Saturday, May 12, 2012

ထူးဆန်းထွေလာ

ထူးဆန်းထွေလာ



အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။


ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိရပါသည်..။


John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါသည်..။


အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါသည်..။


Space Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါသည် ၄င်းသည် သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။


Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါသည်..။

*ဆင်ခြင်သိမှတ်ဖွယ်ရာဓမ္မလင်္ကာ*

ရှည်လျားလှသော သံသရာခရီးတွင် ရခဲလှစွာသော တိုတောင်းလှစွာသော လူ့ဘ၀တွင် လောဘ၊ဒေါသ၊ မောဟတွေ ဖုံးလွမ်းပြီး ကာမဂုဏ်အာရုံထဲတွင် နစ်မျောနေကြသော ပုထုဇဉ်လူသားတို့အတွက် လယ်တီ ဆရာတော်၊ မန်လည်ဆရာတော်နှင့် အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ကြီးသုံးပါးက သတိတရားရစေရန် ရည်ရွယ်၍ ကြိုးစားရေးဖွဲ့ထားသော ဆုံးမစာ(၃) ခုကိုဖော်ပြလိုက်ပါသည်။
“ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့မခန်း
အောက်ဝီစိသောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည်နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘစရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုင်ချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား”
(လယ်တီဆရာတော်)
“ကျီးနက်မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကိုမလှမ်း၊
ကမ်းကိုမသက်၊ အပုပ်မက်၍၊ စီးလျက်စားကာ၊ လိုက်လေပါက၊
သမုဒ္ဒရာရောက်ဆိုက်၊ လှိုင်းဝဲရိုက်၍၊ ရေ၌မွန်းနစ်၊ ငါးစာဖြစ်သို့၊
စင်စစ်မှတ်ဆောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ဝဋ္ဋ်ထဲ၊ သေအောင်စွဲ၍
အမြဲနေငြား၊ သားမယားနှင့်၊ ခံစားကာမ၊ လူထိုမျှကို
ကာကပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုတို့၊ ရွေနှုတ်လှစ်ချွေ၊ဟောခဲ့ပေ၏”
(မန်လည်ဆရာတော်)
“ခရီးကရှည်၊ အရူးတွေ
စားရေးကသိုး၊ အဖော်ကဆိုးသနဲ့
အမျိုးမျိုး ကာမဂုဏ်၊
အာရုံတွေအလွန် နှောက်တာကြောင့်
အပါယ်ဘုံ အခါခါရောက်သော်လည်း
လွတ်မြောက်ဖို့ဝေး”
(အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်)
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Friday, May 11, 2012

လမင်းဝင်းပပ(မရဲမျက်နှာ)

ညတုန်းက.......
လမင်းကြီး ၀င်းပပကို....
တိတ်တွေကြားမှာမြင်ရတော.....
မကို...
ယစ်ယစ်မူးမူး သတိရမိတယ်.....
မဟာ....
ငါရဲ့ လမင်းဆိုရင်.....
ငါက....
လမင်းထဲမှာထင်နေတဲ့...
အရိပ်ကလေးဖြစ်ချင်တယ်...
တချိုကပြောတော့...
ဆန်ဖွတ်တဲအဖိုးအိုရဲ အရိပ်လို့ ..
မြင်သတဲ..
ငါကတော့ ...
အဲဒိလို မမြင်ဘူး....
မရဲ...မျက်နှာ..
ငွေလမင်းထဲမှာရောက်နေတဲ..
ငါရဲပုံရိပ်လို့ ...
ထင်မိတယ်......
ကဲးးးးးးးးး
ပိုတယ်လိုးးးးးးးးးးမးးးးပြောဦးမှာလား........ဟင်.....

Sunday, May 6, 2012

(ဗုဒ္ဓဝင် ပုံတော်များဖြင့်ကြည်ညိုဖွယ်ရာ)

သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား 
ဗျာဒိတ်စကား ပေးတော်မူပုံ



မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။
 

မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။
 

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ။


ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)။

 

  
 
အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း။

အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း။




အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း။
 

အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ။
နန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။

ဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ။
အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်
မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်
ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ။
ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ။
ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ။
 

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ။
 

မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
 

  

  

  

  

  

  

  

  

  

  


  

 

  

ဘုရားရှင် ပရိတ်နိဗ္ဗာန် စံတော်မူပုံ လေးကိုတော့ facebook မှ ရပါသည်။
ဗျာ၊ ဖွား ၊ပွင့်၊ စံ = ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဒဘာသာဝင်တိုအတွက် ထူးမြတ်သော နေ့ကြီးတနေ့ပါ။
ကုသိုလ်ကောင်းမှုများပြုခြင် ၊ဥပုဒ် သီလ စောင့်ထိန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့်
ဗုဒ္ဓဘုရားရှင်အား ပူဇော်ကြပါစို့ပုံ။
(ရွှေအိမ်စည်)
မှ
(ရဲဇော်ကို)

ရွှေမြန်မာဥယျာဉ်မှရဲဇော်ကိုရေးသားပါသည်
ုပြန်လည်မျှဝေကူသိုလ်ယူလိုက်ပါသည်

Thursday, May 3, 2012

အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ

အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။




                       ရွှေမြန်မာဥယျာဉ်မှစိုင်းနေဇော်အောင်ရေးသားပါသည် 

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...