Wednesday, May 23, 2012

ကမ္ဘာဈေးအကြီးဆုံးခွေး

အံ့သြဖွယ်ရာ၊ ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ၁.၅၄၈၅သန်း ) ရှိမယ်ဆိုရင် သင့်ကို တန်ဖိုးအကြီးဆုံး သတ္တ၀ါတစ်ကောင် ပို့ပေးပါလိမ့်မယ်။ အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)နဲ့ဝယ်ယူခြင်းခံရလို့ တန်ဖိုးအကြီးဆုံး ဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်သွားပါပြီ။ တရုတ်နိုင်ငံမြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိပြီး ကြက်သား၊ အမဲသားအပါအ၀င်၊ တန်ဖိုးကြီသည့်တရုတ်ရိုးရာအစားအစာ များဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်ကတော့ယခုလို သန်းကြွယ်သူဌေးပိုင်တာ ကံကောင်းတယ်လို့ ပြောရမလားပဲ။



မြန်မာငွေနဲ့ဆိုရင်တော့ ..ဟဲဟဲ မပြောရဲတော့ပါဘူးနော်။ အဲဒီအဖျားတောင် မချမ်းသာလို့။

တိဘက်ခွေးဘီလူးများဟာ ကိုယ်အလေးချိန် ၂၈၆ ပေါင် ( ရပ်ဘီကစားသမားတစ်ယောက်ရဲ့ ကိုယ်အလေး
ချိန်နီးပါး ) အထိရှိလာနိုင်တာမို့ သူ့ ရဲ့ ပိုင်ရှင်ကတော့ အိမ်ကြီးကြီးတစ်လုံးလည်း လိုအပ်မှာအမှန်ပါပဲ...
၁၁ လသားရှိသည့် ထိုခွေးဘီလူးဟာ ချွတ်ယွင်းချက်မရှိသည့် အကောင်းဆုံးမျိုးဖြစ်တာမို့ သူ့ အတွက် ယခု
လောက်ငွေကုန်ကြေးကျခံပြီး ၀ယ်ယူခြင်းဟာ လုံးဝတန်ပါတယ်လို့ ခွေးမျိုးစပ်ရောင်းသူ လူလျန်း ရဲ့ အဆို
အရသိရပါတယ်....


ဒီခွေးကို ပြုစုစောင့်ရှောက်ဖို့ ၀န်ထမ်းတွေအများကြီးခန့် ရ၊ လစာငွေတွေအများကြီးပေးရပါတယ်....
ပိုင်ရှင်အနေနှင့် ထို ပိုက်ဆံကြီးကို ခွေးအမတစ်ကောင်နှင့်မျိုးစပ်ပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၅၀၀၀ ရ
ရှိတောင်းယူနိုင်မှာဖြစ်ပါတယ်... " လို့ မျိုးစပ်ရောင်းသူ ကဆိုပါတယ်...ဒါက ချမ်းသာတဲ့သူတွေမှ ဖြုန်းနိုင်တဲ့သဘောပေါ့။

အနီရောင်ဟာ တရုတ်လူမျိုးများရဲ့ ကံကောင်းခြင်းဖြစ်လို့ ဒီလိုခွေးကိုပိုင်ဆိုင်ရင် ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တယ်လို့ အယုံကြည်ရှိကြပါတယ်။

ခွေးများဟာ လူအဖြစ်ပြန်ဝင်စားနိုင်ဖို့ သို့ တည်းမဟုတ် ရှန်ဘားလားဟုခေါ်သည့် ကောင်းကင်ဘုံ၊နတ်နန်း
သို့ ရောက်ရှိနိုင်ရန် ကုသိုလ်ကံအလုံအလောက်မရှိသေးသသည့် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏၀ိဥာဉ်များ ပြန်ဝင်စားကြသည်ဟု တိဘက်များကယုံကြည်ကြပါတယ်...
အဆိုပါတိဘက်ခွေးဘီလူးများကိုပိုင်ဆိုင်ခဲ့ ကြသူများတွင် ၀ိတိုရိယဘုရင်မကြီး၊ စတုတ္တမြောက်ဂျော့ ဘုရင်
နှင့် အနောက်ဥရောပကိုအောင်နိုင်စေရန်အတွက် (ချီတက်ခဲ့ စဉ်) ၎င်း၏စစ်တပ်နှင့် အတူ ခွေးပေါင်း ၃၀၀၀၀ ကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ သည့် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် လည်း ပါဝင်ပါတယ်...
ယခုအခါတွင်ဗြိတိန်နိုင်ငံ၌ တိဘက်ခွေးဘီလူးပေါင်း အကောင် ၃၀၀ ခန့် သာရှိပြီး ခွေးသားပေါက်လေးများ
အား တစ်ကောင်လျှင် ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ကျော်အထိ သင့် တင့် မျှတသော နှုံးထားဖြင့် ရောင်းချနေ
ကြပါတယ်...

တိဘက်ခွေးဘီလူး သားဖေါက်ရေဂျိန်းစ်ပယ်လီကတော့ " ထိုခွေးဘီလူးများဟာ အလွန်တတ်သိလိမ္မာကြပြီး ဘေး
အန္တရယ်များကျရောက်မှာကိုလည်း အလွန်တိကျစွာ အာရုံခံသိရှိနိုင်ကြပါတယ်...
တိဘက်ခွေးဘီလူးများကို မူလက ကျွဲ၊နွား၊သိုး၊ဆိတ် မွေးမြူရေးတိ၇ိစ္ဆာန်များအားထိန်းကျောင်းရန်အသုံးပြု
ခဲ့ ကြပြီး သူတို့ ဟာတစ်ခြားသောတိရိစ္ဆာန်များနှင့် လည်း သင့် မြတ်ကာ ကလေးများကိုလည်း ချစ်ခင်တွယ်
တာတတ်ကြပါတယ်...
ကျွန်တော့ မှာ ခြောက်ကောင်ရှိပြီး သူတို့ ကိုချစ်ကြောင်းမပြယင်၊ ဂရုမစိုက်ပဲနေယင် တီဗီရှေ့ မှာသာ သွား
ထိုင်နေကြတော့ တာပါပဲ..." လို့ ပြောပြခဲ့ ပါတယ်...

ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေးဘွဲ့ ကို ယခင်နှစ်က ပေါင်စတာလင် ၉၁၅၀၀၀ ( ဒေါ်
လာ ၁၄၉၉၃၅၉ နီးပါး) တန်ဖိုးရှိသည့် ခြင်္သေ့ နီ ဟုအမည်ရသည့် တိဘက်ခွေးဘီလူးက ပိုင်ဆိုင်ရရှိခဲ့ ပါ
တယ်...ခုတော့ သူက စံချိန်ချိုးသွားပြီတဲ့။
ဘယ်လိုလဲ.... ၀ယ်ချင်ရင်ထီထိုးကြနော့။



လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်မကောင်းကျိုး(၁၁)ချက်

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း
(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း
(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း
(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း
(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း
(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း
(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း
(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း
(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း
(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)
(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။
လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း
(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း
(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း
(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း
(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း
(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း
(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း
(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
့ မေးလို့ရခြင်း
(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း
(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။

A to Z ရည်းစားစာ

A to Z ရည်းစားစာ

 ``အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
*A* ရာဝတီတိုင်းမှာ
မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းလု
ိ ကြီးမားပါရဲ့
မေရယ်.....။
မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
*B* လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ်ဘာလို့ မှုနေရမှာလဲ ..
ဟင်း ..ဟင်း ..၀ီစကီထဲ *C* ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း
ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို
ဟော *D*ကောင် ဖြေရှင်းသုတ်သင်ပြပါမယ် မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့ *E* သံကလေးကိုတောင်
အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက
လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
*F *ကွဲကြေမွသွားမှာသေချာပါတယ်မေ၊
မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊
ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို ပိုင်ပိုင်နိုင်နိုင်
ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့
ကိုယ်ဟာ အင်မတန်မှ *G* ကျတဲ့သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။
မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
*H* ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊
ကိုယ်ဟာ တစ်သည်းမှာ တစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
*I* တွေ.တိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ
ယုံထားလိုက်စမ်းပါ၊
ကိုယ်အခု *J* ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ် မေ၊
ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊
နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့ *K* ၀ဋ်ပုဏ္ဍားတောင်
လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ
တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊
ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ရဲ့ *L* စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊
ရယ်ပဲရယ်စရာကောင်းသေးတော့၊
ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်းဖွင့် *M* ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊
ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
*N* ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။
ကိုယ်ဟာ မေ့အပေါ် *O* မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့
ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာ မ *P* ပြင်ခဲ့ဘူးဆိုရင်
အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့ *Q* ပင်တွေကို
နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ *R* တက်ပါဘူး၊
ကိုယ်အချစ်က ငရဲမီး *S* ဆစ်အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊
စကားတွေကို *T* တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့
မေတ္တာကိုတော့ ပြန် *U* ချင်ပါတယ်မေ။
ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က *V* ပင်တစ်ပင်အောက်မှာ ရေးနေတာ။
သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့ *W* ဘောလုံးတစ်လုံးက
ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ
ဘာဖြစ်သွားလဲမသိဘူး၊
ရန်ကုန်ပြန်ရောက်တော့မှပဲ *X* ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။
စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူးဆိုရင်တော့ ကိုယ်ဟာ အင်ဂျင် *Y* နဲ့
ပိုးသတ်ဆေး သောက်ရင်း *Z* ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ် မေ ´´

Saturday, May 19, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်


ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
Browse › Home › မြန်မာ့သတင်း » ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကိုတက်ရောက်နိုင်ဘို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၅ရက်မှာနော်ဝေးနိုင်ငံရောက်ရှိ
မှာဖြစ်ကြောင်းနော်ဝေးသံတမန်သတင်းရပ်ကွက်ကတဆင့်စုံစမ်းသိရှိရပါတယ်။

အနှစ်(၂၀)ကျော်အတွင်းပထမဆုံးအကြိမ်ပြည်ပခရီးစဉ်အဖြစ်ဇွန်လ(၁၄)ရက်နေ့မြန်မာနိုင်ငံမှ
စတင်ထွက်ခွါလာမှာဖြစ်ပြီးနော်ဝေးနိုင်ငံမှာ၎ရက်ကြာနေထိုင်ပြီးနောက်အိုင်ယာလန်၊အင်္ဂလန်ကို
ခရီးထပ်ဆက်မယ်လို့သိရပါတယ်။

“အော်စလိုကို၊ဇွန်လ၁၅ရက်နေ့ရောက်မယ်၊သူနဲ့လိုက်ပါလာတဲ့ NLD
အဖွဲ့ဝင်တချို့နဲ့အတူနော်ဝေးပါလီမန်ကိုလည်းလေ့လာမယ်၊မြန်မာနိုင်ငံသားတွေနဲ့လည်းတွေ့မယ်၊
၁၇ရက်နေ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကျင်းပပြီး၊ဆုလက်ခံမဲ့မြို့တော်ခမ်းမရှေ့မှာ
နော်ဝေးပြည်သူတွေနဲ့တွေ့ဆုံတဲ့အခမ်းအနားတခုထပ်လုပ်မဲ့အစီအစဉ်လည်းရှိပါတယ်” လို့အမည်မဖော်လိုတဲ့နော်ဝေးသံတမန်တယောက်ကပြောပါတယ်။

မကြာသေးခင်သီတင်းပတ်ကဘဲ၊နိုင်ငံကူးလက်မှတ်လက်ဝယ်ရရှိပြီဖြစ်တဲ့၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၈)ရက်နေ့အိုင်ယာလန်ကိုခရီး
ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက်မွေးနေ့ကိုအင်္ဂလန်နိုင်ငံမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ့အထိ နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း
မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်အပါအပါအ၀င်
ဝန်ကြီးတချို့နဲ့တနာရီကြာတွေ့ဆုံဆွေးနွေးခဲ့သလိုဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံပြီး
နော်ဝေးနိုင်ငံခရီးစဉ်ကိစ္စုအပြီးသပ်ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ မစ္စတာဘိုန်ဒယ်ဗစ်
ရဲ့ရန်ကုန်ခရီးစဉ်အတွင်း၊NLDအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့၊၈လေးလုံးမျိုးဆက်ကျောင်းသားတွေ၊
အပါအ၀င်နိုင်ငံရေးပါတီ၊တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့၊လူမှုရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတချို့နဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။

၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့၊နော်ဝေးနိုင်ငံခရီးစဉ်၊
အသေးစိတ်ကိုဆွေးနွေးတိုင်ပင်နိုင်ဘို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်သာမြင့်ဟာ
အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ့ကြိုတင်ရောက်ရှိမယ်လို့လည်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက်ကြာနော်ဝေးနိုင်ငံခရီးစဉ်အတွင်းသူ့ကိ၊ုတိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆုချီးမြှင့်ခဲ့တဲ့နော်ဝေးနိုင်ငံရဲ့ဒုတိယမြို့တော် ဘာဂင် မြို့ကိုသွားရောက်ပြီ်းရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိတဲ့အပြင်၊
စတာဘန်ဂါမြို့ကိုလည်းသွားရောက်ပြီးစတာဘန်ဂါတက္ကသိုလ်ကချီးမြှင့်မဲ့ဂုဏ်ထူးဆောင်
ဆုရယူဘို့လည်းရှိတယ်လို့သိရပါတယ်။

နော်ဝေးနိုင်ငံဟာမြန်မာနိုင်ငံနဲ့၊ထဲထဲဝင်ဝင်ဆက်ဆံနေသလိုလွန်ခဲ့တဲ့လကစီးပွားရေး
ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးပြီးနောက်၊မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လွှတ်တော်
ကိုယ်စားလှယ်များတသုတ်ပြီးတသုတ်လေ့လာရေးခရီးအလည်အပတ်ရောက်လာကြ
တာကိုတွေ့ရပါတယ်။

ယခ္ခုရက်ပိုင်းအတွင်းပြည်သူ့လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့အဖွဲ့၊တိုင်းရင်းသားလွှတ
်တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော်ကိုယ်စားလှယ်တချို့နော်ဝေး
ပါလီမန်ကိုလာရောက်လေ့လာနေသလို၊လာမဲ့ဇွန်လ(၁၈)ရက်နေ့မှာပြည်ပစီးပွားရင်း
နှီးမြှပ်နှံမှုဥက္ကဌ၊စက်မှုဝန်ကြီးဗိုလ်ချုပ်စိုးသိန်းနဲ့ဝန်ကြီး(၉)ဦးပါအဖွဲ့လည်းနော်ဝေးနိုင်င
ံကိုလာရောက်လည်ပတ်မဲ့အစီအစဉ်ရှိတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ဝေးနိုင်ငံခရီးစဉ်ကိုဥရောပရောက်မြန်မာများကလည်း
စိတ်ဝင်စားနေပြီး၊နော်ဝေးနိုင်ငံတ၀ှမ်းကမြန်မာနိုင်ငံသားတိုင်းရင်းသားတွေအပါအ၀င်၊
ဂျာမဏီ၊ပြင်သစ်၊ဆွီဒင်၊ဒိန်းမတ်၊နိုင်ငံတွေကမြန်မာ့နိုင်ငံရေးလှုပ်ရှားသူများလည်း
၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အလည်အပတ်ခရီးစဉ်အတွင်းနော်ဝေးနိုင်ငံကိုလာရောက်
တွေ့ဆုံကြမှာဖြစ်ပါတယ်။
ကိုညို (နော်ဝေး)
နိုဘယ်လ်စင်တာ

နော်ဝေးဘုရင့်နန်းတော်

ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာမည့်နော်ဝေးပါလီမန်

ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ်မိန့်ခွန်းပြောမဲ့အော်စလိုမြို့တော်ခမ်းမ

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအော်စလိုမှာဆန္ဒပြခဲ့စဉ်။
နောက်ဘက်မှာဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့်Grandဟော်တယ်

အဖန်ငါးရာငါးကမ္ဘာဆိုတာ...

အဖန်ငါးရာငါးကမ္ဘာဆိုတာ...

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”...။


ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...