Thursday, May 3, 2012

အထူး သတိပြုရန် - ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ

အထူး သတိပြုရန် ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်း delete လုပ်ပစ်ပါ။
သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင် It is too late now, your life is no longer beautiful
ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏
အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော
virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချက်ချင်း လက်ဆင့်ကမ်းကူညီပါ။




                       ရွှေမြန်မာဥယျာဉ်မှစိုင်းနေဇော်အောင်ရေးသားပါသည် 

နိုင်ငံတာကာရူခင်းတွေပါ

ရွှေမြန်မာဥယျာဉ်မှသူငယ်ချင်းမျအားလုံးမင်္ဂလာပါခင်ညာကျွန်တော်ကတောသားမို့ လိုလာတော့ မသိဘူးဗျာ
တောတောင်ရေမြေရူခင်းတွေကိုကြည့် ရတာအရမ်ကိုပျော်တာဗျအခုလဲနေခြင်းဝရာအရမ်းကောင်းတဲနေရာလေးတွေ
တင်ပေးလိုက်တယ်ပါဗျာ..ကျွန်တော်တောသူတောင်သားတွေကြည့် လိုရအောင်ပေါ့ ...ဗျာနိုင်ငံပေါင်းစုံကပါဘယ်
တွေကလဲတော့ မမှတ်မိတော့ ဘူးဗျာ...

  

  

  

  



  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  

  


  

  

  

  

 

Wednesday, May 2, 2012

ရင်တွင်းဖြစ်


အဝေးကို ပျံထွက်သွားတော့ ငှက်ငယ်ရေ
နင့်ခြေထောက်တွေ ငါသိမ်းကြုံးဖက်တွယ်ထားပေမယ့်….
နင့်တောင်ပံခတ်သံ တဖျတ်ဖျတ်မှာ
ငါ့ရင်တွေ ကြေမွသွားရတယ်

(၁)

ဘယ်သူတွေဘာပြောမလဲ လို့ ကျွန်တော်မတွေးတတ်ဘူး… တွေးလဲ မတွေးချင်ဘူး။ လောကမှာ လွမ်းရမှ နေပျော်တဲ့ကောင် .. လွမ်းစရာတွေကို ခါးမှန်းသိပေမယ့် သောက်တတ်တယ်။ အလွမ်းဆိုတာ ကျွန်တော့်အတွက် ၀ိုင်တစ်ခွက်လိုပဲ…

ကျွန်တော်လွမ်းတယ်။ လွမ်းလွန်းလို့ အလွမ်းပြေနေရာတွေ ကျွန်တော်ရောက်ဖြစ်တယ်… ဒီနေရာလဲ လွမ်းစရာပဲ….

ဝိုင်တစ်ခွက် မှာလိုက်တယ်။ နာရီတစ်ချက် ကြည့်လိုက်တယ်။ ကျွန်တော့် မှာထိုင်ဖို့ အချိန် ၁ နာရီလောက်ရှိတယ်။ ၁ နာရီကျော်ပြီး နောက် ၁ နာရီလောက်ကြာရင် ဒီဆိုင်ကို သူမလာလိမ့်မယ်။ သူမလာခင် ကျွန်တော်ပြန်မယ်။ သူ့ကို တွေ့စရာ အကြောင်းမရှိဘူး။ သူ့ကို တွေ့ရင် မနေနိုင်ပဲ ဖွင့်ပြောမီမှာစိုးတယ်။ သူရှိမယ့် နေရာ သူသွားမယ်နေရာကို ကျွန်တော် အမြဲ စောရောက်တတ်တယ်။ သူမ မလာခင် ကျွန်တော်ပြန်သွားတယ်။ ရူးသွပ်မှုတစ်မျိုးလို့ ထင်ချင်ထင်မယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အလွမ်းဖြေနည်းတစ်မျိုးပါ။

သူ့ကို ချစ်တယ်.. ဒါပေမယ့် စိတ်နာလိုက်ချင်တယ်…


လွမ်းတယ်.. ဒါပေမယ့် မတွေ့ချင်တော့ဘူး…

သူ့ကို လွမ်းဖို့ စိတ်နာဖို့ ဆိုတာ တကယ်တော့ အကြောင်းအရာ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့်…အားလုံးဟာ ကျွန်တော့်ဘက်က ပဲ။ ဟုတ်တယ် တစ်ဖက်သတ်ပေါ့… အချစ်ဆိုတာကို သူမက ဘယ်လိုမြင်လဲ မသိဘူး။ သေချာတာ သူမ မချစ်တတ်ဘူး။ ကျွန်တော်ကတော့ သူ့ကို ချစ်တယ်။ သူမအနားနေချင်တယ်။ နေခဲ့ရတယ်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ပေါ့။ ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ သူဟာ… စကားလုံးများစွာနဲ့ ကျွန်တော့်ရင်ကို ခွဲနေသူပါ။ သူ့ နှုတ်ဖျားက သူ့ကို ထားသွားတဲ့ သူကိုပဲ အမြဲတမ်းတတိုင်း ကျွန်တော် ပြောမယ့်စကားတွေကို အမြဲ ရေငုံနှုတ်ပိတ်ပြီး နေခဲ့ရတယ်။

“သူ့ကို ငါ အပြစ်မတင်ရက်ဘူး” “သူ့ကို ငါ ချစ်တယ်” “သူ ငါ့ကို သိပ်ချစ်ခဲ့တာ” “သူ… … ” “သူ … … … ” အဲဒီ သူဆိုတဲ့ နာမ်စားတစ်လုံး ကြောင့် သူ့နဘေး ရှင်သန်နေတဲ ကျွန်တော်ဟာ… သူ့ခံစားချက်တွေ ရင်ဖွင့်ရာ ဆိုတာထက်မပိုခဲ့ဘူး။

တကယ်တော့ သူမက တကိုယ်ကောင်းဆန် လွန်းတယ်။ သူများခံစားချက်ကို မကြည့်တတ်ဘူး။ တည်ငြိမ်လွန်းတယ်။ သွေးအေးလွန်းတယ်။ ဒါပေမယ့် ကျွန်တော် သူမကို ချစ်တယ်… တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော်နဲ့ ဝေးတဲ့အခါ… သူမ ပါးစပ်က သူလို့ ပြောတဲ့ အခါ… အဲ့ဒီ နာမ်စားဟာ ကျွန်တော် ဖြစ်ရင် ကျွန်တော် ကျေနပ်ပါတယ်။

အင်တာနက်သုံးတာကောင်းတယ်****အင်တာနက်သုံးတာမကောင်းဘူး

အင်တာနက်သုံးတာကောင်းတယ်..ကိုယ်မတွေ့ဘူးအရာများတွေမြင်ရတယ်.. ကိုယ်မကြားဘူတဲ့စကားများကြားရတယ်..
ကိုယ်နဲ့ မသိပေမယ့်သူငယ်ချင်းကောင်းများရတယ်။
သူတို့ တွေရဲနွေးထွေးမူကိုရတယ်..နောက်တခုကအင်တာနက်ကနေ..
ချစ်စရားကောင်းတဲ့မမကြီးတယောက်
ကိုကောက်ရထားတယ်။ ဒီတော့အင်တာနက်သုံးတာကောင်းတယ်...သုံးကြ။

အင်တာနက်သုံးတာမကောင်းဘူး...လကုန်ကာနီးရင်..အင်တာနက်သုံးလိုမီတာဆောင်ရတယ်...
လိုင်ကြေးဆောင်ရတယ်အင်တာနက်သုံးလို့အိပ်ရေပျက်ရတယ်။
 
အိပ်ရေးပျက်တော့ အလုပ်မဆင်းနိုင်ဘူး။ အလုပ်မဆင်းနိုင်တော့ သူဌေးကဆူတယ်။
ဒီတော့အင်တာနက်သုံးတာမကောင်းဘူး..မသုံးနဲ...

ဒီလိုကြတော့လည်းအင်တာနက်သုံးတာကောင်းပြန်ရော..
ရင်ထဲကရှိတဲစကားတွေကိုဖတ်ချင်သူ ရှိရှိ ၊ မရှိရှိ ရေးခြင် တာကိုအင်တာနက်မှာ
ရေးချလို့ ရတယ်။သူများနာထောင်ခြင်တာ၊ နားမထောင်ခြင်တာ ကိုယ်မသိ။
လုပ်ခြင်တာ ကို လွတ်လပ်စွာ လုပ်လို့ရတယ် ။ အခုလိုပေါ ..
ပေါကြောင်ကြောင် အတွေးနဲ့ ၊ ပေါကြောင်ကြောင်စာတွေရေးလိုရတယ်...
ကိုယ်ကကောင်းမလေးတယောက်ကိုရည်စားစာပေးခြင်တယ်။။။။
အပြင်မှာပေးရင်အခြေအနေမကာင်းရင် ပါးရိုက်ခံ၇မယ်။ အနည်းဆုံးတောရပ်ကွက်ရုံးတော့ ရောက်မယ်။ အခုတော့ပေးလို၇တယ်..ရည်းစား
စာကိုတောင်အချစ်သ၀ဏ်လွာအဖြစ်ကျွန်တော်တင်ခွင့်ရတယ်..
အဲတော့လဲအင်တာနက်သုံးတာကောင်းတယ်..သုံးကြ။

အင်တာနက်သုံတာမကောင်းဘူး...ဒီအင်တာနက်ကြောင့်.. အရူးမလေးဆိုတဲ့..မမ..တယောက်ကအင်တာနက်ကနေချေပစာနဲ
ထိုလို..အခုတော့ ခင်မောင်ထွန်း ဆိုတဲ့ ကျွန်တော် တော်တော်ကိုအိစလံဝေသွားပါတယ်..ဒီအင်တာနက်မှာပဲရွှေလက်ဝှေ့ဆိုလား
ရွှေနပန်းဆိုလာဘာလားတော့ မသိပါဘူး။ အင်တာနက်သုံးတာကောင်းတယ်။
မကောင်းဘူးပြုင်ရမယ်ဆိုတာကို တွေ့လို့ လက်ကမနေနိုင်၊ ခြေကမနေနိုင် သွားပြီး
ကျွန်တော်စာသွားရေးမိပါတယ်။ ရေးလိုက်တာကလဲ..ကျွန်တော် ဒီခေါင်းစဉ်နှစ်ပုဒ်ကိုတပုဒ်ထဲရေးလိုရမလားလို့
ရေးလိုက်မိပါတယ်..မိုးလည်းလင်ကော..ထိုင်း..မှာနေတဲအဒေါ်ကြီးတယောက်က အင်တာနက်ကနေလာဆူလို့..
အဆူခံရပါကောလား..ဗျာ...ဒီတော့ အင်တာနက်မကောင်းလို.. သူရှိနေလို..အခုလိုတွေ..အင်တာနက်ကနေ.အထိုးခံရ အဆူခံရနဲ့...
အင်တာနက်သုံတာမကောင်းဘူး...မသုံးနဲ..အော်မေ့လိုပြောဖို့ ကျန်သေးတယ်...
ထိုင်းကအဒေါ်ကြီးကဘာပြောသေးတယ်မှတ်လည်း
ထိုင်းမှာရေကြီးနေလို..ဟင်....ရေမကြီးလို့ကတောနင်မလွဲဘူးမှတ်ပါ.. အခုတောင်(လက်တော့)ကို ဒီမှာရေကြီးနေလိုအောက်ချ
မရလိုနင်ကိုပြောခြင်းလိုအားကြီးလိုဓာတ်တိုင်ပေါ်တက်ပြီး ချက်ကတာလိုလဲသူကပြောသွားသေးတယ်ဗျာ...

ဟီးးးးးးဟီးးးးးးရွှေနပန်းတော့ ပြိုင်ရဲဘူးနော်...ရွှေလက်ဝှေ့ဆို၇င် တော်သေးတယ်.
.အခုတော...(ဟာသ)လိုဘဲ ရုပ်ရိုက်မယ်နော်

ရယ်စရာတွေသယ်လာတယ်

ရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်းရယ်လိုက်ကြစို့ သူငယ်ချင်း
မင်းဘယ်မှာနေလဲ
မျက်စိလည် လမ်းမှားပြီး ဘယ်သွားရမှန်းမသိ ယောင်လည်လည်ဖြစ်နေသော ကလေးငယ်တစ်ယောက်ကို
တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ထားကြရပြီး ကလေးငယ်ကို နေအိမ်ပြန်ပို့ပေးနိုင်ရန် လိပ်စာကို ကြိုးစား စစ်မေးနေကြသည်။
တာဝန်ရှိသူ။ ။ "" မင်းဘယ်လမ်းထဲမှာ နေသလဲ""
ကလေးငယ်။ ။ "" လမ်းထဲမှာ မနေပါဘူး၊ အိမ်ထဲမှာ နေပါတယ် "" ဟု ပြန်လည် ဖြေကြားလိုက်လေသည်။
ကျိုးပျက်စရာဆိုလို့
မိခင်တစ်ဦးသည် ကောလိပ်တက်နေသော သားတော်မောင်ထံ သမ္မာကျမ်းစာတစ်အုပ် ပို့ပေးလိုသည့်အတွက်
စာတိုက်သို့ ရောက်လာသည်။ စာတိုက်စာရေးဖြစ်သူက ပေးပို့မယ့် ပါဆယ်ထုပ်ထဲမှာ ကျိုးပျက်စရာ ပါ မပါ မေးမြန်းသည်။
"" ကျိုးပျက်စရာဆိုလို့ ပညတ်တော်ဆယ်ပါးပဲပါတယ်"" ဟု သူမက ပြန်ဖြေလိုက်သည်။
ဒါဆို လိမ်တာပဲ
သာလိကာကို သင်တန်းပေးပြီး စကားပြောသင်နေသူသည် သာလိကာအား "" ငါလမ်းလျှောက်တတ်တယ် "" ဟု သင်ပေးရာ
သာလိကာက "" ငါလမ်းလျှောက်တတ်တယ်"" ဟု ပြန်ဖြေခဲ့သည်။
ဆရာ။ ။ "" ငါစကားပြောတတ်တယ် ""
သာလိကာ။ ။ "" ငါစကားပြောတတ်တယ် ""
ဆရာ။ ။ "" ငါပျံသန်းနိုင်တယ် ""
သာလိကာ။ ။ "" ဒါဆိုလိမ်တာပဲ အတောင်ပံချိုးထားတယ် "" ဟု ပြန်ပြောခဲ့လေသည်။
နောက်ဆုံးတစ်ခုတည်း ကျန်လို့ပါ
အမြန်ရထားဖြစ်သည့် အတွက် ဘူတာတိုင်းတွင် အချိန်ကြာကြာ မရပ်ပါ။
ကျွန်မသည် ပလက်ဖောင်းပေါ်မှ ကလေးငယ်တစ်ဦးအား "" အန်တီ့ကို ကူညီပြီး သကြားပလာတာနှစ်ချပ် ၀ယ်ပေးပါ၊
တစ်ချပ်က သားစာ၊ တစ်ချပ်ကို အနှ်တီ့ကို ပေးပါ "" ဟုပြောပြီး ငွေတစ်ဆယ်ပေးကာ ၀ယ်ခိုင်းလိုက်သည်။
ကလေးငယ်သည် ပလာတာတစ်ချပ်ကို ကိုက်စားပြီး ကျွန်မအား ငွေငါးကျပ်ပြန်ပေးရင်း "" နောက်ဆုံးတစ်ချပ်တည်း ကျန်တယ် အန်တီရယ်"" ဟု
ပြန်ပြောခဲ့သည်။
ငါ့တာဝန်ကျေပြီ
စတိုးဆိုင်တစ်ခုမှ ထွက်ခွါလာသော အမျိုးသမီးကြီးတစ်ဦးသည် ငွေသိမ်းစာရေးအား ပြန်အမ်းငွေ မှားနေကြောင်း ပြန်လာပြောပြခဲ့သည်။
စာရေးကမူး "" ကောင်တာမှ မထွက်ခွါမီ စစ်ဆေးယူပါ၊ ကောင်တာမှ ထွက်ခွါပြီးနောက် မှားယွင်းမှုကို တာဝန်မယူ "" ဟူသော ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။
သည်တွင် အမျိုးသမီးကြီးမှ "" ဒါဆိုလည်း ပြီးတာပဲ၊ ငါ့တာဝန်ကျေပြီ၊ ငွေငါးရာ ပိုအမ်းလိုက်တော့ ငါမုန့်ဝယ်စားရတာပေါ့ "" ဟု ပြောဆိုရေရွတ်လိုက်ပြီး
ဆိုင်မှ ထွက်ခွါသွားလေသည်။
အရည်အချင်းတစ်ခု
လူတစ်ယောက် သူ့သူငယ်ချင်းအား "" ငါဝန်ကြီးချုပ်နေရာ ၀င်အရွေးခံမလို့ကွ "" ဟု ဖွင့်ဟ ကြေညာလိုက်ရာ
သူ့သူငယ်ချင်းက အံအားသင့်သွားပြီး "" မင်းရူးနေသလား "" ဟု မေးလိုက်၏။
သည်တော့ ထိုသူက "" ဘာလဲ၊ ရူးဖို့လိုလို့လား "" ဟု ပြန်ဖြေလိုက်၏။
အထင်မခံနိုင်ပေါင်
ကားကို ကိုယ်တိုင်မောင်းလာခဲ့သည့် အမျိုးသမီးကြီးက ဂရိရှေးဟောင်း ဘုရားကျောင်းပျက်ကြီး၏ ပြိုလဲကျနေသော တိုင်ကြီးများရှေ့တွင်
ဓါတ်ပုံအရိုက်ခံ၏။ "" ဓါတ်ပုံထဲမှာ ကားမပါစေနဲ့နော်၊ တော်ကြာ ယောက်ျားက ဒီနေရာကို ကျွန်မ၀င်တိုက်လိုက်တာလို့ ထင်သွားအုံးမယ် "" ဟု
အချိန်မီကလေး သတိလှမ်းပေးလိုက်၏။
လစာမြင့်လို့ပါ
လူကြီး။ ။ "" ဦးက ဒီနေရာနဲ့ စိမ်းနေလို့ပါကွယ်၊ ကျေးဇူးပြုပြီး အနီးဆုံးဘဏ်ကို မင်း ညွှန်နိုင်မလား""
ကလေးငယ်။ ။ "" ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဆယ်ဒေါ်လာတော့ ပေးရမယ် ""
လူကြီး။ ။ "" ဟ..များလှချေလားကွ....မင်း တောင်းတာ ...
ကလေးငယ်။ .။ "" ဘဏ်ညွှန်ကြားရေးမှူးတွေဆိုတာ လစာမြင့်တယ်ဗျ..""
ဒီလိုပါ ဒီလိုပါ
ခြံထဲတွင် ကစားနေသော ကျွန်တော့်မိတ်ဆွေ၏ လေးနှစ်အရွယ်သားငယ်လေးက သူ၏နားထဲသို့ ကျောက်ခဲဝင်သွားကြောင်း ပြောလေရာ
မိတ်ဆွေသည် ထိုကျောက်ခဲကို ပြန်လည်ထုတ်ယူရန် ကလေးအား ဆေးရုံသို့ အပြေးအလွှား ခေါ်သွားရလေသည်။ ဆရာဝန်က ထိုကျောက်ခဲအား ညင်သာချောမွေ့စွာ
ထုတ်ယူပေးလိုက်ရာ "" ဘယ်လိုများ ဒီကျောက်ခဲ နားထဲ ၀င်သွားရတာလဲ "" ဟု ဆရာဝန်က ကလေးကို မေးလိုက်သည်။
"" ဒီလိုပါ "" ဆိုပြီး ကလေးငယ်က ကျောက်ခဲကို သူ၏ နားထဲသို့ ပြန်ပြီး ထိုးသွင်းပြလိုက်သည်။ သူသည် ဒုတိယအကြိမ်မြောက် မေ့ဆေးပေးခံရပြန်တော့သည်။

စာရေးသူကို ဝေဖန်အကြံပြုချက်လေးတွေ ရေးပေးချင်ရင်..

Related Posts Plugin for WordPress, Blogger...