Thursday, May 3, 2012

အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ

အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။




                       ရွှေမြန်မာဥယျာဉ်မှစိုင်းနေဇော်အောင်ရေးသားပါသည် 

နိုင်ငံတာကာရူခင်းတွေပါ

ရွှေမြန်မာဥယျာဉ်မှသူငယ်ချင်းမျအားလုံးမင်္ဂလာပါခင်ညာကျွန်တော်ကတောသားမို့ လိုလာတော့ မသိဘူးဗျာ
တောတောင်ရေမြေရူခင်းတွေကိုကြည့် ရတာအရမ်ကိုပျော်တာဗျအခုလဲနေခြင်းဝရာအရမ်းကောင်းတဲနေရာလေးတွေ
တင်ပေးလိုက်တယ်ပါဗျာ..ကျွန်တော်တောသူတောင်သားတွေကြည့် လိုရအောင်ပေါ့ ...ဗျာနိုင်ငံပေါင်းစုံကပါဘယ်
တွေကလဲတော့ မမှတ်မိတော့ ဘူးဗျာ...

  

  

  

  



  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  


  

  

  

  

 

Wednesday, May 2, 2012

ရင်တွင်းဖြစ်


အဝေးကို ပျံထွက်သွားတော့ ငှက်ငယ်ရေ
နင့်ခြေထောက်တွေ ငါသိမ်းကြုံးဖက်တွယ်ထားပေမယ့်….
နင့်တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ
ငါ့ရင်တွေ ကြေမွသွားရတယ်

(၁)

ဘယ်သူတွေဘာပြောမလဲ လို့ ကျွန်တော်မတွေးတတ်ဘူး… တွေးလဲ မတွေးချင်ဘူး။ လောကမှာ လွမ်းရမှ နေပျော်တဲ့ကောင် .. လွမ်းစရာတွေကို ခါးမှန်းသိပေမယ့် သောက်တတ်တယ်။ အလွမ်းဆိုတာ ကျွန်တော့်အတွက် ၀ိုင်တစ်ခွက်လိုပဲ…

ကျွန်တော်လွမ်းတယ်။ လွမ်းလွန်းလို့ အလွမ်းပြေနေရာတွေ ကျွန်တော်ရောက်ဖြစ်တယ်… ဒီနေရာလဲ လွမ်းစရာပဲ….

ဝိုင်တစ်ခွက် မှာလိုက်တယ်။ နာရီတစ်ချက် ကြည့်လိုက်တယ်။ ကျွန်တော့် မှာထိုင်ဖို့ အချိန် ၁ နာရီလောက်ရှိတယ်။ ၁ နာရီကျော်ပြီး နောက် ၁ နာရီလောက်ကြာရင် ဒီဆိုင်ကို သူမလာလိမ့်မယ်။ သူမလာခင် ကျွန်တော်ပြန်မယ်။ သူ့ကို တွေ့စရာ အကြောင်းမရှိဘူး။ သူ့ကို တွေ့ရင် မနေနိုင်ပဲ ဖွင့်ပြောမီမှာစိုးတယ်။ သူရှိမယ့် နေရာ သူသွားမယ်နေရာကို ကျွန်တော် အမြဲ စောရောက်တတ်တယ်။ သူမ မလာခင် ကျွန်တော်ပြန်သွားတယ်။ ရူးသွပ်မှုတစ်မျိုးလို့ ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အလွမ်းဖြေနည်းတစ်မျိုးပါ။

သူ့ကို ချစ်တယ်.. ဒါပေမယ့် စိတ်နာလိုက်ချင်တယ်…


လွမ်းတယ်.. ဒါပေမယ့် မတွေ့ချင်တော့ဘူး…

သူ့ကို လွမ်းဖို့ စိတ်နာဖို့ ဆိုတာ တကယ်တော့ အကြောင်းအရာ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့်…အားလုံးဟာ ကျွန်တော့်ဘက်က ပဲ။ ဟုတ်တယ် တစ်ဖက်သတ်ပေါ့… အချစ်ဆိုတာကို သူမက ဘယ်လိုမြင်လဲ မသိဘူး။ သေချာတာ သူမ မချစ်တတ်ဘူး။ ကျွန်တော်ကတော့ သူ့ကို ချစ်တယ်။ သူမအနားနေချင်တယ်။ နေခဲ့ရတယ်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ပေါ့။ ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ သူဟာ… စကားလုံးများစွာနဲ့ ကျွန်တော့်ရင်ကို ခွဲနေသူပါ။ သူ့ နှုတ်ဖျားက သူ့ကို ထားသွားတဲ့ သူကိုပဲ အမြဲတမ်းတတိုင်း ကျွန်တော် ပြောမယ့်စကားတွေကို အမြဲ ရေငုံနှုတ်ပိတ်ပြီး နေခဲ့ရတယ်။

“သူ့ကို ငါ အပြစ်မတင်ရက်ဘူး” “သူ့ကို ငါ ချစ်တယ်” “သူ ငါ့ကို သိပ်ချစ်ခဲ့တာ” “သူ… … ” “သူ … … … ” အဲဒီ သူဆိုတဲ့ နာမ်စားတစ်လုံး ကြောင့် သူ့နဘေး ရှင်သန်နေတဲ ကျွန်တော်ဟာ… သူ့ခံစားချက်တွေ ရင်ဖွင့်ရာ ဆိုတာထက်မပိုခဲ့ဘူး။

တကယ်တော့ သူမက တကိုယ်ကောင်းဆန် လွန်းတယ်။ သူများခံစားချက်ကို မကြည့်တတ်ဘူး။ တည်ငြိမ်လွန်းတယ်။ သွေးအေးလွန်းတယ်။ ဒါပေမယ့် ကျွန်တော် သူမကို ချစ်တယ်… တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော်နဲ့ ဝေးတဲ့အခါ… သူမ ပါးစပ်က သူလို့ ပြောတဲ့ အခါ… အဲ့ဒီ နာမ်စားဟာ ကျွန်တော် ဖြစ်ရင် ကျွန်တော် ကျေနပ်ပါတယ်။

အင်တာနက်သုံးတာကောင်းတယ်****အင်တာနက်သုံးတာမကောင်းဘူး

အင်တာနက်သုံးတာကောင်းတယ်..ကိုယ်မတွေ့ဘူးအရာများတွေမြင်ရတယ်.. ကိုယ်မကြားဘူတဲ့စကားများကြားရတယ်..
ကိုယ်နဲ့ မသိပေမယ့်သူငယ်ချင်းကောင်းများရတယ်။
သူတို့ တွေရဲနွေးထွေးမူကိုရတယ်..နောက်တခုကအင်တာနက်ကနေ..
ချစ်စရားကောင်းတဲ့မမကြီးတယောက်
ကိုကောက်ရထားတယ်။ ဒီတော့အင်တာနက်သုံးတာကောင်းတယ်...သုံးကြ။

အင်တာနက်သုံးတာမကောင်းဘူး...လကုန်ကာနီးရင်..အင်တာနက်သုံးလိုမီတာဆောင်ရတယ်...
လိုင်ကြေးဆောင်ရတယ်အင်တာနက်သုံးလို့အိပ်ရေပျက်ရတယ်။
 
အိပ်ရေးပျက်တော့ အလုပ်မဆင်းနိုင်ဘူး။ အလုပ်မဆင်းနိုင်တော့ သူဌေးကဆူတယ်။
ဒီတော့အင်တာနက်သုံးတာမကောင်းဘူး..မသုံးနဲ...

ဒီလိုကြတော့လည်းအင်တာနက်သုံးတာကောင်းပြန်ရော..
ရင်ထဲကရှိတဲစကားတွေကိုဖတ်ချင်သူ ရှိရှိ ၊ မရှိရှိ ရေးခြင် တာကိုအင်တာနက်မှာ
ရေးချလို့ ရတယ်။သူများနာထောင်ခြင်တာ၊ နားမထောင်ခြင်တာ ကိုယ်မသိ။
လုပ်ခြင်တာ ကို လွတ်လပ်စွာ လုပ်လို့ရတယ် ။ အခုလိုပေါ ..
ပေါကြောင်ကြောင် အတွေးနဲ့ ၊ ပေါကြောင်ကြောင်စာတွေရေးလိုရတယ်...
ကိုယ်ကကောင်းမလေးတယောက်ကိုရည်စားစာပေးခြင်တယ်။။။။
အပြင်မှာပေးရင်အခြေအနေမကာင်းရင် ပါးရိုက်ခံ၇မယ်။ အနည်းဆုံးတောရပ်ကွက်ရုံးတော့ ရောက်မယ်။ အခုတော့ပေးလို၇တယ်..ရည်းစား
စာကိုတောင်အချစ်သ၀ဏ်လွာအဖြစ်ကျွန်တော်တင်ခွင့်ရတယ်..
အဲတော့လဲအင်တာနက်သုံးတာကောင်းတယ်..သုံးကြ။

အင်တာနက်သုံတာမကောင်းဘူး...ဒီအင်တာနက်ကြောင့်.. အရူးမလေးဆိုတဲ့..မမ..တယောက်ကအင်တာနက်ကနေချေပစာနဲ
ထိုလို..အခုတော့ ခင်မောင်ထွန်း ဆိုတဲ့ ကျွန်တော် တော်တော်ကိုအိစလံဝေသွားပါတယ်..ဒီအင်တာနက်မှာပဲရွှေလက်ဝှေ့ဆိုလား
ရွှေနပန်းဆိုလာဘာလားတော့ မသိပါဘူး။ အင်တာနက်သုံးတာကောင်းတယ်။
မကောင်းဘူးပြုင်ရမယ်ဆိုတာကို တွေ့လို့ လက်ကမနေနိုင်၊ ခြေကမနေနိုင် သွားပြီး
ကျွန်တော်စာသွားရေးမိပါတယ်။ ရေးလိုက်တာကလဲ..ကျွန်တော် ဒီခေါင်းစဉ်နှစ်ပုဒ်ကိုတပုဒ်ထဲရေးလိုရမလားလို့
ရေးလိုက်မိပါတယ်..မိုးလည်းလင်ကော..ထိုင်း..မှာနေတဲအဒေါ်ကြီးတယောက်က အင်တာနက်ကနေလာဆူလို့..
အဆူခံရပါကောလား..ဗျာ...ဒီတော့ အင်တာနက်မကောင်းလို.. သူရှိနေလို..အခုလိုတွေ..အင်တာနက်ကနေ.အထိုးခံရ အဆူခံရနဲ့...
အင်တာနက်သုံတာမကောင်းဘူး...မသုံးနဲ..အော်မေ့လိုပြောဖို့ ကျန်သေးတယ်...
ထိုင်းကအဒေါ်ကြီးကဘာပြောသေးတယ်မှတ်လည်း
ထိုင်းမှာရေကြီးနေလို..ဟင်....ရေမကြီးလို့ကတောနင်မလွဲဘူးမှတ်ပါ.. အခုတောင်(လက်တော့)ကို ဒီမှာရေကြီးနေလိုအောက်ချ
မရလိုနင်ကိုပြောခြင်းလိုအားကြီးလိုဓာတ်တိုင်ပေါ်တက်ပြီး ချက်ကတာလိုလဲသူကပြောသွားသေးတယ်ဗျာ...

ဟီးးးးးးဟီးးးးးးရွှေနပန်းတော့ ပြိုင်ရဲဘူးနော်...ရွှေလက်ဝှေ့ဆို၇င် တော်သေးတယ်.
.အခုတော...(ဟာသ)လိုဘဲ ရုပ်ရိုက်မယ်နော်

ရယ်စရာတွေသယ်လာတယ်

ရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်း
မင်းဘယ်မှာနေလဲ
မျက်စိလည် လမ်းမှားပြီး ဘယ်သွားရမှန်းမသိ ယောင်လည်လည်ဖြစ်နေသော ကလေးငယ်တစ်ယောက်ကို
တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ထားကြရပြီး ကလေးငယ်ကို နေအိမ်ပြန်ပို့ပေးနိုင်ရန် လိပ်စာကို ကြိုးစား စစ်မေးနေကြသည်။
တာဝန်ရှိသူ။ ။ "" မင်းဘယ်လမ်းထဲမှာ နေသလဲ""
ကလေးငယ်။ ။ "" လမ်းထဲမှာ မနေပါဘူး၊ အိမ်ထဲမှာ နေပါတယ် "" ဟု ပြန်လည် ဖြေကြားလိုက်လေသည်။
ကျိုးပျက်စရာဆိုလို့
မိခင်တစ်ဦးသည် ကောလိပ်တက်နေသော သားတော်မောင်ထံ သမ္မာကျမ်းစာတစ်အုပ် ပို့ပေးလိုသည့်အတွက်
စာတိုက်သို့ ရောက်လာသည်။ စာတိုက်စာရေးဖြစ်သူက ပေးပို့မယ့် ပါဆယ်ထုပ်ထဲမှာ ကျိုးပျက်စရာ ပါ မပါ မေးမြန်းသည်။
"" ကျိုးပျက်စရာဆိုလို့ ပညတ်တော်ဆယ်ပါးပဲပါတယ်"" ဟု သူမက ပြန်ဖြေလိုက်သည်။
ဒါဆို လိမ်တာပဲ
သာလိကာကို သင်တန်းပေးပြီး စကားပြောသင်နေသူသည် သာလိကာအား "" ငါလမ်းလျှောက်တတ်တယ် "" ဟု သင်ပေးရာ
သာလိကာက "" ငါလမ်းလျှောက်တတ်တယ်"" ဟု ပြန်ဖြေခဲ့သည်။
ဆရာ။ ။ "" ငါစကားပြောတတ်တယ် ""
သာလိကာ။ ။ "" ငါစကားပြောတတ်တယ် ""
ဆရာ။ ။ "" ငါပျံသန်းနိုင်တယ် ""
သာလိကာ။ ။ "" ဒါဆိုလိမ်တာပဲ အတောင်ပံချိုးထားတယ် "" ဟု ပြန်ပြောခဲ့လေသည်။
နောက်ဆုံးတစ်ခုတည်း ကျန်လို့ပါ
အမြန်ရထားဖြစ်သည့် အတွက် ဘူတာတိုင်းတွင် အချိန်ကြာကြာ မရပ်ပါ။
ကျွန်မသည် ပလက်ဖောင်းပေါ်မှ ကလေးငယ်တစ်ဦးအား "" အန်တီ့ကို ကူညီပြီး သကြားပလာတာနှစ်ချပ် ၀ယ်ပေးပါ၊
တစ်ချပ်က သားစာ၊ တစ်ချပ်ကို အနှ်တီ့ကို ပေးပါ "" ဟုပြောပြီး ငွေတစ်ဆယ်ပေးကာ ၀ယ်ခိုင်းလိုက်သည်။
ကလေးငယ်သည် ပလာတာတစ်ချပ်ကို ကိုက်စားပြီး ကျွန်မအား ငွေငါးကျပ်ပြန်ပေးရင်း "" နောက်ဆုံးတစ်ချပ်တည်း ကျန်တယ် အန်တီရယ်"" ဟု
ပြန်ပြောခဲ့သည်။
ငါ့တာဝန်ကျေပြီ
စတိုးဆိုင်တစ်ခုမှ ထွက်ခွါလာသော အမျိုးသမီးကြီးတစ်ဦးသည် ငွေသိမ်းစာရေးအား ပြန်အမ်းငွေ မှားနေကြောင်း ပြန်လာပြောပြခဲ့သည်။
စာရေးကမူး "" ကောင်တာမှ မထွက်ခွါမီ စစ်ဆေးယူပါ၊ ကောင်တာမှ ထွက်ခွါပြီးနောက် မှားယွင်းမှုကို တာဝန်မယူ "" ဟူသော ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။
သည်တွင် အမျိုးသမီးကြီးမှ "" ဒါဆိုလည်း ပြီးတာပဲ၊ ငါ့တာဝန်ကျေပြီ၊ ငွေငါးရာ ပိုအမ်းလိုက်တော့ ငါမုန့်ဝယ်စားရတာပေါ့ "" ဟု ပြောဆိုရေရွတ်လိုက်ပြီး
ဆိုင်မှ ထွက်ခွါသွားလေသည်။
အရည်အချင်းတစ်ခု
လူတစ်ယောက် သူ့သူငယ်ချင်းအား "" ငါဝန်ကြီးချုပ်နေရာ ၀င်အရွေးခံမလို့ကွ "" ဟု ဖွင့်ဟ ကြေညာလိုက်ရာ
သူ့သူငယ်ချင်းက အံအားသင့်သွားပြီး "" မင်းရူးနေသလား "" ဟု မေးလိုက်၏။
သည်တော့ ထိုသူက "" ဘာလဲ၊ ရူးဖို့လိုလို့လား "" ဟု ပြန်ဖြေလိုက်၏။
အထင်မခံနိုင်ပေါင်
ကားကို ကိုယ်တိုင်မောင်းလာခဲ့သည့် အမျိုးသမီးကြီးက ဂရိရှေးဟောင်း ဘုရားကျောင်းပျက်ကြီး၏ ပြိုလဲကျနေသော တိုင်ကြီးများရှေ့တွင်
ဓါတ်ပုံအရိုက်ခံ၏။ "" ဓါတ်ပုံထဲမှာ ကားမပါစေနဲ့နော်၊ တော်ကြာ ယောက်ျားက ဒီနေရာကို ကျွန်မ၀င်တိုက်လိုက်တာလို့ ထင်သွားအုံးမယ် "" ဟု
အချိန်မီကလေး သတိလှမ်းပေးလိုက်၏။
လစာမြင့်လို့ပါ
လူကြီး။ ။ "" ဦးက ဒီနေရာနဲ့ စိမ်းနေလို့ပါကွယ်၊ ကျေးဇူးပြုပြီး အနီးဆုံးဘဏ်ကို မင်း ညွှန်နိုင်မလား""
ကလေးငယ်။ ။ "" ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဆယ်ဒေါ်လာတော့ ပေးရမယ် ""
လူကြီး။ ။ "" ဟ..များလှချေလားကွ....မင်း တောင်းတာ ...
ကလေးငယ်။ .။ "" ဘဏ်ညွှန်ကြားရေးမှူးတွေဆိုတာ လစာမြင့်တယ်ဗျ..""
ဒီလိုပါ ဒီလိုပါ
ခြံထဲတွင် ကစားနေသော ကျွန်တော့်မိတ်ဆွေ၏ လေးနှစ်အရွယ်သားငယ်လေးက သူ၏နားထဲသို့ ကျောက်ခဲဝင်သွားကြောင်း ပြောလေရာ
မိတ်ဆွေသည် ထိုကျောက်ခဲကို ပြန်လည်ထုတ်ယူရန် ကလေးအား ဆေးရုံသို့ အပြေးအလွှား ခေါ်သွားရလေသည်။ ဆရာဝန်က ထိုကျောက်ခဲအား ညင်သာချောမွေ့စွာ
ထုတ်ယူပေးလိုက်ရာ "" ဘယ်လိုများ ဒီကျောက်ခဲ နားထဲ ၀င်သွားရတာလဲ "" ဟု ဆရာဝန်က ကလေးကို မေးလိုက်သည်။
"" ဒီလိုပါ "" ဆိုပြီး ကလေးငယ်က ကျောက်ခဲကို သူ၏ နားထဲသို့ ပြန်ပြီး ထိုးသွင်းပြလိုက်သည်။ သူသည် ဒုတိယအကြိမ်မြောက် မေ့ဆေးပေးခံရပြန်တော့သည်။

~ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု~

~ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု~
ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။
ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု ခိုင်မြဲစေရမည်။
ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို လည်းကောင်း ယုံကြည်ကြရမည် ဖြစ်သည်။ “လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရမည်၊ မိမိပြုလုပ်သောကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ မည်သည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေကောင်းမွေကို ခံယူရမည်” စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ထိုသို့လက်ခံ ယုံကြည်နေပါက အမှန်ကို လက်ခံယုံကြည်နေခြင်း ဖြစ်၍ အယူဝါဒ မှန်ကန်နေခြင်း ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ)ကိုလည်း လက်ခံယုံကြည် ထားရမည် ဖြစ်သည်။ အမြင်မှန်ဆယ်ချက်မှာ
၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၃။ လက်ဆောင်ပေးကမ်းပူဇော်ခြင်း၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၎။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုကျိုးနှင့် အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၇။ လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်သိကြား ဗြဟ္မာဟူသော (သြပပါတိက) သတ္တဝါများရှိကြောင်း ယုံကြည်ခြင်း
၈။ ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း
၉။ သေပြီးနောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံကြသော သမဏဗြဟ္မဏတို့ရှိကြောင်း၊ ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြပေးကြောင်း ယုံကြည်ခြင်း တို့ဖြစ်သည်။
သို့သော် ဗုဒ္ဓဘာသာ တစ်ယောက်သည် အထက်ပါ ယုံကြည်မှုတို့ကို ယုံကြည်လက်ခံမှု မရှိတော့ဘဲ
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးရုံမျှမက မူလကရှိနေသော မှန်ကန်သည့် အယူဝါဒ (သမ္မာဒိဋ္ဌိ)သည်လည်း ပျက်စီးတော့သည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံယုံကြည်ထားကြသည့် ဗုဒ္ဓဘာသာဝင်များသည် အထက်ဖော်ပြပါ ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံထားသင့်သည့် အချက်အလက်များနှင့် အယူဝါဒ ပျက်စီးစေနိုင်မည့် လက်ခံမှုမျိုးကို သေချာကျနစွာ လေ့လာထားပြီး မှန်ကန်သည့် အယူဝါဒကို လက်ခံနိုင်အောင်နှင့် လက်ခံပြီးသား အယူဝါဒ မပျက်စီးအောင်လည်း သဒ္ဓါတရား၊ သတိတရားများနဲ့ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပေသည်။
အရှင်ဝိစိတ္တ (မနာပ ဒါယီ)

Monday, April 30, 2012

ကာတွန်

ထူဆန်းထွေလာပုံများ
ပျော်ရွင်ကြပါစေဗျာ....

ပျော်ရွင်စရာပဟေဋ္ဌိဖြေကြရအောင်.

(၁)အင်္ဂလိပ်အက္ခရာခေါ်တစ်လုံးထဲသတ္တ၀ါကဘာလဲ.....
(၂)ဘာအသီးအနှံမှစိုက်လိုမရတဲမြေကြီးကဘာလဲ.....
(၃)အသီးနဲအစေ့နာမည်မတူတာဘာလဲ......
(၄)ရွာတရွာမှာလူတယောက်ရဲစကားကိုအသက်ကြီးသူမှအစအသက်ငယ်သူအဆုံးသေသေချာချာဂရုတစိုက်နာထောင်ရတယ်အဲဒီလူဟာ
ဘယ်လိုလူမျီုးဖြစ်နိုင်မလဲ......
(၅)အရွက်တမျီုးနဲအသီးတမျီုးတိုဟာနာမည်တွေတူနေတယ်..ဒါပေမဲအဲဒီနှစ်မျီုးဟာအပင်မတူကြဘူး
အဲဒါ..ဘာအသီးနဲဘာအရွက်ဖြစ်နိုင်မလဲ....


အဖြေ...ကိုနောက်နေ့ စာမျက်နှာမှာကြည်ကြရအောင်....

ပျော်ရွင်စရာပဟေဋ္ဋီဖြေကြရအောင်(၂)

(၁)ပိုက်ဆံရှိပြီး  ၀ယ်စီးလိုမရတဲကားကဘာလဲ....?
......................................................................
(၂)လူရယ်လိုဖြစ်လာပြီးဆိုရင်မသွားသင့်တဲနေရာတခုရှိတယ်အဲဒါဘယ်နေရာလဲ...?
........................................................................................................
(၃)နိုင်ငံတကာအစားသောက်ပြိုင်ပွဲတခုမှာ တစ်နိုင်ငံကိုကိုယ်စားပြုတယောက်ပြိုင်ရတယ်အဲဒိအထဲမှာကျွန်တော်တို့ ရဲမြန်မာနိုင်ငံ
ပါတာပေါ့ ပြိုင်ပွဲရဲစည်းကမ်းချက်ကတောပြိုင်ပွဲဝင်တဲသူတွေသရေကျအောင်စားပြနိုင်သူကဆုရရှိမှာဖြစ်တယ်..
စားကြတာပေါ...သူတို့ နိုင်ငံထွက်ပစ္စည်းတွေ..ကိတ်မုန်..ပေါင်မုန်..ဟမ်ဘာကာ.အစုံပေါဗျာ..ကျွန်တော်တို့ ရဲကိုရွေမြန်မာကတော
ထိုင်ခုံပေါ်မှာဒူနှမ်နေပြီးကြည်နေတယ်သရေကိုလုံဝမကျဘူတဲဗျာ...အဲ..သူစားရမဲအလှည်ရောက်ကော...ကျွန်တော်တိုရဲမြန်မာ
အစားအစာတခုကိုစားပြလိုက်တာ..ပြိုင်ပွဲဝင်သူကော..ပွဲကြည်သူကော...ဒိုင်လူကြီးတွေပါ..သရေကျတောတာပါပဲ...
ဒါကြောင့်ဒိပြိုင်ပွဲမှာမြန်မာကဆုရရှိသွားတယ်.....ကျွန်တော်မေးခြင်းတာကတောဒိပြိုင်ပွဲမှာ..
ကိုရွှေမြန်မာက..ဘာစားပြလို...သရေကျသွားကြတာလဲ....?
......................................................................................
(၄)အမေရိကန်နိုင်ငံသားတယောက်ဟာနိုင်ငံပေါင်းစုံရဲဘာသာစကားကိုလေ့လာသင်ယူတာကိုအရမ်းဝါသနာပါတယ်
နိုင်ငံပေါင်းစုံရဲစကားကိုသူဟာတတ်မြောက်ကျွမ်းကျင်တယ်.သူမတတ်သေးတာကတောမြန်မာစကားဒါကြောင်သူဟာ
မြန်မာနိုင်ငံကိုလာပြီးမြန်မာစကားသင်ယူတာအနှစ်(၂၀)တိတိကြာခဲတယ်မြန်မာစကားလဲကျွမ်းကျင်ကျင်တတ်မြောက်
သွားတယ်ဒါကြောင့်သူနိုင်ငံကိုပြန်တောမယ်လိုဆရာကိုခွင်တောင်းပြီးပြန်ခဲတယ်သူမပြန်ခင်မှာမြန်မာစကားကို..က..မှ..အ..ပြောဆိုရမဲ
စကားတွေကိုစာအုပ်နဲရေးမှတ်ခဲတယ်..ပြန်လာတဲလမ်းမှာ..အဒေါ်ကြီးတယောက်ကကုန်စိမ်းတွေရောင်းနေတာတွေတော
သူက..အဒေါ်ကြီးဘာတွေရောင်းနေတာလဲ...မေးတော...အဒေါ်ကြီးက..စကားတခွန်းပြောလိုက်တာ...အဲဒီစကားကိုသူ
မှတ်လာတဲစာအုပ်ထဲမှာရှာတာလုံဝမတွေဘူး..သူသင်သမျှစကားတွေထဲမှာမြန်မာစကားကအလေးနက်ဆုံးလိုချီမွမ်းပြီး...
သူကအဒေါ်ကြီးဆိမှာငိုပြီးတောသူကိုမြန်မာစကားတတ်အောင်သင်ပေးပါလိုဆိုတောင်းပန်ပြီးပြောတယ်တဲ....
ကျွန်တော်မေးခြင်းတာကတော...အဒေါ်ကြီးကဘာစကားပြောလို.....သူကငိုပြီးတောင်းပန်ရတာလဲ..../
........သူငယ်ချင်းတို့ အားလုံးပျော်ရွင်ချမ်မြေကြပါစေ......

သိလှည့်ပါချစ်သူ

    ကောင်မလေး
နှလုံးသားမှာ မြစ်ဖျားခံပြီး...
စီးဆင်နေတဲ့  နှလုံးသွေတို့ ..
လိုင်းထပြီးလူပ်ရှားလာတဲ့.....
ရင်ခုန်သံ အချက်တိုင်းမှာ....
ငါ...ရဲ ချစ်ခြင်းမေတ္တာတွေ...
ကောင်မလေး... မင်းအတွက်ပါ....
အခြေမလှ မြေခနေတဲဘ၀ကို
မင်း..ကြိုက်သလိုဘောင်ခတ်လိုရပါတယ်....
နူညံအေးမြတဲ့   လေပြေညင်းလေးတခု
ဖန်ဆင်ရေးဆွဲမှာလား  ဒါမှမဟုတ် စုတ်ချက်ကြမ်းကြမ်းနဲ
နွေလည်ခေါင် ကန္တာရတခုလိုလည်း ရေးဆွဲနိုင်ပါတယ်  ကောင်မလေး.....
ညို့အားပြင်းတဲ့  မင်း အကြည့်တချက်မှာ 
ငါ...အရေပျော် နေခဲပါပြီး...
ဘ၀ကြမ်းကြမ်းမှာ  နေ့ အခါးတွေကိုစားသုံးရင် ဒိကမ္ဘာမှာ
မင်း....ရှိနေလို့  ငါ..နေနိုင်ပါသေးတယ်....
တချိုက ပြောကြတယ်  အချစ်ဟာ ဘ၀ရဲ့ အစိတ်ပိုင်းတခုတဲ့
ငါ...ဘ၀ကိုတော  မင်းအချစ်ရဲ အစိတ်ပိုင်းတစ်ခုအဖြစ်သုံးစွဲနိုင်ပါတယ်
ငြိုငြင်မူ ကင်းမဲ့စွာနဲ...ငါ..ကြည်ဖြူနေမှာပါ...
ယုံကြည်ရာ လက်လှမ်းပြီး
တစုံတခုကို လက်ကမ်းယူမယ်ဆိုရင်
ငါ...နှလုံးသားကိုမြူမူန်တစ်စ မပေစွန်းပဲ
မင်း..ကိုပေးနိုင်ပါတယ်....
ငါရဲ....မေတ္တာတရားနဲတည်ဆောက်ထားတဲ့
အချစ်ဗိမ္မာန်လေးမှာ အမြဲမဟုတ်၇င်တောင်
ခဏတဖြုတ်လောက်နေမယ်ဆိုရင်တောင် ငါရဲ အချစ်တွေနဲ....
ငါရဲ....အချစ်တွေနဲ့ ...မင်းကို....
ခဏလေးဖြစ်ဖြစ် ချစ်ခွင့်ရချင်ပါတယ်....
ကောင်မလေးရယ်.....




အချစ်ဆိုတဲအရာဟာ....
လူတယောက်ရဲ ဘ၀ကိုပျက်စီးအောင် ပေးစွမ်းနိုင်သလို...
ပျက်စီးနေတဲဘ၀တခုကိုပျော်ရွင်နိုင်အောင် ပေးစွမ်းနိုင်တယ်ဆိုတာ ...
ဟုတ်လား...သူငယ်ချင်းတို့ ....

းးးးးးးးးးကွက်လပ်းးးးးးးးးးးး

မျှော်လင်းခြင်းတွေ   ငါ.. ရင်မှာဗြောင်းဆန်ခဲတယ်.....
မင်း..မျက်ဝန်း...မင်းအပြုံး မင်းရဲဟန်မူရာ အကုန်လုံး မေ့လိုက်ဖို့ ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်လိုပါ.....
       ရာသီစက်ဝန်း အကြိမ်ကြိမ်လည်ပတ်ခဲပေမဲ....
မင်း..ပုံရိပ်တွေ  ငါစိတ်မှာအမြဲစိုးမိုနေဆဲ.....
မဖြစ်နိုင်ဘူး ဆိုတာမရှိပေမဲ မဖြစ်သေးတဲ  ငါ..နဲ..မင်းရဲ့  အနာဂတ်ကိုဘယ်လိုပုံသွင်ပြီးတည်ဆောက်ရမလဲ....?
     ဘာကြောင့်များ မဆုံနိုင်တဲလမ်းကိုရွေးချယ်ပေးခဲတာလဲ  ကံကြမ္မာရယ်......
တကယ်ဆို ငါရင်ထဲက ပြဇာတ်ကို အသက်သွင်းဖို့ မင်းကမရှိမဖြစ်ဇာတ်ဆောင်တယောက်ပါ....
ဒိလိုနဲ အမှောင်ထဲမှာ ငါတယောက်ထဲရှင်သန်နေခဲရ  ကျေဇူးပြုပြီး အလင်းရောင် တစက်လောက်
ဆောင်ကျဉ်းပေးနိုင်မလား...
အလွမ်းတွေနဲ ကြေကွဲမှုတွေကိုအဆုံသတ်ပြီးတော့ ...ကွက်လပ်...ကျန်နေတဲ..ငါ ရင်ကို....
မင်း...ရဲချစ်ခြင်းမေတ္တာတွေနဲ ဖြည့်ပေးပါနော်....
ကြယ်တွေငိုတဲ့...အချိန်ထိပေါ.......

သိရင်ပြောပေးကြပါ

အပြာရောင်လည်း....အလုပ်ကများ..နေကမကောင်း...စိတ်ကညစ်နဲ.လိုင်းပေါ်ကိုမေ၇ာက်တာ...၃ရက်.၄ရက်လောက်တော
ရှိပြီး...ဒီနေတော.သူငယ်ချင်းတွေကိုသတိရတာနဲ..စိတ်ညစ်နေတာတွေဖြေဖြောက်ဖို့ လိုင်းပေါ်ကိုတက်လာခဲတယ်...
အကူညီတောင်းမလိုပါ....ဟီးးးးဟီး...

ဒီနေ့ မနက်...အိပ်ရာထတော..သွားတိုက်ဖို့ ...သွားတိုက်ဆေးထဲလိုက်တာ...အများကြီးဖြစ်သွားလို...ကုန်ရင်လည်းဝယ်ဖို့ 
ပိုက်ဆံကမရှိတော...ပြန်ထဲတာထဲလိုမရလို...သွားတိုက်ဆေးကို..ပြန်ထဲတတ်သူရှိရင်ကူညီပြောပြပေးပါနော်..


ပြီးတော...ဗိုက်ဆာလာတာနဲ..ထမင်းစားတာ..ဘာမှမရှိဘူး...အဲဒါနဲဆီဆမ်းစားတော..ဆီးကလဲကုန်နေတယ်..ဆီကျံလေးနဲနဲ
ရှိတာနဲ..ဆီပုလင်းထဲကို..ထမင်းထဲပြီးလူးစားတာ..လူးပြီးတော.ထမင်းကပြန်ထုပ်လိုမရတောလို...အဲဒါဘယ်လိုလုပ်ရမလဲ..ဟင်..

နောက်တခုက..ကျွန်တော်တို့ ကမ္ဘာကြီးမှာ...ကျွန်တော်မကျေနပ်တာ..တခုရှိတယ်...ကျွန်တော်တို့ ယောင်္ကျားလေးတွေက
မိန်ခလေးတွေကို..ပဲ..ချစ်တယ်ဆိုတဲ..စကားကိုပြောရတယ်နော်...သူတို့ ကဘာလိုယောင်္ကျားလေးတွေကိုမပြောတာလဲ...
အဲလို..သူတိုကစပြိး...မပြောလို...ရွှေမှာ..နှစ်ချိုနေတဲ..အပျုီုကြီးတွေပေါ့ နေတာပေါ ....နောက်လည်းရမှာ..မဟုတ်ပါဘူး....
သူတို့ တွေက..မပြောတောဘူးနော်..ဘယ်သူတွေလဲဆိုတာ..ကြောက်လိုပါ...ဟိး....ဟီး....တခုသိခြင်းတာက.
ဘယ်နေ၇ာမှာ..မိန်းခလေးကပြောတဲနေ၇ာရှိလည်း..ဟင်း.........ပြောပါ.နော်....











အပြာရောင်ချစ်သူ မေးသမျှ မမချောချော ပြန်ဖြေသည်



ရွှေမြန်မာဥယျာဉ်မှ မန်ဘာ မိသားစုဝင်အားလုံး မင်္ဂလာပါခင်ဗျာ..............
.ရွှေမြန်မာဥယျာဉ်အတွက် ခုတစ်ခါအင်တာဗျူးဖို့ အလှည့်ကျလာတာကတော့
ကျွန်တော် အပြာရောင်ချစ်သူပါ ။ ကျွန်တော် ဘယ်သူ ကို ဗျူးရမလဲလို့ လိုက်ရှာလိုက်တော့
ဥယျာဉ်ယျာဉ်ထဲမှာ မိသားစု စိတ်အပြည့်နဲ့ လှုပ်ရှားမှုတွေ တော်တော်များကို ဆောင်ရွက်ပေးနေတဲ့ ခန့်ခန့်ချောချော
အမတစ်ယောက်ကို သွားတွေ့တယ်ဗျ..........အလုပ်တွေ တနေကုန်မအားလဲ အလုပ်က ပြန်တာနဲ့ မောရပမ်းရ
နားရမှန်းမသိအောင် ဆိုဒ်ကို အသစ်ဝင်တဲ့ မန်ဘာတွေကို ကြိုပေးနေရှာတဲ့ ခန့်2ချော2 မမကြီး မချောချောကို
အင်တာဗျူး လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ခင်ဗျာ................
*****************************

မမရေ မင်္ဂလာပါ ..........မမကို ရွှေမြန်မာဥယျာဉ်လေးအတွက် အင်တာဗျူးလုပ်ချင်လို့ပါ ။
ပထမဆုံး မေးချင်တာလေးကတော့ မမ နာမည် အရင်းလေးနဲ့ ခုလက်ရှိ မမ နေနေတဲ့ နေရာလေးကို ပြောပြပေးနော်..........
နာမည်ရင်းက အိအိချောပါ၊ ရွှေထဲဝင်တော့ အစ်မကြီးတွေ ချစ်စနိုးနဲ့ ခေါ်တဲ့ ချောချောဆိုတဲ့
နာမည်လေးကို သဘောကျလို့ ပေးခဲ့တာပါ။
.မမရဲ့ ဘ၀မှာ ခက်ခက်ခဲခဲနဲ့  ကိုယ့်ကိုယ်ကို ကြိုးစား ရုန်းကန်ခဲ့ရတဲ့ အရာ လေးတွေများ ရှိသလားဆိုတာလဲ သိပါရစေ၊ ရှိတယ်ဆိုရင်လဲ ဘယ်လိုများရုန်းကန်ခဲ့ရ သလဲ ဆိုတာကိုလဲ ရွှေမြန်မာဥယျာဉ် သားများကို ပညာလေးပေးပေးပါဦးလို့ ..
ဘ၀မှာ ပြောပြရလောက်တဲ့ အခက်ခဲဆိုတာမျိုး မရှိခဲ့ပါဘူး၊ ဒါကလဲ သူတပါးအပေါ်ထားတဲ့
စေသနာရဲ့ အကျိုးကျေးဇူးတွေ လို့ဘဲ မြင်ပါတယ်။ အဆင်မပြေရင်လဲ ခဏပါဘဲ၊
အဆင်ပြေ သွားပါတယ်။

လူငယ် တစ်ယောက်အနေနဲ့  လောကမှာ၊ လောက လူ့ ဘုံအလယ် လှုပ်ရှားနေတဲ့ နေရာမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ၊ ယဉ်ကျေးမှုပေါင်းစုံ ၊ အဲ့လိုမျိုး ကြားထဲမှာ မမ အနေနဲ့ အားလုံးနဲ့  သင့်တင့် လျှောက်ပတ်အောင် ဘယ်လိုများ လက်ကိုင် ထားပြီးတော့ ရှင်သန်လဲဆိုတာလဲ သိပါရ စေ။
မချော လူတော်တော်များများနဲ့ အဆင်ပြေအောင်ပေါင်းပါတယ်၊ သူများကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ ကိုယ်ကကောင်းအောင်နေမယ်ဆိုတဲ့ စိတ်ဘဲထားပါတယ်၊ အတတ်နိုင်ဆုံး
ကူညီပေးပါတယ်။ ကိုယ်ရေးတဲ့ ကိုယ်သမိုင်းကို ကောင်းတာတွေဘဲေ၇းချင်တယ်၊ ကျန်တာတော့
ကံတရားအတိုင်းပေါ့။
အခုဆိုလို့ ရှိရင် ဒီအင်တာနက်လဲ တော်တော်လေးကို ကျယ်ကျယ်ပြန့် ပြန့်ရှိ လာပြီ၊ အခုခေတ်အခေါ် ဆိုလို့ ရှိရင် IT ခေတ်၊ ဒီ IT ခေတ်နဲ့  လူငယ်တွေနဲ့  ဆက်စပ်မှုကို လူငယ်တစ်ယောက် အနေနဲ့  ဘယ်လိုများ မြင်သလဲဆိုတာကို သိပါရစေ။
ဒီဘက်ခေတ်က အချိန်တိုလေးအတွင်းမှာ အရမ်းကိုတိုးတတ်လာတော့ ကိုယ်တိုင်တောင်
နောက်မကျအောင် မနည်းလိုက်နေရတဲ့ ခေတ်ပါဘဲ၊ တတ်ထားတဲ့ပညာကို ကိုယ်ပိုင်အသိညဏ်နဲ့
ယှဉ်တွဲပြီး အသုံးချနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
မမရဲ့ မွေးရပ်ဇာတိက ..
ရန်ကုန်၊ မင်္ဂလာဒုံကပါ။

.ရွှေမြန်မာ ဥယျာဉ်ထဲကို ဘယ်ချိန်လောက်က စပြီးဝင်ရောက်ခဲ့လဲ ဆိုတာလဲ သိပါရစေ။
၂၃ရက် မေလ ၂၀၁၁ ပါ။
စိတ်ဓါတ်ကျတယ်ဆိုတာတော့ လူတိုင်းမှာ ဖြစ်ကြတာပဲ ခင်ဗျ။ မမကော စိတ်ဓာတ်ကျတဲ့ အချိန်ဆို ကိုယ်ကို ဘယ်လို အားပေးလဲ မမ။
စိတ်ဓာတ်ကျလောက်အောင်တော့ မဖြစ်ဖူးပါဘူး၊ စိတ်အရမ်းညစ်ခဲ့ဖူးတယ် ဒါပေမဲ့ ခဏဘဲ
အသိစိတ်ပြန်ဝင်လို့ သတိရတဲ့အချိန်မှာ စိတ်အမြန်ဆုံးပြောင်းတဲ့ နည်းကိုဘဲအမြဲသုံးပါတယ်။
နောက်ဆုံးတော့ စိတ်ညစ်အောင်လုပ်တာ ကိုယ်ကိုတိုင်ဘဲ ဆိုတာသိလိုက်ရတယ်လေ၊ ဒါကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာနေမှန်းသိလို စိတ်ညစ်တာတွေ အကြာကြီးမထားတော့ဘူး။
မမ ကျွန်တော်တို့ ဥယျာဉ်လေးကို အကြံပေးချင်တာလေးများ ရှိရင် ပြောပြပါအုံးနော်...............။
အကြံပေးနိုင်လောက်တဲ့ အထိမချောဘက်က မပြည့်စုံသေးတာကို တောင်းပန်ပါတယ်၊
သူငယ်ချင်းတွေ အားလုံးက သင်ဆရာ၊ မြင်ဆရာတွေပါ။ စပြီးဝင်ရောက်လာထဲက
ဘယ်ကိုမှ မသွားနိုင်တဲ့ အချက်က ရွှေမြန်မာရဲ့ ဆွဲဆောင်မှု့တခုပါဘဲ၊ဥယျာဉ်ကြီး ရှင်သန်ဖို့
အတွက် အားလုံးက တတ်ညီလက်ညီ ကြိုးစားနေတဲ့ အချိန်မှာ တထောင့်တနေရာက ပါဝင်ခွင့်
ရနေတာကို ကျေနပ်ပျော်ရွှင်မိပါတယ်။
မမရဲ့ ဘ၀ရှေ့ရေး အတွက် ပုံဖော်ထားတာလေး သိခွင့်ရမယ်ဆိုရင်ပြောပေးပါလား ခင်ဗျာ။
ဘ၀အတွက်ကတော့ လိုချင်တဲ့ ဆန္ဒရယ်လို့ မရှိတော့ပါဘူး၊လောလောဆယ် အဖြစ်ချင်ဆုံး
ကတော့ စိတ်ထဲမှာဆန္ဒရှိတဲ့ အတိုင်း မပူပင်ရဘဲ လှူနိုင်တဲ့ ဘ၀မျိုးကို လိုချင်မိတယ်။
မမတင်တဲ့ပို့စ်လေးတွေ ထူးထူးခြားခြားပုံလေးတွေ တွေ့ရတတ်တယ်နော်၊ ဘယ်လိုမျိုးလေး
ဖန်တီးထားတယ်ဆိုတာလေး သိချင်ပါတယ်။
မချောက ပုံလေးတွေ ရှာရတာ ပျော်တယ်။သူများတွေထက် ထူးခြားချင်တာကြောင့် ကိုယ်တိုင်ဘဲ
ရှာထားတာတွေပါ။ နိုင်ငံခြားဝက်ဆိုဒ်တွေ သွားတယ် တခုသဘောကျရင် ဂူဂဲလ်ထဲကနေ ပုံတွေ
များအောင် ပြန်ရှာရပါတယ်၊ ပင်ပင်ပန်းပန်းကြိုးစားထားတာတွေ ကွန်မန်းလေးတွေဖတ်၇င်း ကြိုက်ကြတယ်ဆိုရင် အမောပြေပါတယ်။
.နောက်ဆုံး မေးခွန်းလေးအနေနဲ့ ရွှေမြန်မာဥယျာဉ်က မမ သူငယ်ချင်းတွေ အတွက် စကားလက်ဆောင်လေး ။
ဥယျဉ်ထဲက သူငယ်ချင်းတွေ အားလုံးက စိတ်တူကိုယ်တူ သူငယ်ချင်းတွေပါဘဲ၊
ဘယ်နေရာမှာ ဘာတွေလုပ်လုပ် ကိုယ်ချင်းစာတဲ့ စိတ်လေးထားပေးပါလို့ စကားလက်ဆောင် လေးပါးချင်ပါတယ်ရှင်။
.ခုလို ကျွန်တော် မေးမြန်းစပ်စုတာလေးတွေကို စိတ်ရှည်ရှည်ဖြေပေးတဲ့ မမကို အထူးကျေးဇူးတင်ပါတယ် မမ။
ဟုတ်ကဲ့ပါ။ ဥယျဉ်မှူးလေးမှစပြီး မန်ဘာဝင်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်၊ သူငယ်ချင်း
အားလုံးပျော်ရွှင်ချမ်းမြေ့သော ဘ၀လေးတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

ကျွန်တော်ရဲ့ အင်တာဗျူး အစီစဉ်လေးကို ဒီမှာဘဲ ရပ်နားခွင့်ပြုပါခင်ဗျာ........နောက်တစ်ပတ်မှာ
ဘယ်သူက မေးပြီး .......ဘယ်သူများ ပြန်ဖြေမယ်ဆိုတာကို စောင့်မျှော်အားပေးကြပါအုံးနော်

အပြာရောင်ချစ်သူ


စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...