Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, May 23, 2012

လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်မကောင်းကျိုး(၁၁)ချက်

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း
(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း
(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း
(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း
(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း
(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း
(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း
(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း
(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း
(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)
(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။
လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း
(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း
(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း
(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း
(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း
(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း
(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း
(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
့ မေးလို့ရခြင်း
(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း
(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

A to Z ရည်းစားစာ

A to Z ရည်းစားစာ

 ``အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
*A* ရာဝတီတိုင်းမှာ
မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းလု
ိ ကြီးမားပါရဲ့
မေရယ်.....။
မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
*B* လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ်ဘာလို့ မှုနေရမှာလဲ ..
ဟင်း ..ဟင်း ..၀ီစကီထဲ *C* ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း
ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို
ဟော *D*ကောင် ဖြေရှင်းသုတ်သင်ပြပါမယ် မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့ *E* သံကလေးကိုတောင်
အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက
လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
*F *ကွဲကြေမွသွားမှာသေချာပါတယ်မေ၊
မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊
ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို ပိုင်ပိုင်နိုင်နိုင်
ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့
ကိုယ်ဟာ အင်မတန်မှ *G* ကျတဲ့သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။
မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
*H* ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊
ကိုယ်ဟာ တစ်သည်းမှာ တစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
*I* တွေ.တိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ
ယုံထားလိုက်စမ်းပါ၊
ကိုယ်အခု *J* ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ် မေ၊
ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊
နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့ *K* ၀ဋ်ပုဏ္ဍားတောင်
လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ
တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊
ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ရဲ့ *L* စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊
ရယ်ပဲရယ်စရာကောင်းသေးတော့၊
ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်းဖွင့် *M* ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊
ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
*N* ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။
ကိုယ်ဟာ မေ့အပေါ် *O* မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့
ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာ မ *P* ပြင်ခဲ့ဘူးဆိုရင်
အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့ *Q* ပင်တွေကို
နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ *R* တက်ပါဘူး၊
ကိုယ်အချစ်က ငရဲမီး *S* ဆစ်အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊
စကားတွေကို *T* တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့
မေတ္တာကိုတော့ ပြန် *U* ချင်ပါတယ်မေ။
ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က *V* ပင်တစ်ပင်အောက်မှာ ရေးနေတာ။
သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့ *W* ဘောလုံးတစ်လုံးက
ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ
ဘာဖြစ်သွားလဲမသိဘူး၊
ရန်ကုန်ပြန်ရောက်တော့မှပဲ *X* ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။
စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူးဆိုရင်တော့ ကိုယ်ဟာ အင်ဂျင် *Y* နဲ့
ပိုးသတ်ဆေး သောက်ရင်း *Z* ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ် မေ ´´

Wednesday, May 2, 2012

အင်တာနက်သုံးတာကောင်းတယ်****အင်တာနက်သုံးတာမကောင်းဘူး

အင်တာနက်သုံးတာကောင်းတယ်..ကိုယ်မတွေ့ဘူးအရာများတွေမြင်ရတယ်.. ကိုယ်မကြားဘူတဲ့စကားများကြားရတယ်..
ကိုယ်နဲ့ မသိပေမယ့်သူငယ်ချင်းကောင်းများရတယ်။
သူတို့ တွေရဲနွေးထွေးမူကိုရတယ်..နောက်တခုကအင်တာနက်ကနေ..
ချစ်စရားကောင်းတဲ့မမကြီးတယောက်
ကိုကောက်ရထားတယ်။ ဒီတော့အင်တာနက်သုံးတာကောင်းတယ်...သုံးကြ။

အင်တာနက်သုံးတာမကောင်းဘူး...လကုန်ကာနီးရင်..အင်တာနက်သုံးလိုမီတာဆောင်ရတယ်...
လိုင်ကြေးဆောင်ရတယ်အင်တာနက်သုံးလို့အိပ်ရေပျက်ရတယ်။
 
အိပ်ရေးပျက်တော့ အလုပ်မဆင်းနိုင်ဘူး။ အလုပ်မဆင်းနိုင်တော့ သူဌေးကဆူတယ်။
ဒီတော့အင်တာနက်သုံးတာမကောင်းဘူး..မသုံးနဲ...

ဒီလိုကြတော့လည်းအင်တာနက်သုံးတာကောင်းပြန်ရော..
ရင်ထဲကရှိတဲစကားတွေကိုဖတ်ချင်သူ ရှိရှိ ၊ မရှိရှိ ရေးခြင် တာကိုအင်တာနက်မှာ
ရေးချလို့ ရတယ်။သူများနာထောင်ခြင်တာ၊ နားမထောင်ခြင်တာ ကိုယ်မသိ။
လုပ်ခြင်တာ ကို လွတ်လပ်စွာ လုပ်လို့ရတယ် ။ အခုလိုပေါ ..
ပေါကြောင်ကြောင် အတွေးနဲ့ ၊ ပေါကြောင်ကြောင်စာတွေရေးလိုရတယ်...
ကိုယ်ကကောင်းမလေးတယောက်ကိုရည်စားစာပေးခြင်တယ်။။။။
အပြင်မှာပေးရင်အခြေအနေမကာင်းရင် ပါးရိုက်ခံ၇မယ်။ အနည်းဆုံးတောရပ်ကွက်ရုံးတော့ ရောက်မယ်။ အခုတော့ပေးလို၇တယ်..ရည်းစား
စာကိုတောင်အချစ်သ၀ဏ်လွာအဖြစ်ကျွန်တော်တင်ခွင့်ရတယ်..
အဲတော့လဲအင်တာနက်သုံးတာကောင်းတယ်..သုံးကြ။

အင်တာနက်သုံတာမကောင်းဘူး...ဒီအင်တာနက်ကြောင့်.. အရူးမလေးဆိုတဲ့..မမ..တယောက်ကအင်တာနက်ကနေချေပစာနဲ
ထိုလို..အခုတော့ ခင်မောင်ထွန်း ဆိုတဲ့ ကျွန်တော် တော်တော်ကိုအိစလံဝေသွားပါတယ်..ဒီအင်တာနက်မှာပဲရွှေလက်ဝှေ့ဆိုလား
ရွှေနပန်းဆိုလာဘာလားတော့ မသိပါဘူး။ အင်တာနက်သုံးတာကောင်းတယ်။
မကောင်းဘူးပြုင်ရမယ်ဆိုတာကို တွေ့လို့ လက်ကမနေနိုင်၊ ခြေကမနေနိုင် သွားပြီး
ကျွန်တော်စာသွားရေးမိပါတယ်။ ရေးလိုက်တာကလဲ..ကျွန်တော် ဒီခေါင်းစဉ်နှစ်ပုဒ်ကိုတပုဒ်ထဲရေးလိုရမလားလို့
ရေးလိုက်မိပါတယ်..မိုးလည်းလင်ကော..ထိုင်း..မှာနေတဲအဒေါ်ကြီးတယောက်က အင်တာနက်ကနေလာဆူလို့..
အဆူခံရပါကောလား..ဗျာ...ဒီတော့ အင်တာနက်မကောင်းလို.. သူရှိနေလို..အခုလိုတွေ..အင်တာနက်ကနေ.အထိုးခံရ အဆူခံရနဲ့...
အင်တာနက်သုံတာမကောင်းဘူး...မသုံးနဲ..အော်မေ့လိုပြောဖို့ ကျန်သေးတယ်...
ထိုင်းကအဒေါ်ကြီးကဘာပြောသေးတယ်မှတ်လည်း
ထိုင်းမှာရေကြီးနေလို..ဟင်....ရေမကြီးလို့ကတောနင်မလွဲဘူးမှတ်ပါ.. အခုတောင်(လက်တော့)ကို ဒီမှာရေကြီးနေလိုအောက်ချ
မရလိုနင်ကိုပြောခြင်းလိုအားကြီးလိုဓာတ်တိုင်ပေါ်တက်ပြီး ချက်ကတာလိုလဲသူကပြောသွားသေးတယ်ဗျာ...

ဟီးးးးးးဟီးးးးးးရွှေနပန်းတော့ ပြိုင်ရဲဘူးနော်...ရွှေလက်ဝှေ့ဆို၇င် တော်သေးတယ်.
.အခုတော...(ဟာသ)လိုဘဲ ရုပ်ရိုက်မယ်နော်

ရယ်စရာတွေသယ်လာတယ်

ရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်း
မင်းဘယ်မှာနေလဲ
မျက်စိလည် လမ်းမှားပြီး ဘယ်သွားရမှန်းမသိ ယောင်လည်လည်ဖြစ်နေသော ကလေးငယ်တစ်ယောက်ကို
တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ထားကြရပြီး ကလေးငယ်ကို နေအိမ်ပြန်ပို့ပေးနိုင်ရန် လိပ်စာကို ကြိုးစား စစ်မေးနေကြသည်။
တာဝန်ရှိသူ။ ။ "" မင်းဘယ်လမ်းထဲမှာ နေသလဲ""
ကလေးငယ်။ ။ "" လမ်းထဲမှာ မနေပါဘူး၊ အိမ်ထဲမှာ နေပါတယ် "" ဟု ပြန်လည် ဖြေကြားလိုက်လေသည်။
ကျိုးပျက်စရာဆိုလို့
မိခင်တစ်ဦးသည် ကောလိပ်တက်နေသော သားတော်မောင်ထံ သမ္မာကျမ်းစာတစ်အုပ် ပို့ပေးလိုသည့်အတွက်
စာတိုက်သို့ ရောက်လာသည်။ စာတိုက်စာရေးဖြစ်သူက ပေးပို့မယ့် ပါဆယ်ထုပ်ထဲမှာ ကျိုးပျက်စရာ ပါ မပါ မေးမြန်းသည်။
"" ကျိုးပျက်စရာဆိုလို့ ပညတ်တော်ဆယ်ပါးပဲပါတယ်"" ဟု သူမက ပြန်ဖြေလိုက်သည်။
ဒါဆို လိမ်တာပဲ
သာလိကာကို သင်တန်းပေးပြီး စကားပြောသင်နေသူသည် သာလိကာအား "" ငါလမ်းလျှောက်တတ်တယ် "" ဟု သင်ပေးရာ
သာလိကာက "" ငါလမ်းလျှောက်တတ်တယ်"" ဟု ပြန်ဖြေခဲ့သည်။
ဆရာ။ ။ "" ငါစကားပြောတတ်တယ် ""
သာလိကာ။ ။ "" ငါစကားပြောတတ်တယ် ""
ဆရာ။ ။ "" ငါပျံသန်းနိုင်တယ် ""
သာလိကာ။ ။ "" ဒါဆိုလိမ်တာပဲ အတောင်ပံချိုးထားတယ် "" ဟု ပြန်ပြောခဲ့လေသည်။
နောက်ဆုံးတစ်ခုတည်း ကျန်လို့ပါ
အမြန်ရထားဖြစ်သည့် အတွက် ဘူတာတိုင်းတွင် အချိန်ကြာကြာ မရပ်ပါ။
ကျွန်မသည် ပလက်ဖောင်းပေါ်မှ ကလေးငယ်တစ်ဦးအား "" အန်တီ့ကို ကူညီပြီး သကြားပလာတာနှစ်ချပ် ၀ယ်ပေးပါ၊
တစ်ချပ်က သားစာ၊ တစ်ချပ်ကို အနှ်တီ့ကို ပေးပါ "" ဟုပြောပြီး ငွေတစ်ဆယ်ပေးကာ ၀ယ်ခိုင်းလိုက်သည်။
ကလေးငယ်သည် ပလာတာတစ်ချပ်ကို ကိုက်စားပြီး ကျွန်မအား ငွေငါးကျပ်ပြန်ပေးရင်း "" နောက်ဆုံးတစ်ချပ်တည်း ကျန်တယ် အန်တီရယ်"" ဟု
ပြန်ပြောခဲ့သည်။
ငါ့တာဝန်ကျေပြီ
စတိုးဆိုင်တစ်ခုမှ ထွက်ခွါလာသော အမျိုးသမီးကြီးတစ်ဦးသည် ငွေသိမ်းစာရေးအား ပြန်အမ်းငွေ မှားနေကြောင်း ပြန်လာပြောပြခဲ့သည်။
စာရေးကမူး "" ကောင်တာမှ မထွက်ခွါမီ စစ်ဆေးယူပါ၊ ကောင်တာမှ ထွက်ခွါပြီးနောက် မှားယွင်းမှုကို တာဝန်မယူ "" ဟူသော ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။
သည်တွင် အမျိုးသမီးကြီးမှ "" ဒါဆိုလည်း ပြီးတာပဲ၊ ငါ့တာဝန်ကျေပြီ၊ ငွေငါးရာ ပိုအမ်းလိုက်တော့ ငါမုန့်ဝယ်စားရတာပေါ့ "" ဟု ပြောဆိုရေရွတ်လိုက်ပြီး
ဆိုင်မှ ထွက်ခွါသွားလေသည်။
အရည်အချင်းတစ်ခု
လူတစ်ယောက် သူ့သူငယ်ချင်းအား "" ငါဝန်ကြီးချုပ်နေရာ ၀င်အရွေးခံမလို့ကွ "" ဟု ဖွင့်ဟ ကြေညာလိုက်ရာ
သူ့သူငယ်ချင်းက အံအားသင့်သွားပြီး "" မင်းရူးနေသလား "" ဟု မေးလိုက်၏။
သည်တော့ ထိုသူက "" ဘာလဲ၊ ရူးဖို့လိုလို့လား "" ဟု ပြန်ဖြေလိုက်၏။
အထင်မခံနိုင်ပေါင်
ကားကို ကိုယ်တိုင်မောင်းလာခဲ့သည့် အမျိုးသမီးကြီးက ဂရိရှေးဟောင်း ဘုရားကျောင်းပျက်ကြီး၏ ပြိုလဲကျနေသော တိုင်ကြီးများရှေ့တွင်
ဓါတ်ပုံအရိုက်ခံ၏။ "" ဓါတ်ပုံထဲမှာ ကားမပါစေနဲ့နော်၊ တော်ကြာ ယောက်ျားက ဒီနေရာကို ကျွန်မ၀င်တိုက်လိုက်တာလို့ ထင်သွားအုံးမယ် "" ဟု
အချိန်မီကလေး သတိလှမ်းပေးလိုက်၏။
လစာမြင့်လို့ပါ
လူကြီး။ ။ "" ဦးက ဒီနေရာနဲ့ စိမ်းနေလို့ပါကွယ်၊ ကျေးဇူးပြုပြီး အနီးဆုံးဘဏ်ကို မင်း ညွှန်နိုင်မလား""
ကလေးငယ်။ ။ "" ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဆယ်ဒေါ်လာတော့ ပေးရမယ် ""
လူကြီး။ ။ "" ဟ..များလှချေလားကွ....မင်း တောင်းတာ ...
ကလေးငယ်။ .။ "" ဘဏ်ညွှန်ကြားရေးမှူးတွေဆိုတာ လစာမြင့်တယ်ဗျ..""
ဒီလိုပါ ဒီလိုပါ
ခြံထဲတွင် ကစားနေသော ကျွန်တော့်မိတ်ဆွေ၏ လေးနှစ်အရွယ်သားငယ်လေးက သူ၏နားထဲသို့ ကျောက်ခဲဝင်သွားကြောင်း ပြောလေရာ
မိတ်ဆွေသည် ထိုကျောက်ခဲကို ပြန်လည်ထုတ်ယူရန် ကလေးအား ဆေးရုံသို့ အပြေးအလွှား ခေါ်သွားရလေသည်။ ဆရာဝန်က ထိုကျောက်ခဲအား ညင်သာချောမွေ့စွာ
ထုတ်ယူပေးလိုက်ရာ "" ဘယ်လိုများ ဒီကျောက်ခဲ နားထဲ ၀င်သွားရတာလဲ "" ဟု ဆရာဝန်က ကလေးကို မေးလိုက်သည်။
"" ဒီလိုပါ "" ဆိုပြီး ကလေးငယ်က ကျောက်ခဲကို သူ၏ နားထဲသို့ ပြန်ပြီး ထိုးသွင်းပြလိုက်သည်။ သူသည် ဒုတိယအကြိမ်မြောက် မေ့ဆေးပေးခံရပြန်တော့သည်။

Monday, April 30, 2012

သိရင်ပြောပေးကြပါ

အပြာရောင်လည်း....အလုပ်ကများ..နေကမကောင်း...စိတ်ကညစ်နဲ.လိုင်းပေါ်ကိုမေ၇ာက်တာ...၃ရက်.၄ရက်လောက်တော
ရှိပြီး...ဒီနေတော.သူငယ်ချင်းတွေကိုသတိရတာနဲ..စိတ်ညစ်နေတာတွေဖြေဖြောက်ဖို့ လိုင်းပေါ်ကိုတက်လာခဲတယ်...
အကူညီတောင်းမလိုပါ....ဟီးးးးဟီး...

ဒီနေ့ မနက်...အိပ်ရာထတော..သွားတိုက်ဖို့ ...သွားတိုက်ဆေးထဲလိုက်တာ...အများကြီးဖြစ်သွားလို...ကုန်ရင်လည်းဝယ်ဖို့ 
ပိုက်ဆံကမရှိတော...ပြန်ထဲတာထဲလိုမရလို...သွားတိုက်ဆေးကို..ပြန်ထဲတတ်သူရှိရင်ကူညီပြောပြပေးပါနော်..


ပြီးတော...ဗိုက်ဆာလာတာနဲ..ထမင်းစားတာ..ဘာမှမရှိဘူး...အဲဒါနဲဆီဆမ်းစားတော..ဆီးကလဲကုန်နေတယ်..ဆီကျံလေးနဲနဲ
ရှိတာနဲ..ဆီပုလင်းထဲကို..ထမင်းထဲပြီးလူးစားတာ..လူးပြီးတော.ထမင်းကပြန်ထုပ်လိုမရတောလို...အဲဒါဘယ်လိုလုပ်ရမလဲ..ဟင်..

နောက်တခုက..ကျွန်တော်တို့ ကမ္ဘာကြီးမှာ...ကျွန်တော်မကျေနပ်တာ..တခုရှိတယ်...ကျွန်တော်တို့ ယောင်္ကျားလေးတွေက
မိန်ခလေးတွေကို..ပဲ..ချစ်တယ်ဆိုတဲ..စကားကိုပြောရတယ်နော်...သူတို့ ကဘာလိုယောင်္ကျားလေးတွေကိုမပြောတာလဲ...
အဲလို..သူတိုကစပြိး...မပြောလို...ရွှေမှာ..နှစ်ချိုနေတဲ..အပျုီုကြီးတွေပေါ့ နေတာပေါ ....နောက်လည်းရမှာ..မဟုတ်ပါဘူး....
သူတို့ တွေက..မပြောတောဘူးနော်..ဘယ်သူတွေလဲဆိုတာ..ကြောက်လိုပါ...ဟိး....ဟီး....တခုသိခြင်းတာက.
ဘယ်နေ၇ာမှာ..မိန်းခလေးကပြောတဲနေ၇ာရှိလည်း..ဟင်း.........ပြောပါ.နော်....











Sunday, April 29, 2012

“ပေါက်တက်ကရ ရည်းစားစာ”

ချစ်သူ မင်းငါ့ကို ပြန်မချစ်ရင်တော့

ညဘက်မှာ နေထွက်

နေ့ခင်းမှာ လထွက် တဲ့အခါ

မုန့်တီဖက်နဲ့ ဆွဲကြိုးချသေလိုက်မယ်.....



လိပ်ခါးဖား ဖင် ဆင်ခန္ဓာ ၀က်ကိုယ်လုံးနဲ့

ခင်သန္တာ သက်ချိုပြုံးဆိုတဲ့မင်းကို

ချစ်မိတယ်ဆိုရင်တော့

ဓါတ်ကြိုးကို မောင်ကိုင်ပြီ

မေငိုပါတော့လို့ မှာချင်တယ်....



နောင်ဘ၀ဆိုတာ ရှိခဲ့မယ်ဆိုရင်ပေါ့

မင်းနဲ့ငါ အိမ်သာလေးတစ်ခုမှ ပြန်တွေ့ကြမယ်လေ

မင်းက အီးတုံးလေးဆို ငါကလောက်ကောင်လေးပေါ့အဟိ........



မင်းရဲ့မျက်နှာလေးက

လ၀န်းလေးလိုပါပဲ

မှတ်ချက်။ ။(သိပံ္ပအမြင် =လ၏မျက်နှာပြင် တွင် ချိုင့် ခွက်များစွာ ရှိသည်)





ပြုံးစိစိ မြုံးမိတဲ့ငါးလိုလာလုပ်မနေနဲ့

ရင်ထုပြီး လင်လုနေတဲ့ခေတ်မှာ

အရိုးများသလေး ချီးခါးသလေးလုပ်နေရင်တော့

အပျိုကြီး တကိုယ်တည်း ကျန်နေမယ်....

ပာင့်အင်း အန်ကယ်။ပာင့်အင်း အန်ကယ်။

မထင်လိုက်ဘူးကွယ် ..
လူတစ်ယောက်က အိတ်ကြီးနှစ်အိတ်ကို စက်ဘီးပေါ်တင်လာတာတွေ့ တော့
နယ်စပ် ဖြတ်ကျော် ဂိတ်က ရဲက အိတ်ထဲ မှာ ဘာတွေပါလဲ လို့ မေးလိုက်ပါတယ်။
ဒါနဲ့ စက်ဘီးသမားက သဲတွေလို့ ဖြေတာနဲ့စစ်ကြည့် တော့လည်း သဲကလွဲရင် ဘာမှမတွေ့ပါဘူး။
ဒီလိုနဲ့ စက်ဘီးသမား က နေ့တိုင်းပဲ သဲအိတ်တွေ တင်ပြီး ဖြတ်နေတာ ကို ရဲက တစ်ခုခုကို မှောင်ခိုကုန်ကူးနေမှန်း
သိပေမယ့် လက်ဆုပ်လက် ကိုင်ပြလို့မရဖြစ်နေပါတယ်။
ခြောက်လလောက်ရှိလာတော့ မနေနိုင်တဲ့ အဆုံးဖွင့်မေးပါတယ်။
"မင်းတစ်ခုခုကိုမှောင်ခိုလုပ်နေတယ်ဆိုတာတော့ ငါသိတယ်။
ဒါပေမယ့် ဘာမှန်းမသိဘူးဖြစ်နေတယ်။ ငါ့ကို အမှန်အတိုင်းပြော..ငါမင်းကိုမဖမ်း ဘူး" ဆိုပြီးမေးတော့
အဲဒီ လူပြန်ဖြေတာက "ကျွန်တော်ကစက်ဘီးတွေ မှောင်ခိုသွင်းနေတာပါ"တဲ့။
......................................................................................................................................................................................................................................................................................................................................................
ရန်ကုန်မသွားတော့ဘူး.....
တခါက အညာဘက်မှ တောသားကြီးတစ်ဦးသည် ရန်ကုန်မြို့ရှိဈေးတစ်ခုတွင် ကုန်များဝယ်ရန် အကြောင်းဖန်လာသတဲ့ ။
ရန်ကုန်ကိုလည်း တစ်ခါမှမရောက်ဖူး ၊ မိမိတို့ရွာမှ ကားစီးသွားလျှင် ရောက်တယ် ဆိုတာတော့ သိတယ်တဲ့
ရန်ကုန်သားဖြစ်ဖူးသော ရွာဦးဆရာတော်က လိပ်စာလေးရေးပေးကာ ကူညီလိုက်လို့တော်သေးတာပေါ့ ။
အဲဒါနဲ့ပဲ အရဲစွန့်ပြီး ရန်ကုန်သို့ တက်လာခဲ့တော့တယ် ။
ရန်ကုန်ကားဂိတ်ရောက်တော့ တောသားတို့ ထုံးစံအတိုင်းပေါ့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူးတဲ့ ။
ယောင်ပေ ယောင်ပေနဲ့ အနားကဖြတ်သွားတဲ့ လူတစ်ယောက်ကို
ဘုန်းဘုန်းရေးပေးလိုက်တဲ့ စာကိုပြပြီး အကူညီတောင်းလိုက်တာ ပေါ့ ။
ထိုလူကကူညီရှာပါတယ် ။ သူ့ကို ကားတစ်စီးပေါ်တင်ပေးလိုက်ပြီး ဆင်းရမယ့်မှတ်တိုင်ကို စပယ်ယာကို ပြောထားပေးခဲ့သတဲ့ ။
သူကိုယ်တိုင်လဲ မှတ်ထားတာပေါ့ ။ ဘာတဲ့ “မင်္ဂလာဈေး” ဆိုလားပဲ ။
ကားစီးလာရင်း ခဏမျှကြာတော့ သူတော်တော်လေး ညောင်းလာတော့တယ် ။
ရွာကနေကားစီးလာရတဲ့ခရီးကလဲ ရှိခဲ့သေးတာကိုး ။ တော်တော်လေး ပင်ပန်းလာတယ်ထင်ပါရဲ့ ခေါင်းထဲလဲ
မူးနောက်နောက်ဖြစ်လာတာနဲ့ သူ့ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို အကူညီ တောင်းလိုက်သတဲ့ ။
“ အမ ဟိုဘက်နဲနဲလေးတိုးပေးပါလား ၊ ဖင်လေးနဲနဲချချင်လို့ပါ ”
“ ဘာ……. ဘာပြောတယ်……… ပြန်ပြောကြည့်စမ်းပါဦး ”
“ ဟုတ်ကဲ့….. ကျွန်တော်သိပ်ညောင်းလာလို့ပါဗျာ ၊ ကျေးဇူးပြုပြီးတော့ပေါ့ ဖင်လေးချချင်လို့ပါဗျာ နော်…. နော်လို့……”
“ ရှင် မိုက်ရိုင်းလှချည်လား ၊ လူကို ဘယ်လိုအစားမျိုးထဲက အောင့်မေ့လို့လဲ ၊ ဒီမှာကားစပယ်ယာ ကားကိုအခုချက်ခြင်း ရပ်ပေးပါ ။ ”
အော်ကျယ်အော်ကျယ် အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့်ကုန်ကြတယ် ။ ဒီမှာစပယ်ယာလေးရောက်လာပြီး
“ ဘာဖြစ်ကြတာလဲဗျာ ”
“ ဒီမှာ ကျွန်မကို လာဆော်ကားနေတယ်လေ ၊ ဒီလိုလုပ်လို့ရမလား ဟင်းးးးးး ၊ ခုချက်ချင်း ရဲစခန်းသွားမယ်”
ဒီမှာ စပယ်ယာလေးက “ ကဲ ဒီက အကိုကြီးက ဘယ်လိုစော်ကားတာလဲ ပြော ”
“ မဟုတ်ပါဘူးကွာ ငါကညောင်းလွန်းလို့ ဖင်လေးချချင်တယ်လို့ ပြောတာပါကွာ ”
“ ဟာ မှားကုန်ပါပြီ အကိုကြီးကလဲ အဲလိုမပြောရဘူးလေ ထိုင်ချင်တယ်လို့ ပြောရတယ်ဗျာ ဒုက္ခပါပဲဗျာ”
“ ဆောရီးပါအမရယ် ဒီကအကိုကြီးက အညာသားမို့ စကားပြောမတတ်တာပါ ၊ ဟိုသဘောမျိုးပြောတာ မဟုတ်ရပါဘူးဗျာ
ကျွန်တော်သူ့အစား တောင်းပန်ပါတယ်နော် အမ ။ ”
ကားစပယ်ယာလေး ၀င်ရှင်းပြတော့မှပဲ အားလုံး နားလည်သွားကြတယ်လေ ။
“ ကဲ အကိုကြီး ရှေ့မှတ်တိုင်ဆို အကိုကြီးဆင်းရမယ့် မင်္ဂလာဈေးမှတ်တိုင်ရောက်ပြီ ”
“ အေးအေး ကျေးဇူးပဲ ငါ့ကောင်ရာ ငါ့လခွေး မင်းကူညီလို့သာပေါ့ ”
“ ( _ )နံပါတ်ပါတဲ့ ကားကိုစီးနော် ” ကားပေါ်မှာလဲ ထိုင်ချင်တယ်ဆိုင် ထိုင်ချင်တယ်ပဲပြောနော် လို့မှာခဲ့လေ၏ ။
ဒီလိုနဲ့ပဲ ရွာသားကြီးဟာ သူ့ရဲ့လွယ်အိတ်လေးနဲ့ မင်္ဂလာဈေးကိုရောက်ခဲ့လေတယ် ။ ရွာကမှာလိုက်တဲ့ ကုန်တွေစုံအောင်
ပါလာတဲ့စာရွက်လေးနဲ့ တိုက်ရင်း ၀ယ်ရင်းနဲ့ အားလုံးဝယ်ပြီးသွားတော့ သူဝင်လာတဲ့ အပေါက်ကို လိုက်ရှာသတဲ့ ။
မမှတ်မိတော့ဘူး
သွားပြီ…… အဲဒါနဲ့ အနီးမှာရှိတဲ့ မိန်းမကြီးတစ်ယောက်ကို မေးကြည့်လိုက်တယ် ။
“ ဟို အမကြီး ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး နဲနဲပြပေးပါလား ဗျာ”
“ ဘာ……. ”
“ ဟုတ်ကဲ့ ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး တစ်ချက်လောက် ပြပါလားလို့ ”
“ ရှင် မိုက်ရိုင်းလှချည်လား ” “ ဟဲ့ ဈေးကလူကြီးတွေကိုသွားခေါ်ပေးစမ်း ” “ xxxxxxxxxxxxxxxxx ”
ဈေးကလူကြီးတွေရောက်လာကြတော့တယ် ။ အညာသားလဲ ကြောင်တောင်တောင်နဲ့ပေါ့
“ ကဲ ဘယ်လိုဖြစ်ရတာလဲ ဗျ ”
ဒီမှာ မိန်းမကြီးက ဖြစ်ကြောင်းကုန်စင်အောင် ပြောပြတော့တယ် ။ ဒီမှာလူကြီးတွေက……
“ ကဲ ခင်ဗျားက ဘာလို့ အဲလိုမေးတာလဲ ”ဆိုတော့
သူက ကြောင်တောင်တောင်နဲ့
“ ကျွန်တော် ၀င်လာတုန်းက မှတ်မိတယ်ဗျ ၊ ဈေးဝယ်ရင်းနဲ့ ပြန်ထွက်မယ်ဆိုတော့ မမှတ်မိတော့တာ
ဒါကြောင့် အဲဒီ အမကြီးကိုအကူညီတောင်းရတာပေါ့ဗျာ ”
“ သြော် ဒီလိုလား ”
“ ခင်ဗျားသွားရမှာက ( _ _ _ _ ) အတိုင်းပဲ ၊ ကဲမှတ်မိပြီနော် နောက်ဆိုဒီလို မမေးနဲ့ အပြင်ထွက်တဲ့လမ်းလို့မေးနော်လို့
ပြန်ပြီးပြောပြလိုက်သတဲ့ ”
“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ နောင်ကြီးတို့ ကူညီလို့ပါပဲ ငါ့လခွေး ”
ဒီလိုနဲ့ရွာပြန်ရောက်ခဲ့တယ် ။ ရွာကအမျိုးတွေကတော့ မေးကြတာပေါ့ ။ ရန်ကုန်က ပျော်ဖို့ကောင်းလား ၊ ဘာလား ဆိုတော့
အညာသားကြီးက တစ်ခွန်းပဲပြန်ဖြေရှာသတဲ့
“ ဟေ့ နောက်တစ်ခါ ရန်ကုန်ဆိုရင် ငါ့ပါးစပ်ကို တိတ်နဲ့ အရင်ကပ်ပြီးမှ လွတ်ဟ ” တဲ့...............................//
...........................................................................................................................................................................
သူ့ဒုက္ခနဲ့ သူ
အိမ်အကူမ နှစ်ယောက်ဆုံကြသည်။ တစ်ယောက်က အသက်ကြီးကြီး။
နောက်တစ်ယောက်က ခပ်ငယ်ငယ်။
အသက်ကြီးသူက ပြောသည်။
'ငါတော့ အေ။ အားလုံးကိုငြီးငွေ့ လှပြီ။'
တစ်နေ့လုံး'ပာုတ်ကဲ့ မမ။ပာုတ်ကဲ့ မမ'နဲ့ အချိန်ကုန်နေရတယ်။
အသက်ငယ်သော အိမ်အကူမက ပြောသည်။
"ကျွန်မလဲ အရာရာကို စိတ်ကုန်နေပြီ။"
တစ်နေ့လုံး "ပာင့်အင်း အန်ကယ်။ပာင့်အင်း အန်ကယ်။"နဲ့ ငြင်းနေရတယ်..................................................//
...........................................................................................................................................................................

ရယ်လိုက်ကြစို့ သူငယ်ချင်း

"ဒေါက်တာလည်းလေ လောကီသားပေမို့"
ရုပ်ဆိုးလွန်းလို့ စိတ်ကျရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ဟာ
စိတ်ရောဂါကုဆေးခန်းတစ်ခုကို ရောက်လာပါတယ်။
အဲဒီကိုရုပ်ဆိုးဟာ သူ့အလှည့်ရောက်တော့ ဆရာဝန်ရဲ့အခန်းထဲကို
ဝင်လာရင်းပြောရှာတယ်... ...
"ဒေါက်တာရယ်၊ ကျနော်မှာလေ စိတ်ဓါတ်တွေကျပြီး အလွန်ဘဲ အထီးကျန်ဆန်နေပါတယ်ဗျာ၊
ကျနော့်မှာ သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူး၊ ဘယ်သူမှလည်း ကျနော့်အနားကို
မလာချင်ကြဘူး၊ ကျနော့်ကို မြင်ကြတဲ့သူတိုင်း လှောင်ပြောင်ရယ်မောကြတယ်ဆရာ။
ကျနော့်ရုပ်ကြီးဆိုးနေတာကို မကယ်နိုင်တော့ဘူးလား ဆရာရယ်..."
"ကယ်နိုင်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ခင်ဗျားမျက်နှာကို ဟိုဘက်လှည့်ပြီး
ပြောလို့ ရမလား"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
"ကိစ္စမရှိပါဘူး..."*
မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,
ရိတ်ပါတယ်.. မုတ်ဆိပ်မေွး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့
ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်..
...
"ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"..
"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့
တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်တော့
ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့ လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...
"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချ
မိရင် ဘယ်လိုလုပ်မလဲ"
"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊ တခြားသူတွေလဲ ဒီလိုဘဲ
ပြန်လာပေးနေကျဘဲဟာ"...တဲ့။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
"ရှာဖွေရ မောလှပြီ"
တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ
တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်...
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့
ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီး နေနိုင်တယ်ဆိုရင်တော့
ဦး နေလို့ရပါတယ်"
ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။
မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့
ကျန်တာအားလုံးအိုကေပါတယ်...
အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊
ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီး
ကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက
တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့
အောက်ထပ်ဆင်းပြေးရပြန်တယ်..
အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...
ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...
အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
ခုမှနေသာထိုင်သာရှိတော့တာကိုး..
.
ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။
ဒီလိုန့.ဲ ....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က
ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...
*"လူကြီးမင်းရှင့်...
အားလုံးကိုခွင့်လွတ်ပါသည်၊
ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"....*တဲ့
(ကိုယ်တွေ့မဟုတ်ပါခမျာ၊ အင်တာနက်က ဟာသ ကိုမြန်မာမှုပြုထားတာပါ၊ )
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
* "ကယ်ဆယ်ရေး အဖွဲ့"*
နှစ်ယောက်စီး ဆက်စနာ ၁၅၂ အမျိုးအစားလေယာဉ်ပျံငယ်လေးတစင်း မြန်မာပြည်အလယ်ပိုင်းက
မြို့လေးတမြို့ရဲ့ သင်ချိုံင်းကုန်းတခုအတွင်း ပျက်ကျသွားပါတယ်။
အထူးလေ့ကျင့်ပေးထားတဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတပ်စိပ်တစ်စိပ် လွတ်လိုက်ပါတယ်။
မကြာမှီမှာဘဲ အထက်လူကြီးများထံ သတင်းပေးပို့ချက်ရောက်လို့ လာပါတော့တယ်...
*" လေယာဉ်ပျက်ကို ရှာဖွေတွေ့ရှိချိန်၊ သေဆုံးသူရုပ်အလောင်း ၁၅၀ ခန့်တွေ့၊
သေဆုံးသူအရေအတွက် ယခုထက်ပိုများနိုင်၊ ဆက်လက် ရှာဖွေ တူးဖော်လျက်ရှိကြောင်း
သတင်းပေးပို့အပ်"...*
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*ရေငုပ်ချန်ပီယံ*
ရေငုပ်သမားတစ်ဦး ရေငုပ်နေရင်း ပင်လယ်ရေမျက်နှာပြင်အောက် ၁၅ပေခန့် အရောက်မှာ
ရေငုပ်ဝတ်စုံမပါတဲ့ တခြားလူတစ်ယောက်ကို သူန့မဲ လှမ်းမကမ်းမှာ တေ့လွိုက်တယ်။
အ.ဲ ..သူ ပေ၃၀ ရောက်တော့လဲ ခုနလူကိုတေ့ရွ ပြန်ပါတယ်။
တခါ ပေ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူပါလာတုံးဘဲ...ဆိုတော့
အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။
ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေပြီး
မေးလိုက်တယ်...
"ဟေ့လူ...ရေငုပ်ဝတ်စုံမပါဘဲ
ဒီလောက်ပင်လယ်ရေအနက်ထိငုပ်နိုင်
တာ...ချီးကျူးပါတယ်ဗျာ"
ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြတယ်...
"ငါက ရေနှစ်နေတာဟ...မအေပေးရ"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
* "ဘာရမလဲ"*
အဝေပြေးလမ်းမတစ်ခု အပေါ်မှာဖြစ်သည်။
ဆိုင်ကယ်တစ်စီးဟာ နွားပေါက်စလေးတစ်ကောင်ကို တိုက်မိတဲ့ အတွက်
နွားလေးသေဆုံးသွားပါတယ်။
နွားပိုင်ရှင်က ဆိုင်ကယ်သမားဆီမှာ အလျော်တောင်းတယ်... ...
"နွားတန်ဖိုးကိုလျော်ပေတော့"
"နွားလေးက ဘယ်လောက်တန်သလဲ"
"အခုတော့ ဒေါ်လာ၂၀၀ လောက်ဘဲတန်တယ်၊ ဒါပေမယ့် နောက် ၆နှစ်ကြာရင် ဒေါ်လာ ၉၀၀
လောက်တန်မှာ၊ ဒီတော့ ဒေါ်လာ ၉၀၀ လျော်"
"ကောင်းပြီလေ..."
ဆိုပြီး..ဆိုင်ကယ်သမားက ချက်လက်မှတ်တစ်စောင် ရေးပေးတယ်။
"ကဲရော့...ဒီမှာ ဒေါ်လာ ၉၀၀ ချက်လက်မှတ်၊ နောက် ၆နှစ် နေ့စနွဲ့ဲ ရေးထားတယ်၊
အဲဒီနေ့ရောက်ရင် ထုတ်လို့ရပြီ..."
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*"စိတ်ဓါတ်မကျနဲ့"*
မိဝေ တစ်ယောက် ခက်ခဲကြမ်းတမ်းတဲ့နေ့တွေကို ဖြတ်သန်းနေရတော့ စိတ်ပျက်နေရှာတယ်။
သူ့အိမ်ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။
ပြီးတော့ သူ့အမေနဲ့မောင်လေးကို တိုင်တည်ပြောပြရင်း ညီးညူနေတယ်... ...
"ဘယ်သူမှ ငါ့ကိုမချစ်ကြဘူး၊ တစ်ကမ္ဘာလုံးမှာ ရှိသမျှလူတွေက
ငါ့ကိုမုန်းနေကြပြီထင်တယ်"
ဒီတော့ သူ့အမေက အားပေးတယ်.. ...
"တစ်ကမ္ဘာလုံးတော့ မဖြစ်နိုင်ပါဘူးအေ..."
သူ့မောင်လေးကလည်း ဝင်ပြီးထောက်ခံရှာတယ်... ...
"ဟုတ်တယ်...မမကို မသိတဲ့လူတွေကတော့ မုန်းမှာမဟုတ်ပါဘူး"...တဲ့။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*"မိန်းမဆိုး"*
စစ်သားနှစ်ဦး အားလပ်ချိန်မှာ စကားစမည်ပြောနေကြတယ်။
"မင်း ဘာလို့ စစ်ထဲဝင်တာလဲ"
"ငါ့မှာ မိန်းမလည်း မရှိဘူး၊ တိုက်ရခိုက်ရတာလဲ ဝါသနာပါလို့ စစ်ထဲဝင်တာ၊ မင်း
ကရော?"
"ငါ့မှာ မိန်းမရှိတယ်လေ၊ အေးအေးချမ်းချမ်းနေချင်လို့ စစ်ထဲဝင်တာ"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*'ကိုယ်ချင်းစာ စိတ်'*
လူတစ်ယောက် ဆေးဆိုင်မှာ ဆေးလာဝယ်တယ်.. ...
"ဆိုင်ရာနိုက် တအောင်စလောက် ရောင်းပါ"
ဆေးရောင်းသူ လန့်သွားပြီး ပြန်မေးတယ်.. ..
"ဘာ...ဆိုင်ရာနိုက်ဆိုတာ အဆိပ်ဗျ၊ ဆေးစာ မပါဘဲရောင်းလို့ မရဘူး၊ ခင်ဗျားက
ဘာလုပ်မလို့ လဲ"
"ငါ့ မိန်းမကို အဆိပ်ကျွေးသတ်မလို့"
"ဟာ...ဒီလိုဆို ပိုဆိုးတယ်၊ ရောင်းမပေးနိုင်ပါဘူးဗျာ၊ ခင်ွလွ့တ်ပါ"
ဒီတော့ ဆေးလာဝယ်သူက သူ့အိပ်ကပ်ထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြတယ်၊
ဆေးရောင်းသူက အဲဒီဓါတ်ပုံကိုယူကြည့်လိုက်ပြီး
...
"ဟာ...ဆိုးလိုက်တဲ့ရုပ်ဗျာ၊ ဒီလောက်ရုပ်ဆိုးတာ ကျနော့်တသက် တခါမှ မမြင်ဘူးဘူး၊
ဒါဘယ်သူ့ပုံလဲ"
"ငါ့ မိန်းမလေ"
"အင်း...ဒီလိုဆိုတော့လည်း ရောင်းပေးလိုက်ပါမယ်"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လွယ်မှလွယ်
ကွယ်လွန်သူ ယောက္ခမကြီး၏ အုပ်ဂူရှေ.တွင် အထိမ်းအမှတ်ကျောက်ပြား စိုက်ရန် သားမက်လုပ်သူက ကျောက်ပြားလုပ်သော ဆိုင်သို.ရောက်လာသည်။
သားမက် - "ဈေးလဲပေါ၊ ခန်.လဲခန်.ညားတဲ. ကျောက်ပြား တစ်ချပ်လောက် လိုချင်တယ်"
ဆိုင်ရှင် - "အင်း တချပ်တော.ရှိပါရဲ.။ ဒါပေမယ်. ကျောက်ပြားပေါ်မှာ တခြား လူရဲ. နာမည်ထိုးထားတယ်"
သားမက် -"ကိစ္စမရှိဘူး၊ သွားလေသူယောက္ခမ က စာမဖတ်တတ်ဘူး"
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မဟာအခက်အခဲ
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲ ထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံ ကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ် "ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ"

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...