့ဘက်တစ်ချက်တောင် ငဲ့မကြည့်ခဲ့ဘူး.....။
အရာရာမပြည့်စုံတဲ့ ငါ့ဘ၀မှာ မင်းကိုငါအထောက်အပံ့ တစ်ခုမှလုပ်မပေးနိုင်တာ...
ငါ့အားနည်းချက်လား...ချစ်သူ..ပြောဦးကွာ... ပြောဦး.....။
တင်းထားပေမယ့် ငါ့မျက်ဝန်ထောင့်က မင်းအကြောင်းတွေတိုင်း .....
မိုးရာသီဖြစ်နေတုန်းပဲ.......။

ငါ့ဘက်က ခုမကြည့်တော့ပဲ.... မင်းအတွက်..... မင်းနောက်ဆံမတင်းဖို့ အတွက်...
မင်းကို ပက်ပက်စက်စက်ချစ်ခဲ့တဲ့ငါ....
ငါကပဲ မင်းအတွက်... ပက်ပက်စက်စက်မုန်းပေးခဲ့မယ်ချစ်သူ....။
ငါ့မင်းကို ပက်ပက်စက်စက်ကို မုန်းတယ်ကွာ မုန်းတယ်ကွာ.....မုန်းတယ်ကွာ...။

xxxxxxxxx

တစ်ခုတော့ ငါ့ဆီမှာ ကျန်ခဲ့ဦးမှာ ချစ်သူ.....
အဲဒါဘာလဲ သိလား........................။
ငါ့အနားကပ်ခဲ့ပါကွာ တိုးတိုးလေးပြောပြချင်လို့........
နောက်ဆုံးအနေနဲ့ မင်းအငွေ့အသက်လေးတော့ ရချင်တယ်......။
ငါပြောမယ်ချစ်သူ....
ငါမင်းကို.................
ပက်ပက်စက်စက် လွမ်းနေဦးမှာ.....။

xxxxxxxx

Saturday, May 19, 2012

ချစ်သူ

အားတင်းထားပါဦး မငိုနဲ့ ကွာဆက်ပြီးတော့ အရှုံးမပေးဘူးနော် ငါတို့ ဘ၀အတွက်ပေါ့.............
အားတင်းထားပါဦး မငိုနဲ့ ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ ဘ၀အတွက်ပေါ့
အတူကြိုးစားခဲ့တာပဲ ကံတရားကထင်သလောက်တော့
မရက်စက်ခဲ့တဲ့ အတွက်
တို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးတယ်

အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ...
အိပ်မက်တို့ မဝေးတော့လို့ ..
အားမလျှော့နဲ ဆက်လျှောက်မယ်

ဘေဘီ~~~`
မင်းမျက်လုံးတို့ အားဖျော့လိုက်
ငါရဲ့ပုခုံးထက်မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့က ရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ .......

ဘ၀ရဲ့အဓိပ္ပါယ်ကို
ငါတို့ အတူဖွင့်ပြီးတော့
ဆက်ကြိုးစားကြမယ် ဘာများခက်လို့လဲ
မနက်သစ်မရောက်ခင်သာ
အမှောင်ထုပာာ ကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့
နေမင်းရဲ့အလင်းရောက်လာတော့မယ်

အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ...
အိပ်မက်တို့ မဝေးတော့လို့ ...
အားမလျှော့နဲ........အားမလျှော့နဲ


ဘေဘီ~~~`
မင်းမျက်လုံးတို့ အားဖျော့လိုက်
ငါရဲ့ပုခုံးထက်မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့က ရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ ......

ဝမ်းနည်းရတဲ့နေ့တွေ ပြန်ရေတွက်ဦးပော့
မဆိုစလောက်လေးပါ နင်ယုံကြည်ထားပေး
တစ်နေ့နေ့ အကောင်းဆုံးဖြစ်မယ်
အားတင်းထားလိုက်တော့ တဒင်္ကလေးပဲ
လာပါငိုမနေတော့နဲ့ ...


အုတ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ...
အိပ်မက်တို့ မဝေးတော့လို့ ...
အားမလျှော့နဲ........ဆက်လျှောက်မယ်

ဘေဘီ~~~`
မင်းမျက်လုံးတို့ အားဖျော့လိုက်
ငါရဲ့ပုခုံးထက်မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့က ရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ ဖြတ်ရလဲ
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ ကတိတွေပဲ
လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ .....

လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ .....
လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ .....
လာပါ ၀မ်းနည်းတက်တဲ့ ချစ်သူအားမငယ်နဲ့ .....

အားတင်းထားပါဦး မငိုနဲ့ ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ ဘ၀အတွက်ပေါ့.............

Wednesday, May 16, 2012

*********လူ******လူ******

                   ဘ၀မှာလေ
အောင်မြင်သူတွေကို    တွယ်ကပ်...
အနီးအနား   မရှီရင်တောင်...
တကူးတက    လက်ချင်ယှက်...
မျက်နှာချို     သွေးလို...
ပြောစရာ   စကားများမရှား...
ချိုသောအပြုံးတွေနဲ    လူ.....
   ဘ၀မှာလေ
ကျဆုံးသူတွေ   ဘေးဖယ်....
အနီးအနား  မရှိရင်တောင်..
သတိမပြု  သလို..
ဥပေက္ခာ လစ်လျူရှုလို့ ..
ပေါင်းကူးချင်းစိတ်   နတ္တိ...
အော်.....လူ......လူ...

Friday, May 11, 2012

လမင်းဝင်းပပ(မရဲမျက်နှာ)

ညတုန်းက.......
လမင်းကြီး ၀င်းပပကို....
တိတ်တွေကြားမှာမြင်ရတော.....
မကို...
ယစ်ယစ်မူးမူး သတိရမိတယ်.....
မဟာ....
ငါရဲ့ လမင်းဆိုရင်.....
ငါက....
လမင်းထဲမှာထင်နေတဲ့...
အရိပ်ကလေးဖြစ်ချင်တယ်...
တချိုကပြောတော့...
ဆန်ဖွတ်တဲအဖိုးအိုရဲ အရိပ်လို့ ..
မြင်သတဲ..
ငါကတော့ ...
အဲဒိလို မမြင်ဘူး....
မရဲ...မျက်နှာ..
ငွေလမင်းထဲမှာရောက်နေတဲ..
ငါရဲပုံရိပ်လို့ ...
ထင်မိတယ်......
ကဲးးးးးးးးး
ပိုတယ်လိုးးးးးးးးးးမးးးးပြောဦးမှာလား........ဟင်.....

Monday, April 30, 2012

သိလှည့်ပါချစ်သူ

    ကောင်မလေး
နှလုံးသားမှာ မြစ်ဖျားခံပြီး...
စီးဆင်နေတဲ့  နှလုံးသွေတို့ ..
လိုင်းထပြီးလူပ်ရှားလာတဲ့.....
ရင်ခုန်သံ အချက်တိုင်းမှာ....
ငါ...ရဲ ချစ်ခြင်းမေတ္တာတွေ...
ကောင်မလေး... မင်းအတွက်ပါ....
အခြေမလှ မြေခနေတဲဘ၀ကို
မင်း..ကြိုက်သလိုဘောင်ခတ်လိုရပါတယ်....
နူညံအေးမြတဲ့   လေပြေညင်းလေးတခု
ဖန်ဆင်ရေးဆွဲမှာလား  ဒါမှမဟုတ် စုတ်ချက်ကြမ်းကြမ်းနဲ
နွေလည်ခေါင် ကန္တာရတခုလိုလည်း ရေးဆွဲနိုင်ပါတယ်  ကောင်မလေး.....
ညို့အားပြင်းတဲ့  မင်း အကြည့်တချက်မှာ 
ငါ...အရေပျော် နေခဲပါပြီး...
ဘ၀ကြမ်းကြမ်းမှာ  နေ့ အခါးတွေကိုစားသုံးရင် ဒိကမ္ဘာမှာ
မင်း....ရှိနေလို့  ငါ..နေနိုင်ပါသေးတယ်....
တချိုက ပြောကြတယ်  အချစ်ဟာ ဘ၀ရဲ့ အစိတ်ပိုင်းတခုတဲ့
ငါ...ဘ၀ကိုတော  မင်းအချစ်ရဲ အစိတ်ပိုင်းတစ်ခုအဖြစ်သုံးစွဲနိုင်ပါတယ်
ငြိုငြင်မူ ကင်းမဲ့စွာနဲ...ငါ..ကြည်ဖြူနေမှာပါ...
ယုံကြည်ရာ လက်လှမ်းပြီး
တစုံတခုကို လက်ကမ်းယူမယ်ဆိုရင်
ငါ...နှလုံးသားကိုမြူမူန်တစ်စ မပေစွန်းပဲ
မင်း..ကိုပေးနိုင်ပါတယ်....
ငါရဲ....မေတ္တာတရားနဲတည်ဆောက်ထားတဲ့
အချစ်ဗိမ္မာန်လေးမှာ အမြဲမဟုတ်၇င်တောင်
ခဏတဖြုတ်လောက်နေမယ်ဆိုရင်တောင် ငါရဲ အချစ်တွေနဲ....
ငါရဲ....အချစ်တွေနဲ့ ...မင်းကို....
ခဏလေးဖြစ်ဖြစ် ချစ်ခွင့်ရချင်ပါတယ်....
ကောင်မလေးရယ်.....




အချစ်ဆိုတဲအရာဟာ....
လူတယောက်ရဲ ဘ၀ကိုပျက်စီးအောင် ပေးစွမ်းနိုင်သလို...
ပျက်စီးနေတဲဘ၀တခုကိုပျော်ရွင်နိုင်အောင် ပေးစွမ်းနိုင်တယ်ဆိုတာ ...
ဟုတ်လား...သူငယ်ချင်းတို့ ....

းးးးးးးးးးကွက်လပ်းးးးးးးးးးးး

မျှော်လင်းခြင်းတွေ   ငါ.. ရင်မှာဗြောင်းဆန်ခဲတယ်.....
မင်း..မျက်ဝန်း...မင်းအပြုံး မင်းရဲဟန်မူရာ အကုန်လုံး မေ့လိုက်ဖို့ ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်လိုပါ.....
       ရာသီစက်ဝန်း အကြိမ်ကြိမ်လည်ပတ်ခဲပေမဲ....
မင်း..ပုံရိပ်တွေ  ငါစိတ်မှာအမြဲစိုးမိုနေဆဲ.....
မဖြစ်နိုင်ဘူး ဆိုတာမရှိပေမဲ မဖြစ်သေးတဲ  ငါ..နဲ..မင်းရဲ့  အနာဂတ်ကိုဘယ်လိုပုံသွင်ပြီးတည်ဆောက်ရမလဲ....?
     ဘာကြောင့်များ မဆုံနိုင်တဲလမ်းကိုရွေးချယ်ပေးခဲတာလဲ  ကံကြမ္မာရယ်......
တကယ်ဆို ငါရင်ထဲက ပြဇာတ်ကို အသက်သွင်းဖို့ မင်းကမရှိမဖြစ်ဇာတ်ဆောင်တယောက်ပါ....
ဒိလိုနဲ အမှောင်ထဲမှာ ငါတယောက်ထဲရှင်သန်နေခဲရ  ကျေဇူးပြုပြီး အလင်းရောင် တစက်လောက်
ဆောင်ကျဉ်းပေးနိုင်မလား...
အလွမ်းတွေနဲ ကြေကွဲမှုတွေကိုအဆုံသတ်ပြီးတော့ ...ကွက်လပ်...ကျန်နေတဲ..ငါ ရင်ကို....
မင်း...ရဲချစ်ခြင်းမေတ္တာတွေနဲ ဖြည့်ပေးပါနော်....
ကြယ်တွေငိုတဲ့...အချိန်ထိပေါ.......

Sunday, April 29, 2012

♥ ♥♥ ♥ ♥ ♥♥ကွက်လပ်♥ ♥♥ ♥ ♥♥ ♥

မျှော်လင်းခြင်းတွေ ငါ.. ရင်မှာဗြောင်းဆန်ခဲတယ်.....
မင်း..မျက်ဝန်း...မင်းအပြုံး မင်းရဲဟန်မူရာ အကုန်လုံး မေ့လိုက်ဖို့ ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်လိုပါ.....
ရာသီစက်ဝန်း အကြိမ်ကြိမ်လည်ပတ်ခဲပေမဲ....
မင်း..ပုံရိပ်တွေ ငါစိတ်မှာအမြဲစိုးမိုနေဆဲ.....
မဖြစ်နိုင်ဘူး ဆိုတာမရှိပေမဲ မဖြစ်သေးတဲ....
ငါ..နဲ..မင်းရဲ့ အနာဂတ်ကိုဘယ်လိုပုံသွင်ပြီးတည်ဆောက်ရမလဲ....?
ဘာကြောင့်များ မဆုံနိုင်တဲလမ်းကိုရွေးချယ်ပေးခဲတာလဲ ကံကြမ္မာရယ်......
တကယ်ဆို ငါရင်ထဲက ပြဇာတ်ကို အသက်သွင်းဖို့ မင်းကမရှိမဖြစ်ဇာတ်ဆောင်တယောက်ပါ....
ဒိလိုနဲ အမှောင်ထဲမှာ ငါတယောက်ထဲရှင်သန်နေခဲရ ကျေဇူးပြုပြီး အလင်းရောင် တစက်လောက်
ဆောင်ကျဉ်းပေးနိုင်မလား...
အလွမ်းတွေနဲ ကြေကွဲမှုတွေကိုအဆုံသတ်ပြီးတော့ ...ကွက်လပ်...ကျန်နေတဲ..ငါ ရင်ကို....
မင်း...ရဲချစ်ခြင်းမေတ္တာတွေနဲ ဖြည့်ပေးပါနော်....
ကြယ်တွေငိုတဲ့...အချိန်ထိပေါ.......

မေမေကြာသ်နိုင်ပါစေ...

  (မေမေ)
အခုမှ တမ်းတမူများစွာနဲ...
အကြိမ်ကြိမ် ခေါ်နေမိပြီး..မေမေ...
ဘ၀တဆစ်ချိုးမှာ အမေခွဲပြီး  ရေခြားမြေခြာ..သား..ထွက်သွားခဲ..
ငါ..သားလေး ကျန်မာပါစေ ချမ်းသာပါစေ ဘေအန္တရာယ်က်ငးပါစေ အနာမျီုးကိုးဆယ့်ခြောက်ပါးကင်းဝေးပါစေ..
မျက်ရည်းတွေကြားက..သား..အတွက်ဆုတောင်းသံ ကမ္ဘာမြေတောင်တုန်သွားပါရဲ..
ဒါပေမဲ...သားမိုက်က အမေ့စကားကိုနာမ၀င်ခဲ့ ကိုယ်ထင်ရာလုပ်ဇာတ်ရှုပ်ခဲသမျှ မငြိးမညူ
ဖြေရှင်းပေးသူက အမေ့ရယ်ပါ....
အခုတော တိုင်းတပါးကို သားရောက်ပြီးတိုင် အကျင့်ဗီဇမဖျောက်နိုင်ပဲ ဆိုးမိုက်ပေတေရှုပ်ခဲ့လေမျှ ကြားဝင်ဖြေရှင်း
ညှိနိုင်းမဲသူကူသူကင်းမဲရောက်သည့်အချိန်မှ ကျွန်တော်အသိစိတ်ထုံပေပေမှာ တမ်းတမိသူက အမေ့ကိုပါ....
မေ့မေ့..မေတ္တာအေး အုပ်မိုးထားတဲ ၀ါထရံ ကျိုးကျဲယိုင်တိယိုင်နဲ အမေ့အိမ်ကို..သား..ပြန်ချင်ပေမဲမပြန်နိုင်သေးပါ အမေ့...
နောင်တ...ဆိုတာ နောင် မှ တတဲ အဘယ်ပုဂ္ဂိုလ်စာဆိုတောများ ဆိုမိန့် ပြောကြားဟောခဲပါသနည်း..
မှန်လှပါသည်...အခုတော မေမေချစ်တဲ့ သားမိုက်ကြီး နောင်တတွေ တပုံကြီးနဲ အိမ်ပြန်ချိန်ကို အသက်အောင့်ပြီးစောင့်နေမိတယ်
မေမေ...
ဒိတခါ..မေမေ ကျန်မာပါစေ ချမ်းသာပါစေ ဘေအန္တရယ်ကင်းပါစေ အနာမျီုးကိုးဆယ့်ခြောက်ပါးကင်းဝေးပါစေလို
သား..မိုက်ကျွန်တော် ဆုတောင်းသံကို အဝေးရပ်မြေမှ မေမေကြားသိနိုင်ပါစေ......
                            ယခုစာနှင့်အတူ  အဝေးရပ်မြေမှ..မေမေ..အားလက်ဆယ်ဖြာထိတ်မှာမီုးပြီး ရှစ်ခိုးကတောလိုက်ပါတယ်
းးးးးးမေမေးးးးအဝေးရပ်မြေမှ..မေမေ..ကြာသိနိုင်ပါစေ....


ကျွန်တော်ဖေဖေ

ငယ်စဉ်အခါများ ဖေဖေ့သားကွဲံလက်ဆွဲတခါချီကာတလည့်...
ဂုတ်ပို့ ပေါ်ဝယ် ကျောင်းသွားကျောင်းပြန်.....
ကြိုပို့ ပေးခဲ့လည်း ဖေဖေ့မေတ္တာကျေးဇူးကမ္ဘာကို
မသိနားမလည် မဆင်ခြင်းမိပါ....
နေထိုင်မကောင်း တအိအိသား
ဂျီးမျာသည်အခါ အေးပါသားရဲ
လိုချင်သည်ခါ လက်လှမ်းသမျှကို
မငြိုမငြင် ပူပင်ကင်းအောင်....
ဖြည့်ဆည်းပေးရဲ ဖေဖေ့မေတ္တာ ကျေးဇူးကမ္ဘာကို
မမြင်အရာမတွေ့ မိပါ....
ခုတော့ သားမောင်လူ လုံးပြောင်းကာ
တခါတလှည့်  ကျေဇူးတုန့် တက်
ဆင်ခြင်နာလည်းသိမြင်တွေ့ ခဲ့
ဖေဖေ့ မေတ္တာကျေးဇူးကမ္ဘာကို....
ဇရာထောင်လို့  အိုဟောင်းသည့်ခါ
အဖေစားပါအားရှိသည်အစာ...
ပျော့ပျောင်းနူညံ နိုထမင်းနဲ..
အဟာရကြွယ် ဆေးဘယာလည်း..
မှိဝဲမပြတ် သားကြည်ရှုခဲ.....
သွားပါဘုရား ဓမ္မကျောင်းနဲ...
လူမူရေးရာ သွားပါကလည်း...
သွားလည်နေရာ သားလိုက်ပို့ ပါ့ 
ဖေဖေ့..မေတ္တာ ကျေးဇူးကမ္ဘာကို ကမ္ဘာကုန်ဆပ်လို့ မကုန်.....
ဘ၀ရှိတိုင်း ဆပ်ပါရစေ..ဖေဖေ့းးးးးးးးးးးး

နာလည်ပေးပါကောင်မလေးရယ်

နှလုံးသား....ဆိုတာလိုခြင်းသလိုပုံသွင်....
ပန်းပုရုပ်ထွင်လို့ ရတာမှမဟုတ်တာ.....
ရင်ခုန်သံဆိုတာ ..သံစဉ်ဖွေရှာကာညှံလို့ ဖြစ်ပေါ်လာတာမှမဟုတ်တာ....
အချစ်ဆိုတာ...အချိန်းခါမရွေးမသင်တော်သေးလို့  အောင့်ပြီးနေလိုရတာမှမဟုတ်တာ...
ဘ၀ဆိုတာ..ဖြစ်ခြင်းတာတွေတင်ပြ လုပ်ခွင့်ရတာမှမဟုတ်တာ....
အရုပ်ဆိုးအကျည်းတန်းနေတဲ အတိတ်အကြောင်းကို...
ချောင်းမထိုးနိုင်ဘဲပြန်ပြန်လွမ်းနေရတဲဒုက္ခလည်း..ငါ..ရင်ဘတ်ထဲမှာနာကျင်းလှပါပြီး
မဖြစ်နိုင်တောမှန်လည်းသိပါတယ်...ပြန်ပြန်ပြီးမက်နေတဲ့အိပ်မက်ဟောင်းတခုကိုထပ်မက်လိုမဆုံး
ရင်ခုန်သံအဟောင်းတွေနဲ့ ..ငါ..ပဲရူးနေခဲပြီး..မေ့လိုက်စမ်းပါလို့ ဦးနှောက်ကခိုင်းလိုက်တိုင်းကြိုးစားခဲသမျှဟာပိုသတိရဖို
့သာဖြစ်လာခဲတယ်..
မဆုံစည်းခဲရင်ကောင်သားဆိုတဲဆန္ဒတွေနောက်မှာ ..ငါ..ရင်ခွင့်တခုလုံးကိုကြေမွစေမဲ ရေစက်ဆိုတဲအရာကိုရှောင်လွဲလိုမရတဲ
အရာတခုကို..ငါ..မုန်းမိတယ်...
မင်းရဲ..အနားမှာတခြားတယောက်ဆိုတာကိုမတွေးရဲတဲ..ငါ..အဖြစ်တွေ အချိန်ရှိသရွေချစ်နေတုနဆိုတာဝန်ခံရင်
မနက်ဖြန်တိုင်းဟာ လွမ်းဖို့ ဖြစ်လာခဲတယ်....
တကယ်ဆို..အချစ်ဆိုတာ အလွမ်းတွေနဲမွမ်းမံထားမှန်သိရင်လှမ်းဆွတ်ဖို့  မကြိုးစားခဲပါဘူး...
လျှောက်မိတဲ့လမ်း နမ်းမိတဲပန်းတပွင့်အတွက်ပေးဆပ်ခဲရတာက အလွမ်းတွေချည်းပါ...
မဆုံးဆည်းရတောဘူဆိုတဲအသိနှင့်ခြေလှမ်းတိုင်ယိုင်နဲ့ နေတာ ၀င်သက်တွေမှာ..မင်း..ရနံတွေနဲထွက်သက်တွေအောင့်ထာရင်းအခုနာနေတဲဘယ်ဘက်ရင်အုံကဒဏ်ရာကမကြင်နာ
သူပေးတဲလက်ဆောင်ပေါ့ ..
မျော်လင့်ခ်ျတွေကြောင်သာ..ငါ..ဘ၀အသက်ဆက်ရှင်နေတာပါ..ဝေးကွာပြီးဆိုတည်းကနေအဖြူအမဲ..
နှင်းမသဲမကွဲတောတဲ..ငါ..ဘ၀ညတွေမှာခဏခဏလရောင်ပြောက်ခဲရတယ်....
ဘာရယ်တောမဟုတ်ပါဘူးအကာကွယ်မဲ့နေတဲ..ငါရင်ခွင့်ကို...
မင်း....ကိုတဆိတ်လောက်မြင်စေခြင်းတယ်..ဒဏ်ရာအပြည့်နှင့် ငါကမ္ဘာဟာကန္တာရတခုလိုပါပဲ...
ကောင်မလေးရေးးးးးးးးးးးးးးးး

ချစ်သူတမ်းချင်း(လွမ်းသူကဗျာ)

ပန်းကလေးတပွင့်....
ပင်မြင့်ကသဇင်ပေါ့....
ဘ၀ကတော်ဝင်သလို....
အလှကလဲအကျော်မော်ပင်....
ရနံကထုံကြိုင်သင်းလို့ ..
ပြိုင်ဆိုင်ကင်းတဲ သူ ဟန်မူရာ...
အို.....လှပါဘိလို့ ..တ..ကာ...လွမ်းမိသူမှာ...
ပင်ခြေရင်က ဆင်နင်ခံရတဲ....
မြက်ပင်ငယ်...ကိုယ်...ရယ်ပါ..
အမှန်တကယ်တော မင်း ဘ၀အခြေနေဟာ...
အဆွေမင်း..လူနဲသာ ထိုက်တန်ကြောင်း..
မြက်ပင်ငယ်...ကိုယ်..သိပါတယ်ကွယ်...
ဒိတော့...မင်း..ဘ၀ရှင်သန်ချိန်မှာ....
ထာဝစဉ်သာမိုးတိမ်ကင်းပြီး...
တာဝတိသာလိုစိုးရိမ်းခြင်းကင်ပါစေကြောင်း...
ထုထောင်ခံဘ၀ကနေ....
ဆုတောင်းပန်လိုက်ပါရစေ....
ချစ်ပန်းသဇင်ရယ်....

Friday, April 27, 2012

းးးးးးးးးးးဘ၀ရဲနိဂုံးးးးးးးးးးးးးး

 http://t0.gstatic.com/images?q=tbn:ANd9GcQpHx1eHXgMs6hOs5dHA5E2Ia9-h43P1zmfS10ZO_5KyHZgJUo3csZTrmm97Q

အမှန်တရားကိုတွေဖို့  ငါလိုက်ရှာနေတာ......
ငါဦးနှောက်တွေတောင် ခြောက်ခမ်းလို.....
ရုတ်တရက် လန့် ပြန်သွားတဲငှက်တကောင်ရဲ...
အော်မြည်သံကိုငါကြားလိုက်ရတယ်.....
ကမ္ဘာကြီးပေါ်မှာ ဖြစ်တယ်နေတဲ အရာအားလုံး..
ဖြစ်တည့် မှု့ မရှိခဲရင် ခံစားချက်ဆိုတာလည်း .........
ရှိနိုင်မှာမဟုတ်ဘူး......
ဒါအမှန်တရားလား....?
လူသားတွေအားလုံး ဆာလောင်မွတ်သိပ်နေကြတာ...ဘာလဲ..?
ပျော်ရွင်မူလား....?
ငြိမ်းချမ်းမှု့ လား...?
အချစ်ဆိုတဲအရာလား..?
ငွေဂုဏ်ဓနလား...?
ဒါတွေအားလုံးရရှိပိုင်ဆိုင်ပြီးပဲထား....
ဘ၀တခု အတွက် ပြီးပြည့်စုံသွားပြီးလား..?
အသိတရားတခုနဲ ရှင်သန်မှု့ ကိုမွေးဖွား...
မှုမမှန်တဲ့တရားခံလို အမှန်တရားတခုအတွက်...
အယူခံဝင်တော့လည်း ပူပန်သောကတွေက..
ငြိမ်းချမ်းမှုကိုမရခဲဘူးလေး...
ငါပိုင်တဲ အတ္တလေးနဲ....
အရားအားလုံးကိုတော်လှန်း...
သေခြင်းတရားဆိုတာကို ငါမေ့ နေမိတယ်...
ငါတွေရှိလိုက်ပါပြီး အချစ်ဆိုတဲအရာနဲ..
ကမ္ဘာပေါ်မှာ ဖြစ်တည့် နေတဲအရာအားလုံးဟာ...
ငါအတွက်မဟုတ်ဘူးဆိုတာပေါ့ .....

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...