
မေတ္တာစွမ်းအင်
ကြီးမားပုံအကျိုးကို ဘုရားရှင်က အဆင့်ဘယ်လိုခွဲခြား ဟောကြားခဲ့သလဲ
သည်ကမ္ဘာလောကကြီး၌ စွမ်းအားအထက်မြက်ဆုံးတရားကို ပြပါဆိုလျှင် မေတ္တာတရားကိုသာ
ပြရပေလိမ့်မည်။ သတ္တဝါဝေနေယျ အပေါင်းကို မဟာမေတ္တာဂရုဏာ ကြီးမားစွာ
ဖြန့်ကြလျှက်ရှိသော မြတ်စွာဘုရားရှင်က မေတ္တာစွမ်းအင်း ကြီးမားပုံကို အဆင့် (
၁၀ ) ဆင့် ခွဲခြားလျှက် အောက်ပါအတိုင်း
ဟောကြားတော်မူခဲ့ပါသည် ။ ၁။ ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သော
ဘုရားအလောင်း ဝေလာမပဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတပန်တစ်ဦးကို
လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၂။ သောတာပန် ( ၁၀၀ ) ကို
လှူရခြင်းထက် သကဒါဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမာ၏။ ၃။
သကဒါဂါမ် (၁၀၀ ) ကိုလှူရခြင်းထက် အနာဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍
အကျိုးကြီးမာ၏ ။ ၄။ အနာဂါမ် ( ၁၀၀ ) ကို လှူရခြင်းထက် ရဟန္တာတစ်ပါးကို
လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၅။ ရဟန္တာ (၁၀၀ ) ကို လှူရခြင်းထက်
ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၆။ ပစ္စေကဗုဒ္ဓါ
အဆူ ( ၁၀၀ ) ကို လှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို လှူရခြင်းက သာလွန်၍
အကျိုးကြီးမား၏ ။ ၇။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက်
ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏။ ၈။
ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းထက် စတုဒိသာ သံဃာတော်ကို
ရည်စူး၍ ကျောင်းဆောက်လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ ၉။ စတုဒိသာ
သံဃာတော်ကို ရည်စား၍ ကျောင်းဆောက်လှူရခြင်းထက် သရဏဂုံသုံးပါးကို
ဆောက်တည်ခြင်း ၊ ငါးပါးသီလသိက္ခာပုဒ်ကို စောင့်ထိန်းခြင်းက သာလွန်၍
အကျိုးကြီးမာ၏ ။ ၁၀။ သရဏဂုံ ဆောက်တည်ခြင်း နှင့် ငါးပါးသီလ
စောင့်ထိန်းခြင်းထက် နံ့သာတစ်ရှူခန့်မျှ အချိန်ပိုင်းလောက်
မေတ္တာပွားများခြင်းက သာလွန်၍ အကျိုးကြီးမား၏ ။ သို့ ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် မေတ္တာစွမ်းအင်အကျိုးကို သိရှိနားလည်ပြီး မေတ္တာဓါတ်
ကိန်းအောင်းကာ ဝိပဿနာတရားများကို အားထုတ်သင့်ပေကြောင်း ဗုဒ္ဓဟောကြားခဲ့သော
အချက်အက်များဖြင့် တင်ပြရင်း နှိုးဆော်လိုက်ရပါသည် ။
No comments:
Post a Comment